စင်ကာပူနိုင်ငံ၊ Batam မွေးမြူရေးခြံမှ မိကျောင်းများ လွတ်မြောက်နေ

 80

ရောင်နီ (NP News) - ဇန်နဝါရီ ၂ဝ

စင်ကာပူ အမျိုးသား ဥယျာဉ်ဘုတ်အဖွဲ့ (NParks) ဟာ ဇန်နဝါရီ ၁၃ ရက်က Batam မွေးမြူရေးခြံမှ ထွက်ပြေး လွတ်မြောက်သွားတဲ့ မိကျောင်းတွေကို လှောင်အိမ်ထဲ ပြန်သွင်းဖို့ ကြိုးပမ်းနေပါတယ်။
သုံးရက်တာ မိုးရွာသွန်းမှုကြောင့် မွေးမြူရေးကန် တစ်ဝိုက်၊ ခြံစည်းရိုး အစိတ်အပိုင်းတွေ ပြိုကျခဲ့ချိန်မှာ မိကျောင်း တွေ ထွက်ပြေးလွတ်မြောက်သွားတာဖြစ်တယ်လို့ အင်ဒိုနီးရှားမီဒီယာတွေရဲ့ဖော်ပြချက်အရ သိရပါတယ်။ မိကျောင်းခြံဟာ အပန်းဖြေ ကမ်းလွန်ပင်လယ်ပြင် ဆန်တိုဆာကျွန်းမှ ကီလိုမီတာ ၃၀ ခန့်အကွာမှာ တည်ရှိတာ ဖြစ်ပါတယ်။ ဒီအတွက် NParks အဖွဲ့မှ တောရိုင်းတိရစ္ဆာန်များ စီမံခန့်ခွဲရေး ဒါရိုက်တာ ဟောချွန်ဘန် က အများပြည်သူများအနေနဲ့ မိကျောင်းကိုတွေ့တာနဲ့ တရားရေးဘုတ်အဖွဲ့ဆီ တိုင်ကြားဖို့ ဇန်နဝါရီ ၁၈ ရက်က ပြောကြားခဲ့ပါတယ်။
မိကျောင်း ဘယ်နှကောင် လွတ်မြောက်ခဲ့တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် လက်ရှိအချိန်အထိ တော့ ၂၃ ကောင်ထက်မနည်း ဖမ်းမိထားတယ်လို့ ဆိုပါတယ်။ မိချောင်းတွေဟာ ရေငန်မိကျောင်းတွေလို့ သိရပါတယ်။

Zawgyi Version;
စင္ကာပူႏိုင္ငံ၊ Batam ေမြးျမဴေရးၿခံမွ မိေက်ာင္းမ်ား လြတ္ေျမာက္ေန
ေရာင္နီ (NP News) - ဇန္နဝါရီ ၂ဝ

စင္ကာပူ အမ်ိဳးသား ဥယ်ာဥ္ဘုတ္အဖြဲ႕ (NParks) ဟာ ဇန္နဝါရီ ၁၃ ရက္က Batam ေမြးျမဴေရးၿခံမွ ထြက္ေျပး လြတ္ေျမာက္သြားတဲ့ မိေက်ာင္းေတြကို ေလွာင္အိမ္ထဲ ျပန္သြင္းဖို႔ ႀကိဳးပမ္းေနပါတယ္။
သုံးရက္တာ မိုး႐ြာသြန္းမႈေၾကာင့္ ေမြးျမဴေရးကန္ တစ္ဝိုက္၊ ၿခံစည္း႐ိုး အစိတ္အပိုင္းေတြ ၿပိဳက်ခဲ့ခ်ိန္မွာ မိေက်ာင္း ေတြ ထြက္ေျပးလြတ္ေျမာက္သြားတာျဖစ္တယ္လို႔ အင္ဒိုနီးရွားမီဒီယာေတြရဲ႕ေဖာ္ျပခ်က္အရ သိရပါတယ္။ မိေက်ာင္းၿခံဟာ အပန္းေျဖ ကမ္းလြန္ပင္လယ္ျပင္ ဆန္တိုဆာကြၽန္းမွ ကီလိုမီတာ ၃၀ ခန႔္အကြာမွာ တည္ရွိတာ ျဖစ္ပါတယ္။ ဒီအတြက္ NParks အဖြဲ႕မွ ေတာ႐ိုင္းတိရစာၦန္မ်ား စီမံခန႔္ခြဲေရး ဒါ႐ိုက္တာ ေဟာခြၽန္ဘန္ က အမ်ားျပည္သူမ်ားအေနနဲ႔ မိေက်ာင္းကိုေတြ႕တာနဲ႔ တရားေရးဘုတ္အဖြဲ႕ဆီ တိုင္ၾကားဖို႔ ဇန္နဝါရီ ၁၈ ရက္က ေျပာၾကားခဲ့ပါတယ္။
မိေက်ာင္း ဘယ္ႏွေကာင္ လြတ္ေျမာက္ခဲ့တယ္ဆိုတာ ရွင္းရွင္းလင္းလင္း မသိရေသးေပမယ့္ လက္ရွိအခ်ိန္အထိ ေတာ့ ၂၃ ေကာင္ထက္မနည္း ဖမ္းမိထားတယ္လို႔ ဆိုပါတယ္။ မိေခ်ာင္းေတြဟာ ေရငန္မိေက်ာင္းေတြလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.