တောင်ကိုရီးယားသမ္မတယွန်ဆက်ယိုလ် ဖမ်းဆီးထိန်းသိမ်းခံရ
906
Pika (NP News) ဇန်နဝါရီ ၁၆
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးဥပဒေပြဠာန်းမှုနဲ့ပတ်သက်ပြီး တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုလ် ကို ပုန်ကန်မှုမှာဦးဆောင်မှုစွဲချက်တွေနဲ့အတူ စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်ဖို့ တောင်ကိုရီးယားအာဏာပိုင် တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ ယွန်ဆက်ယိုလ်ကို ဖမ်းဆီးဖို့အတွက် ဖမ်းဝရမ်းကို ဇန်နဝါရီလ (၁၅)ရက် နံနက်(၁၀)နာရီ ၃ဝ မိနစ်အချိန်မှာ ထုတ်ပြန်ခဲ့တယ်လို့ အကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေး အဆင့်မြင့်အရာရှိများရုံး (CIO)ကို ကိုးကားပြီး Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့ပါတယ်။
ယွန်ဆက်ယိုလ်က “စုံစမ်းစစ်ဆေးမှုက တရားမဝင်ဘူးလို့ ကျွန်တော်ယုံကြည်ထားပေမယ့်လည်း ကံဆိုးပြီး ကြမ်းတမ်းတဲ့အဖြစ်အပျက်ကို တားဆီးဖို့အတွက် CIO ရှေ့မှာ ထွက်ပေါ်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုက လုံးဝပျက်ပြားသွားပါပြီ” လို့ ပြောခဲ့ပါတယ်။
ယွန်ဆက်ယိုလ်ဟာ ဆိုးလ်မြို့လယ်မှာရှိတဲ့ ၎င်းရဲ့နေအိမ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုမက်ဆေ့ချ်ကနေတစ်ဆင့် ယခုလိုပြောကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ(၃)ရက်မှာ ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပရေးဥပဒေကို ပြဠာန်းခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ယွန်ဆက်ယိုလ်ဟာ စစ်အုပ်ချုပ်ရေးဥပဒေပြဠာန်းမှုကို နာရီပိုင်းအကြာမှာပဲ ပြန်လည်ရုတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၁၄)ရက်မှာ ယွန်ဆက်ယိုလ်ဟာ လွှတ်တော်အတွင်း စွပ်စွဲပြစ်တင်မှုတွေကို ခံခဲ့ရတယ်လို့ လည်း သိရပါတယ်။ ဒါ့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးဟာ ရက်ပေါင်း(၁၈၀)အတွင်း ယွန်ဆက်ယိုလ်ကို ရာထူးကနေ အပြီးပိုင်ဖယ်ရှားမှု လုပ်သင့်/မလုပ်သင့် ဆိုတဲ့အချက်ကို စဉ်းစားဆုံးဖြတ်နေတယ်လို့လည်း သိရပါတယ်။
Zawgyi Version;
ေတာင္ကိုရီးယားသမၼတယြန္ဆက္ယိုလ္ ဖမ္းဆီးထိန္းသိမ္းခံရ
Pika (NP News) ဇန္နဝါရီ ၁၆
ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက စစ္အုပ္ခ်ဳပ္ေရးဥပေဒျပဠာန္းမႈနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားသမၼတ ယြန္ဆက္ယိုလ္ ကို ပုန္ကန္မႈမွာဦးေဆာင္မႈစြဲခ်က္ေတြနဲ႔အတူ စစ္ေဆးေမးျမန္းမႈေတြ လုပ္ေဆာင္ဖို႔ ေတာင္ကိုရီးယားအာဏာပိုင္ ေတြက ဖမ္းဆီးထိန္းသိမ္းခဲ့တယ္လို႔ သိရပါတယ္။ ယြန္ဆက္ယိုလ္ကို ဖမ္းဆီးဖို႔အတြက္ ဖမ္းဝရမ္းကို ဇန္နဝါရီလ (၁၅)ရက္ နံနက္(၁၀)နာရီ ၃ဝ မိနစ္အခ်ိန္မွာ ထုတ္ျပန္ခဲ့တယ္လို႔ အက်င့္ပ်က္ျခစားမႈ စုံစမ္းစစ္ေဆးေရး အဆင့္ျမင့္အရာရွိမ်ား႐ုံး (CIO)ကို ကိုးကားၿပီး Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့ပါတယ္။
ယြန္ဆက္ယိုလ္က “စုံစမ္းစစ္ေဆးမႈက တရားမဝင္ဘူးလို႔ ကြၽန္ေတာ္ယုံၾကည္ထားေပမယ့္လည္း ကံဆိုးၿပီး ၾကမ္းတမ္းတဲ့အျဖစ္အပ်က္ကို တားဆီးဖို႔အတြက္ CIO ေရွ႕မွာ ထြက္ေပၚလာဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ ဒီႏိုင္ငံမွာ တရားဥပေဒစိုးမိုးမႈက လုံးဝပ်က္ျပားသြားပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ယြန္ဆက္ယိုလ္ဟာ ဆိုးလ္ၿမိဳ႕လယ္မွာရွိတဲ့ ၎ရဲ႕ေနအိမ္မွာ ႐ိုက္ကူးထားတဲ့ ဗီဒီယိုမက္ေဆ့ခ်္ကေနတစ္ဆင့္ ယခုလိုေျပာၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ(၃)ရက္မွာ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပေရးဥပေဒကို ျပဠာန္းခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါေပမယ့္လည္း လႊတ္ေတာ္မွာ မဲခြဲ ဆုံးျဖတ္မႈေတြ လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယြန္ဆက္ယိုလ္ဟာ စစ္အုပ္ခ်ဳပ္ေရးဥပေဒျပဠာန္းမႈကို နာရီပိုင္းအၾကာမွာပဲ ျပန္လည္႐ုတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလ(၁၄)ရက္မွာ ယြန္ဆက္ယိုလ္ဟာ လႊတ္ေတာ္အတြင္း စြပ္စြဲျပစ္တင္မႈေတြကို ခံခဲ့ရတယ္လို႔ လည္း သိရပါတယ္။ ဒါ့ျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒတရား႐ုံးဟာ ရက္ေပါင္း(၁၈၀)အတြင္း ယြန္ဆက္ယိုလ္ကို ရာထူးကေန အၿပီးပိုင္ဖယ္ရွားမႈ လုပ္သင့္/မလုပ္သင့္ ဆိုတဲ့အခ်က္ကို စဥ္းစားဆုံးျဖတ္ေနတယ္လို႔လည္း သိရပါတယ္။