ရေကြီးမှုကြောင့် ကျောက်မီးသွေးတွင်း၌ အိန္ဒိယနိုင်ငံသား ဒါဇင်နဲ့ချီပြီး ပိတ်မိနေ
383
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၇
အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုမှာ အိန္ဒိယနိုင်ငံသား ကျောက်မီးသွေးတူးဖော်ရေးသမား ဒါဇင်နဲ့ချီပြီး ပိတ်မိနေတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။
အာသံပြည်နယ်မှာ ဇန်နဝါရီလ ၆ ရက်က ရေကြီးမှုများဖြစ်လာခဲ့ပြီးနောက် ရေများဟာ ကျောက်မီးသွေးတွင်းထဲ ဝင်ရောက်ခဲ့ရာကျောက်မီးသွေးတွင်းထဲမှာရှိတဲ့ အိန္ဒိယနိုင်ငံသားတွေ ပိတ်မိနေခဲ့တာဖြစ်တယ်လို့ အာသံပြည်နယ် ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အိန္ဒိယရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက "အာသံပြည်နယ် ဒီမာဟာဆာအိုဒေသက ကျောက်မီးသွေးတွင်းထဲရေဝင်ပြီး ကျောက်မီး သွေးတွင်းထဲမှာရှိနေတဲ့ အိန္ဒိယနိုင်ငံသားတွေ ပိတ်မိနေခဲ့တာပါ၊ အဲဒီကျောက်မီးသွေးတွင်းထဲကို အလုပ်သမား အနည်းဆုံး(၂၇)ဦးဝင်ရောက်ခဲ့တယ်။ လက်ရှိအချိန်မှာ ကျောက်မီးသွေးထဲ ပိတ်မိနေတဲ့သူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးပမ်းနေတယ်"လို့ ပြောပါတယ်။
အာသံပြည်နယ်အာဏာပိုင်တွေဟာ ရေကြီးမှုကြောင့် ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူတွေကိုကယ်ထုတ်နိုင်ဖို့ အိန္ဒိယစစ်တပ်နဲ့အတူ ကယ်ဆယ်ရေးအဖွဲ့တွေကိုအကူညီတောင်းထားကြောင်းသိရပါတယ်။ အာသံပြည်နယ်ဝန်ကြီးချုပ်က "ရေကြီးမှုကြောင့်ကျောက်မီးသွေးတွင်းထဲ ပိတ်မိနေသူတွေရှိပါတယ်။ ဒါပေမဲ့ အဲဒီကျောက်မီးသွေးတွင်းထဲမှာလူဘယ်နှစ်ဦး ပိတ်မိနေသလဲဆိုတာကိုအတိအကျမသိဘူး"လို့ ပြောပါတယ်။
zawgyi version
ေရႀကီးမႈေၾကာင့္ ေက်ာက္မီးေသြးတြင္း၌ အိႏၵိယႏိုင္ငံသား ဒါဇင္နဲ႔ခ်ီၿပီး ပိတ္မိေန
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၇
အိႏၵိယႏိုင္ငံ အာသံျပည္နယ္ရွိ ေက်ာက္မီးေသြးတြင္းတစ္ခုမွာ အိႏၵိယႏိုင္ငံသား ေက်ာက္မီးေသြးတူးေဖာ္ေရးသမား ဒါဇင္နဲ႔ခ်ီၿပီး ပိတ္မိေနတယ္လို႔ အိႏၵိယရဲတပ္ဖြဲ႕က ေျပာပါတယ္။
အာသံျပည္နယ္မွာ ဇန္နဝါရီလ ၆ ရက္က ေရႀကီးမႈမ်ားျဖစ္လာခဲ့ၿပီးေနာက္ ေရမ်ားဟာ ေက်ာက္မီးေသြးတြင္းထဲ ဝင္ေရာက္ခဲ့ရာေက်ာက္မီးေသြးတြင္းထဲမွာရွိတဲ့ အိႏၵိယႏိုင္ငံသားေတြ ပိတ္မိေနခဲ့တာျဖစ္တယ္လို႔ အာသံျပည္နယ္ ရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ အိႏၵိယရဲတပ္ဖြဲ႕တာဝန္ရွိသူတစ္ဦးက "အာသံျပည္နယ္ ဒီမာဟာဆာအိုေဒသက ေက်ာက္မီးေသြးတြင္းထဲေရဝင္ၿပီး ေက်ာက္မီး ေသြးတြင္းထဲမွာရွိေနတဲ့ အိႏၵိယႏိုင္ငံသားေတြ ပိတ္မိေနခဲ့တာပါ၊ အဲဒီေက်ာက္မီးေသြးတြင္းထဲကို အလုပ္သမား အနည္းဆုံး(၂၇)ဦးဝင္ေရာက္ခဲ့တယ္။ လက္ရွိအခ်ိန္မွာ ေက်ာက္မီးေသြးထဲ ပိတ္မိေနတဲ့သူေတြကို ကယ္ထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္"လို႔ ေျပာပါတယ္။
အာသံျပည္နယ္အာဏာပိုင္ေတြဟာ ေရႀကီးမႈေၾကာင့္ ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသူေတြကိုကယ္ထုတ္ႏိုင္ဖို႔ အိႏၵိယစစ္တပ္နဲ႔အတူ ကယ္ဆယ္ေရးအဖြဲ႕ေတြကိုအကူညီေတာင္းထားေၾကာင္းသိရပါတယ္။ အာသံျပည္နယ္ဝန္ႀကီးခ်ဳပ္က "ေရႀကီးမႈေၾကာင့္ေက်ာက္မီးေသြးတြင္းထဲ ပိတ္မိေနသူေတြရွိပါတယ္။ ဒါေပမဲ့ အဲဒီေက်ာက္မီးေသြးတြင္းထဲမွာလူဘယ္ႏွစ္ဦး ပိတ္မိေနသလဲဆိုတာကိုအတိအက်မသိဘူး"လို႔ ေျပာပါတယ္။