ကိုယ်စားလှယ်တွေအသုံးပြုပြီး တရုတ်သမ္မတနဲ့ဆွေးနွေးခဲ့ဟု အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရမ့် ပြော
386
ဂျန်ဇက် (NP News) - ဇန်နဝါရီ ၇
အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်က ၎င်းဟာ ကိုယ်စားလှယ်တွေအသုံးပြုပြီး တရုတ်သမ္မတရှီကျင့်ဖျင့်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒေါ်နယ်ထရမ့်က " ကျွန်တော်တို့ နှစ်ဦးဆွေးနွေးခဲ့တယ်။ ကိုယ်စားလှယ်တွေ အသုံးပြုပြီး ဆွေးနွေးခဲ့တာမျိုးပါ။ ကျွန်တော်အမြင်တော့ နှစ်နိုင်ငံကြား ကောင်းမွန်တဲ့ ပေါင်းသင်းတဲ့ ဆက်ဆံရေးမျိုး ရှိလာနိုင်ပါတယ်။ ဒါပေမယ့် လမ်းကြောင်းကိုတော့ နှစ်ခု ပုံစံမျိုး သွားလို့မရဘူး။ တရုတ်နိုင်ငံဟာ အမေရိကန်နိုင်ငံရဲ့စီးပွားရေး ထိခိုက်အောင်လုပ်ဆောင်နေဆဲဖြစ်တယ်" လို့ ပြောပါတယ်။
ဒေါ်နယ်ထရမ့်ဟာ ဇန်နဝါရီလ ၂ဝ ရက်မှာ အမေရိကန်သမ္မတအအသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး တရုတ်သမ္မတကို တက်ရောက်ဖို့ ဖိတ်ခေါ်ထားပါတယ်။ဒါပေမယ့် တရုတ်သမ္မတရှီကျင့်ဖျင့်ဟာ ဒေါ်နယ်ထရမ့်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်ဖို့အလားအလာနည်းနေတယ်လို့ ဆိုပါတယ်။ ဒေါ်နယ်ထရမ့်ဟာ သမ္မတအဖြစ် ကျမ်းသစ္စာမကျိန်ဆိုခင်တည်းက ၎င်းဦးဆောင်တဲ့အစိုးရအဖွဲ့မှာ ပါဝင်မယ့်သူတွေကို ဝန်ကြီးတွေအဖြစ် ခန့်အပ်ထားပြီး ဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က ၎င်းဟာ အမေရိကန်နိုင်ငံထုတ်ပစ္စည်းတွေကို မှောင်ခိုကုန်ကူး ထုတ်လုပ်တာတွေ မရပ်ဘူးဆိုရင် တရုတ်ကုန်စည်တွေကို အခွန် ၁ဝ ရာခိုင်နှုန်း ကောက်ခံမှာဖြစ်တယ်လို့ ပြောထားပါတယ်။
ဒါပေမယ့် ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံရဲ့ကုန်စည်တွေကို လိုအပ်မယ်ဆိုရင် အခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့လည်း ခြိမ်းခြောက်ခဲ့ဖူးပါတယ်။ ဒေါ်နယ်ထရမ့် အမေရိကန်သမ္မတအဖြစ် ပထမအကြိမ် တာဝန်ယူချိန်တုန်းက တရုတ်ကုန်စည်တွေကို အခွန်တိုးကောက်ပြီး တရုတ်နိုင်ငံအပေါ် ကုန်သွယ်ရေးစစ်ပွဲပြုလုပ်ခဲ့ရာ နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ဖူးပါတယ်။
