ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းမှာ ရေကြီးမှုများကြောင့် လူတစ်ဦးသေဆုံး၊ ထောင်နဲ့ချီ ဘေးလွတ်ရာ ရွှေ့ပြောင်းဖို့ တိုက်တွန်းထား
116
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၃
ဖေဖော်ဝါရီ ၂ ရက်က ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်းမြောက်ပိုင်းမှာ ရေကြီးရေလျှံမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး လူထောင်ပေါင်းများစွာကို အမြင့်နေရာတွေဆီ ရွှေ့ပြောင်းကြဖို့ ဩစတြေးလျအာဏာပိုင်တွေက တိုက်တွန်းထားတယ်လို့ သိရပါတယ်။
ပြည်နယ်မြို့တော် ဘရစ္စဘိန်း မြောက်ဘက် ကီလိုမီတာ ၅၀၀ ခန့် အကွာ၊ လူ ၁၁,၀၀၀ ခန့်နေထိုင်တဲ့ ကမ်းရိုးတန်းဒေသ ဟင်ချင်ဘရော့ခ်ရှီးယားမှာ ပြင်းထန် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေတယ်လို့ ကွင်းစလန်း အာဏာပိုင်တွေက ပြောပါတယ်။ တောင်းစဗီလာမြို့ အနီး လူဦးရေ ၃၈၇ ဦး နေထိုင်ရာ ဂီရူမြို့ကိုလည်း ရေကြီးမှုမှာ ထိခိုက်မှု ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောကြားပါတယ်။ ကွင်းစလန်းပြည်နယ် မြောက်ပိုင်းရှိ အချို့နေရာ တွေမှာ ၂၄ နာရီအတွင်း မိုးရေချိန် ၆၀၀ မီလီမီတာကျော် ရွာသွန်းခဲ့တယ်လို့ မိုးလေဝသဌာနက ဖေဖော်ဝါရီ ၂ ရက်မှာ ပြောကြားခဲ့ပြီး ဆက်လက် မိုးသည်းထန်စွာ ရွာသွန်းဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။
"မြေနိမ့်ပိုင်းဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ ရွှေ့ပြောင်းရေး ကိရိယာတွေကို စုဆောင်းပြီး ပိုမြင့်တဲ့ မြေပြင်၊ ပိုလုံခြုံတဲ့နေရာကို ပြောင်းရွှေ့သင့်ပါတယ်၊ ဒီအခြေအနေက အသက်နဲ့ပစ္စည်းဥစ္စာတွေကို ခြိမ်းခြောက် နိုင်တယ်” လို့ ဒေသဆိုင်ရာအရေးပေါ်စီမံခန့်ခွဲမှုအာဏာပိုင်တွေက ပြောပါတယ်။
တောင်းစဗီလာ လေဆိပ်ကိုလည်း ရေကြီးမှုကြောင့် ပိတ်ထားရလိမ့်မယ်လို့ သြစတြေးလျအသံလွှင့်ကော်ပိုရေးရှင်း (ABC) က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Zawgyi Version:
ဩစေၾတးလ်ႏိုင္ငံ၊ ကြင္းစလန္းမွာ ေရႀကီးမႈမ်ားေၾကာင့္ လူတစ္ဦးေသဆုံး၊ ေထာင္နဲ႔ခ်ီ ေဘးလြတ္ရာ ေ႐ႊ႕ေျပာင္းဖို႔ တိုက္တြန္းထား
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၃
ေဖေဖာ္ဝါရီ ၂ ရက္က ဩစေၾတးလ်ႏိုင္ငံ၊ ကြင္းစလန္းေျမာက္ပိုင္းမွာ ေရႀကီးေရလွ်ံမႈေၾကာင့္ လူတစ္ဦး ေသဆုံးခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာကို အျမင့္ေနရာေတြဆီ ေ႐ႊ႕ေျပာင္းၾကဖို႔ ဩစေၾတးလ်အာဏာပိုင္ေတြက တိုက္တြန္းထားတယ္လို႔ သိရပါတယ္။
ျပည္နယ္ၿမိဳ႕ေတာ္ ဘရစၥဘိန္း ေျမာက္ဘက္ ကီလိုမီတာ ၅၀၀ ခန႔္ အကြာ၊ လူ ၁၁,၀၀၀ ခန႔္ေနထိုင္တဲ့ ကမ္း႐ိုးတန္းေဒသ ဟင္ခ်င္ဘေရာ့ခ္ရွီးယားမွာ ျပင္းထန္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနတယ္လို႔ ကြင္းစလန္း အာဏာပိုင္ေတြက ေျပာပါတယ္။ ေတာင္းစဗီလာၿမိဳ႕ အနီး လူဦးေရ ၃၈၇ ဦး ေနထိုင္ရာ ဂီ႐ူၿမိဳ႕ကိုလည္း ေရႀကီးမႈမွာ ထိခိုက္မႈ ရွိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားပါတယ္။ ကြင္းစလန္းျပည္နယ္ ေျမာက္ပိုင္းရွိ အခ်ိဳ႕ေနရာ ေတြမွာ ၂၄ နာရီအတြင္း မိုးေရခ်ိန္ ၆၀၀ မီလီမီတာေက်ာ္ ႐ြာသြန္းခဲ့တယ္လို႔ မိုးေလဝသဌာနက ေဖေဖာ္ဝါရီ ၂ ရက္မွာ ေျပာၾကားခဲ့ၿပီး ဆက္လက္ မိုးသည္းထန္စြာ ႐ြာသြန္းဦးမယ္လို႔လည္း ခန႔္မွန္းထားပါတယ္။
"ေျမနိမ့္ပိုင္းေဒသေတြမွာ ေနထိုင္သူေတြ အေနနဲ႔ ေ႐ႊ႕ေျပာင္းေရး ကိရိယာေတြကို စုေဆာင္းၿပီး ပိုျမင့္တဲ့ ေျမျပင္၊ ပိုလုံၿခဳံတဲ့ေနရာကို ေျပာင္းေ႐ႊ႕သင့္ပါတယ္၊ ဒီအေျခအေနက အသက္နဲ႔ပစၥည္းဥစၥာေတြကို ၿခိမ္းေျခာက္ ႏိုင္တယ္” လို႔ ေဒသဆိုင္ရာအေရးေပၚစီမံခန႔္ခြဲမႈအာဏာပိုင္ေတြက ေျပာပါတယ္။
ေတာင္းစဗီလာ ေလဆိပ္ကိုလည္း ေရႀကီးမႈေၾကာင့္ ပိတ္ထားရလိမ့္မယ္လို႔ ၾသစေၾတးလ်အသံလႊင့္ေကာ္ပိုေရးရွင္း (ABC) က သတင္းထုတ္ျပန္ခဲ့ပါတယ္။