တရုတ်နိုင်ငံရဲ့ပထမဆုံးသော ကော်ဂီရဲခွေး ဖုဇိုင် အလုပ်မှာအိပ်နေပြီး၊ ဘေစင်မှာ ဆီးသွားခြင်းကြောင့် နှစ်ကုန်ဘောနပ်ရုတ်သိမ်းခံရ

394

ရောင်နီ (NP News) - ဇန်နဝါရီ ၂၈
တရုတ်နိုင်ငံရဲ့ ပထမဆုံး ကော်ဂျီရဲခွေးလေး ဖုဇိုင်ဟာ အလုပ်မှာ အိပ်နေပြီး ဘေစင်မှာ ဆီးသွားခဲ့မှုကြောင့် နှစ်ကုန် ဘောနပ်စ် ရုတ်သိမ်းခံရပါတယ်။
ဇန်နဝါရီ ၁၉ ရက်က တရုတ် Tik Tok version Douyin မှာ တက်ထားတဲ့ ဗွီဒီယိုအရ သူ့ရဲ့လုပ်ငန်းခွင် သုံးသပ်ချက် မှာ ဖုဇိုင်ဟာ ရဲအရာရှိတစ်ယောက်နဲ့ စားပွဲတစ်ဖက် တချက်မှာ ထိုင်နေပြီး ရဲအရာရှိက "ဒါဟာ နှစ်ကောင်းတစ်နှစ် ဖြစ်ခဲ့တယ်။ အဆင့် ၄ အကဲဖြတ်မှုကို အောင်မြင်ရုံသာမက လုံခြုံရေး တာဝန်များစွာကိုလည်း အောင်အောင် မြင်မြင်ပြီးမြောက်ခဲ့ပါတယ်” လို့ဆိုကာ ပန်းစည်း၊ စည်သွပ်ဘူးနဲ့ ကစားစရာတွေ ပေးအပ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုဟာ လိုက်ခ် ၁၀,၀၀၀ ၊ မှတ်ချက် ၅၀၀ ကျော်ထိ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဖုဇိုင်ဟာ အလုပ်ထဲမှာ အိပ်ပြီး ဘေစင်မှာ ဆီး သွားခဲ့တယ်ဆိုတဲ့အမှုတွေကို ပြောကြားပြီးနောက် ရဲအရာရှိက နောက်ဆုံးဆုနှစ်ခုကို ရုတ်သိမ်း လိုက်ပါတယ်။ အဆိုပါ ဗီဒီယိုအောက် comment တွေမှာ "ဖုဇိုင်ကို အရုပ်နဲ့ စားစရာတွေ ပြန်ပေးလိုက်ပါ" "မပေးရင် ဒီကပို့လိုက်မှာနော်" ဆိုတဲ့ မှတ်ချက်တွေ အမြောက်အများ တွေ့ရပါတယ်။
ဇန်နဝါရီလ ၂၂ ရက်ထုတ်ပြန်တဲ့ နောက်ဆက်တွဲဗီဒီယိုတစ်ခုမှာ ဖုဇိုင်ဟာ အိမ်မွေးတိရစ္ဆာန်နဲ့ လိုက်ဖက်တဲ့ တရုတ် အစားအစာ Buddha Jumps Over the Wall၊ Pacific herring ငါး၊ ရွှေဖရုံသီးဟင်းချို၊ ယုန်ကဲ့သို့သော လက်ဆောင်များစွာကို ရရှိထားပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားကာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။
ဖုဇိုင်ဟာ ၂၀၂၃ ခုနှစ် သြဂုတ်လက မွေးဖွားခဲ့ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှာ ရှန်ဒေါင် ပြည်နယ်၊ ဝေဖုန်ရှိ၊ အရန် ဖောက်ခွဲရေးပစ္စည်း ရှာဖွေရေးလုပ်ငန်းမှာ ရဲခွေးအဖြစ် အဖွဲ့ဝင်ခဲ့ပါတယ်။ သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေ၊ သန်မာ တဲ့ခြေထောက်လေးတွေနဲ့ ထူးခြားတဲ့ ကျွမ်းကျင်မှုတွေကြောင့် အရည်အချင်းပြည့်မီတဲ့ ရဲခွေးဖြစ်လာခဲ့ပါတယ်။

