အသံထက်မြန်တဲ့ဒုံးကျည်စနစ်အသစ်က ပစိဖိတ်ရန်ဘက်တွေကို ဟန့်တားနိုင်လိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ပြော

 415

Pika (NP News) - ဇန်နဝါရီ ၇

ဇန်နဝါရီလ(၆)ရက်က လုပ်ဆောင်ခဲ့တဲ့ ဒုံးကျည်စမ်းသပ်မှုအတွင်း အသုံးပြုခဲ့တဲ့ အသံထက်မြန်တဲ့ဒုံးကျည်စနစ်အသစ်ဟာ ပစိဖိတ်ဒေသမှာရှိတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ရန်သူတွေကို ဟန့်တားရာမှာ အကူအညီဖြစ်စေလိမ့်မယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ရေးသားဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်း က "ဒီအသံထက်မြန်တဲ့ဒုံးကျည်စနစ်အသစ်ဟာ ကျွန်တော်တို့နိုင်ငံရဲ့လုံခြုံရေးအပေါ်သက်ရောက်မှုရှိလာနိုင်တဲ့ ပစိဖိတ်ဒေသက ဘယ်လိုရန်သူတွေကိုမဆို ဟန့်တားမှုတွေ လုပ်ဆောင်နိုင်ပါစေလိမ့်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်မှုတွေ လုပ်ဆောင်မှုနဲ့အတူ မြောက်ကိုရီးယားရဲ့ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ အဲဒီဒုံးကျည်ဟာ အကွာအဝေး(၉၃၀)မိုင်လောက်ပျံသန်းခဲ့ပြီး အသံရဲ့အမြန်နှုန်းထက်(၁၂)ဆ ပိုမြန်တဲ့အမြန်နှုန်းနဲ့ သွားလာခဲ့ပြီး ရေထဲကိုထိုးကျသွားခဲ့တယ်လို့ ကင်ဂျုံအန်းကပြောကြားခဲ့ပါတယ်။ဒါ့ပြင် အဲ့ဒီစမ်းသပ်ပစ်လွှတ်မှုကို ကင်ဂျုံအန်းကိုယ်တိုင်ကြီးကြပ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ကင်ဂျုံအန်း က "ဒါက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့အတွက် အစီအစဉ်နဲ့ ကြိုးပမ်းအားထုတ်မှုတစ်ခုဖြစ်ပြီး ထိုးစစ်ဆင်ဖို့လုပ်ရပ်တစ်ခု မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းသိသာပါတယ်” လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version;
အသံထက္ျမန္တဲ့ဒုံးက်ည္စနစ္အသစ္က ပစိဖိတ္ရန္ဘက္ေတြကို ဟန္႔တားႏိုင္လိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ေျပာ
Pika (NP News) - ဇန္နဝါရီ ၇

ဇန္နဝါရီလ(၆)ရက္က လုပ္ေဆာင္ခဲ့တဲ့ ဒုံးက်ည္စမ္းသပ္မႈအတြင္း အသုံးျပဳခဲ့တဲ့ အသံထက္ျမန္တဲ့ဒုံးက်ည္စနစ္အသစ္ဟာ ပစိဖိတ္ေဒသမွာရွိတဲ့ ေျမာက္ကိုရီးယားႏိုင္ငံရဲ႕ရန္သူေတြကို ဟန္႔တားရာမွာ အကူအညီျဖစ္ေစလိမ့္မယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းက ေျပာၾကားခဲ့တယ္လို႔ ႏိုင္ငံပိုင္သတင္းေအဂ်င္စီ KCNA က ေရးသားေဖာ္ျပခဲ့ပါတယ္။

ကင္ဂ်ဳံအန္း က "ဒီအသံထက္ျမန္တဲ့ဒုံးက်ည္စနစ္အသစ္ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕လုံၿခဳံေရးအေပၚသက္ေရာက္မႈရွိလာႏိုင္တဲ့ ပစိဖိတ္ေဒသက ဘယ္လိုရန္သူေတြကိုမဆို ဟန္႔တားမႈေတြ လုပ္ေဆာင္ႏိုင္ပါေစလိမ့္မယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလင္ကန္ဟာ ေတာင္ကိုရီးယားႏိုင္ငံကို သြားေရာက္လည္ပတ္မႈေတြ လုပ္ေဆာင္မႈနဲ႔အတူ ေျမာက္ကိုရီးယားရဲ႕ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ အဲဒီဒုံးက်ည္ဟာ အကြာအေဝး(၉၃၀)မိုင္ေလာက္ပ်ံသန္းခဲ့ၿပီး အသံရဲ႕အျမန္ႏႈန္းထက္(၁၂)ဆ ပိုျမန္တဲ့အျမန္ႏႈန္းနဲ႔ သြားလာခဲ့ၿပီး ေရထဲကိုထိုးက်သြားခဲ့တယ္လို႔ ကင္ဂ်ဳံအန္းကေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အဲ့ဒီစမ္းသပ္ပစ္လႊတ္မႈကို ကင္ဂ်ဳံအန္းကိုယ္တိုင္ႀကီးၾကပ္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ကင္ဂ်ဳံအန္း က "ဒါက ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ဖို႔အတြက္ အစီအစဥ္နဲ႔ ႀကိဳးပမ္းအားထုတ္မႈတစ္ခုျဖစ္ၿပီး ထိုးစစ္ဆင္ဖို႔လုပ္ရပ္တစ္ခု မဟုတ္ဘူးဆိုတာ ရွင္းရွင္းလင္းလင္းသိသာပါတယ္” လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.