တိဗက်ဒေသမှာ ပြင်းအား(၆ ဒသမ ၈) မဂ္ဂနီကျုအဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပြီး လူ(၁၀၀)နီးပါး သေဆုံး
361
Pika (NP News) - ဇန်နဝါရီ ၇
တရုတ်နိုင်ငံ တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဇန်နဝါရီလ(၇)ရက်က ပြင်းအား(၆ဒသမ၈)မဂ္ဂနီကျုအဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် အနည်းဆုံးလူ(၉၅)ဦးသေဆုံးခဲ့ပြီး အခြားလူရာချီထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီငလျင်ဟာ တင်ဂရီကောင်တီ မြေအောက်အနက်(၁၀)ကီလိုမီတာမှာ ဗဟိုပြုပြီး နံနက်(၉) နာရီ(၅)မိနစ်အချိန်မှာ လှုပ်ခတ်သွားခဲ့တာဖြစ်တယ်လို့ တရုတ်ငလျင်စင်တာက ပြောကြားခဲ့ပါတယ်။
အမေရိကန်ဘူမိဗေဒဌာနကတော့ အဲဒီငလျင်ဟာ ပြင်းအား(၇ ဒသမ ၁) မဂ္ဂနီကျုအဆင့်ရှိတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိဗက်ဒေသဘက်ခြမ်းမှာတော့ အနည်းဆုံးလူ(၉၅)ဦး သေဆုံးပြီး အခြားလူ(၁၃၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့်လည်း အခြားနေရာတွေဘက်က လူအသေအပျောက်နဲ့ပတ်သက်ပြီး အစီရင်ခံတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။
တရုတ်နိုင်ငံ အနောက်တောင်ပိုင်းအစိတ်အပိုင်းတွေ၊ နီပေါနိုင်ငံ နဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်းတို့မှာ ငလျင်လှုပ်ခတ်မှုဒဏ်ကို အနည်းငယ်ခံစားခဲ့ရတယ်လို့လည်း သိရပါတယ်။ အဲဒီငလျင်ဗဟိုချက်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ဖြစ်သလို တောင်တက်သမားတွေအတွက် စိန်ခေါ်မှုနေရာတစ်ခုဖြစ်တဲ့ ဧဝရတ်တောင်ရဲ့မြောက်ဘက်(၈၀)ကီလိုမီတာဝန်းကျင်မှာ တည်ရှိခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
Zawgyi Version;
တိဗက္ေဒသမွာ ျပင္းအား(၆ ဒသမ ၈) မဂၢနီက်ဳအဆင့္ရွိ ငလ်င္လႈပ္ခတ္ခဲ့ၿပီး လူ(၁၀၀)နီးပါး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၇
တ႐ုတ္ႏိုင္ငံ တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ဇန္နဝါရီလ(၇)ရက္က ျပင္းအား(၆ဒသမ၈)မဂၢနီက်ဳအဆင့္ရွိ ငလ်င္တစ္ခုလႈပ္ခတ္ခဲ့ၿပီးေနာက္ အနည္းဆုံးလူ(၉၅)ဦးေသဆုံးခဲ့ၿပီး အျခားလူရာခ်ီထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ သိရပါတယ္။
အဲဒီငလ်င္ဟာ တင္ဂရီေကာင္တီ ေျမေအာက္အနက္(၁၀)ကီလိုမီတာမွာ ဗဟိုျပဳၿပီး နံနက္(၉) နာရီ(၅)မိနစ္အခ်ိန္မွာ လႈပ္ခတ္သြားခဲ့တာျဖစ္တယ္လို႔ တ႐ုတ္ငလ်င္စင္တာက ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ဘူမိေဗဒဌာနကေတာ့ အဲဒီငလ်င္ဟာ ျပင္းအား(၇ ဒသမ ၁) မဂၢနီက်ဳအဆင့္ရွိတယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ တိဗက္ေဒသဘက္ျခမ္းမွာေတာ့ အနည္းဆုံးလူ(၉၅)ဦး ေသဆုံးၿပီး အျခားလူ(၁၃၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ သတင္းထုတ္ျပန္ထားေပမယ့္လည္း အျခားေနရာေတြဘက္က လူအေသအေပ်ာက္နဲ႔ပတ္သက္ၿပီး အစီရင္ခံတာမ်ိဳး မရွိေသးဘူးလို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းအစိတ္အပိုင္းေတြ၊ နီေပါႏိုင္ငံ နဲ႔ အိႏၵိယႏိုင္ငံေျမာက္ပိုင္းတို႔မွာ ငလ်င္လႈပ္ခတ္မႈဒဏ္ကို အနည္းငယ္ခံစားခဲ့ရတယ္လို႔လည္း သိရပါတယ္။ အဲဒီငလ်င္ဗဟိုခ်က္ဟာ ကမာၻ႔အျမင့္ဆုံးေတာင္ျဖစ္သလို ေတာင္တက္သမားေတြအတြက္ စိန္ေခၚမႈေနရာတစ္ခုျဖစ္တဲ့ ဧဝရတ္ေတာင္ရဲ႕ေျမာက္ဘက္(၈၀)ကီလိုမီတာဝန္းက်င္မွာ တည္ရွိခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။