Zawgyi Version;
ကိုယ္စားလွယ္ေတြအသုံးျပဳၿပီး တ႐ုတ္သမၼတနဲ႔ေဆြးေႏြးခဲ့ဟု အေမရိကန္ေ႐ြးေကာက္ခံသမၼတေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - ဇန္နဝါရီ ၇
အေမရိကန္ေ႐ြးေကာက္ခံသမၼတ ေဒၚနယ္ထရမ့္က ၎ဟာ ကိုယ္စားလွယ္ေတြအသုံးျပဳၿပီး တ႐ုတ္သမၼတရွီက်င့္ဖ်င့္နဲ႔ ေဆြးေႏြးခဲ့ၿပီးျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။ ေဒၚနယ္ထရမ့္က " ကြၽန္ေတာ္တို႔ ႏွစ္ဦးေဆြးေႏြးခဲ့တယ္။ ကိုယ္စားလွယ္ေတြ အသုံးျပဳၿပီး ေဆြးေႏြးခဲ့တာမ်ိဳးပါ။ ကြၽန္ေတာ္အျမင္ေတာ့ ႏွစ္ႏိုင္ငံၾကား ေကာင္းမြန္တဲ့ ေပါင္းသင္းတဲ့ ဆက္ဆံေရးမ်ိဳး ရွိလာႏိုင္ပါတယ္။ ဒါေပမယ့္ လမ္းေၾကာင္းကိုေတာ့ ႏွစ္ခု ပုံစံမ်ိဳး သြားလို႔မရဘူး။ တ႐ုတ္ႏိုင္ငံဟာ အေမရိကန္ႏိုင္ငံရဲ႕စီးပြားေရး ထိခိုက္ေအာင္လုပ္ေဆာင္ေနဆဲျဖစ္တယ္" လို႔ ေျပာပါတယ္။
ေဒၚနယ္ထရမ့္ဟာ ဇန္နဝါရီလ ၂ဝ ရက္မွာ အေမရိကန္သမၼတအအသစ္အျဖစ္ က်မ္းသစၥာက်ိန္ဆိုမွာျဖစ္ၿပီး တ႐ုတ္သမၼတကို တက္ေရာက္ဖို႔ ဖိတ္ေခၚထားပါတယ္။ဒါေပမယ့္ တ႐ုတ္သမၼတရွီက်င့္ဖ်င့္ဟာ ေဒၚနယ္ထရမ့္ရဲ႕ က်မ္းသစၥာက်ိန္ဆိုပြဲကို တက္ေရာက္ဖို႔အလားအလာနည္းေနတယ္လို႔ ဆိုပါတယ္။ ေဒၚနယ္ထရမ့္ဟာ သမၼတအျဖစ္ က်မ္းသစၥာမက်ိန္ဆိုခင္တည္းက ၎ဦးေဆာင္တဲ့အစိုးရအဖြဲ႕မွာ ပါဝင္မယ့္သူေတြကို ဝန္ႀကီးေတြအျဖစ္ ခန႔္အပ္ထားၿပီး ျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က ၎ဟာ အေမရိကန္ႏိုင္ငံထုတ္ပစၥည္းေတြကို ေမွာင္ခိုကုန္ကူး ထုတ္လုပ္တာေတြ မရပ္ဘူးဆိုရင္ တ႐ုတ္ကုန္စည္ေတြကို အခြန္ ၁ဝ ရာခိုင္ႏႈန္း ေကာက္ခံမွာျဖစ္တယ္လို႔ ေျပာထားပါတယ္။
ဒါေပမယ့္ ေဒၚနယ္ထရမ့္က တ႐ုတ္ႏိုင္ငံရဲ႕ကုန္စည္ေတြကို လိုအပ္မယ္ဆိုရင္ အခြန္ ၆၀ ရာခိုင္ႏႈန္းအထိ ေကာက္ခံမယ္လို႔လည္း ၿခိမ္းေျခာက္ခဲ့ဖူးပါတယ္။ ေဒၚနယ္ထရမ့္ အေမရိကန္သမၼတအျဖစ္ ပထမအႀကိမ္ တာဝန္ယူခ်ိန္တုန္းက တ႐ုတ္ကုန္စည္ေတြကို အခြန္တိုးေကာက္ၿပီး တ႐ုတ္ႏိုင္ငံအေပၚ ကုန္သြယ္ေရးစစ္ပြဲျပဳလုပ္ခဲ့ရာ ႏွစ္ႏိုင္ငံၾကား တင္းမာမႈေတြ ျမင့္တက္ခဲ့ဖူးပါတယ္။