Zawgyi Version:
တ႐ုတ္ႏိုင္ငံရဲ႕ပထမဆုံးေသာ ေကာ္ဂီရဲေခြး ဖုဇိုင္ အလုပ္မွာအိပ္ေနၿပီး၊ ေဘစင္မွာ ဆီးသြားျခင္းေၾကာင့္ ႏွစ္ကုန္ ေဘာနပ္႐ုတ္သိမ္းခံရ
ေရာင္နီ (NP News) - ဇန္နဝါရီ ၂၈
တ႐ုတ္ႏိုင္ငံရဲ႕ ပထမဆုံး ေကာ္ဂ်ီရဲေခြးေလး ဖုဇိုင္ဟာ အလုပ္မွာ အိပ္ေနၿပီး ေဘစင္မွာ ဆီးသြားခဲ့မႈေၾကာင့္ ႏွစ္ကုန္ ေဘာနပ္စ္ ႐ုတ္သိမ္းခံရပါတယ္။
ဇန္နဝါရီ ၁၉ ရက္က တ႐ုတ္ Tik Tok version Douyin မွာ တက္ထားတဲ့ ဗြီဒီယိုအရ သူ႔ရဲ႕လုပ္ငန္းခြင္ သုံးသပ္ခ်က္ မွာ ဖုဇိုင္ဟာ ရဲအရာရွိတစ္ေယာက္နဲ႔ စားပြဲတစ္ဖက္ တခ်က္မွာ ထိုင္ေနၿပီး ရဲအရာရွိက "ဒါဟာ ႏွစ္ေကာင္းတစ္ႏွစ္ ျဖစ္ခဲ့တယ္။ အဆင့္ ၄ အကဲျဖတ္မႈကို ေအာင္ျမင္႐ုံသာမက လုံၿခဳံေရး တာဝန္မ်ားစြာကိုလည္း ေအာင္ေအာင္ ျမင္ျမင္ၿပီးေျမာက္ခဲ့ပါတယ္” လို႔ဆိုကာ ပန္းစည္း၊ စည္သြပ္ဘူးနဲ႔ ကစားစရာေတြ ေပးအပ္ခဲ့တာ ေတြ႕ရပါတယ္။ အဲဒီဗီဒီယိုဟာ လိုက္ခ္ ၁၀,၀၀၀ ၊ မွတ္ခ်က္ ၅၀၀ ေက်ာ္ထိ ရရွိခဲ့ပါတယ္။ ဒါေပမယ့္ ဖုဇိုင္ဟာ အလုပ္ထဲမွာ အိပ္ၿပီး ေဘစင္မွာ ဆီး သြားခဲ့တယ္ဆိုတဲ့အမႈေတြကို ေျပာၾကားၿပီးေနာက္ ရဲအရာရွိက ေနာက္ဆုံးဆုႏွစ္ခုကို ႐ုတ္သိမ္း လိုက္ပါတယ္။ အဆိုပါ ဗီဒီယိုေအာက္ comment ေတြမွာ "ဖုဇိုင္ကို အ႐ုပ္နဲ႔ စားစရာေတြ ျပန္ေပးလိုက္ပါ" "မေပးရင္ ဒီကပို႔လိုက္မွာေနာ္" ဆိုတဲ့ မွတ္ခ်က္ေတြ အေျမာက္အမ်ား ေတြ႕ရပါတယ္။
ဇန္နဝါရီလ ၂၂ ရက္ထုတ္ျပန္တဲ့ ေနာက္ဆက္တြဲဗီဒီယိုတစ္ခုမွာ ဖုဇိုင္ဟာ အိမ္ေမြးတိရစာၦန္နဲ႔ လိုက္ဖက္တဲ့ တ႐ုတ္ အစားအစာ Buddha Jumps Over the Wall၊ Pacific herring ငါး၊ ေ႐ႊဖ႐ုံသီးဟင္းခ်ိဳ၊ ယုန္ကဲ့သို႔ေသာ လက္ေဆာင္မ်ားစြာကို ရရွိထားၿပီးျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ေျပာၾကားကာ ျပန္လည္ေျဖရွင္းခဲ့ပါတယ္။
ဖုဇိုင္ဟာ ၂၀၂၃ ခုႏွစ္ ၾသဂုတ္လက ေမြးဖြားခဲ့ၿပီး ၂၀၂၄ ခုႏွစ္ ဇန္နဝါရီလမွာ ရွန္ေဒါင္ ျပည္နယ္၊ ေဝဖုန္ရွိ၊ အရန္ ေဖာက္ခြဲေရးပစၥည္း ရွာေဖြေရးလုပ္ငန္းမွာ ရဲေခြးအျဖစ္ အဖြဲ႕ဝင္ခဲ့ပါတယ္။ သူ႔ရဲ႕ေတာက္ပတဲ့ မ်က္လုံးေတြ၊ သန္မာ တဲ့ေျခေထာက္ေလးေတြနဲ႔ ထူးျခားတဲ့ ကြၽမ္းက်င္မႈေတြေၾကာင့္ အရည္အခ်င္းျပည့္မီတဲ့ ရဲေခြးျဖစ္လာခဲ့ပါတယ္။