ဗြိတိန်မှာ AI နဲ့ ကလေးသူငယ်အလွဲသုံးစားပြုမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်
63
ရောင်နီ (NP News) - ဖေဖော်ဝါရီ ၃
ဗြိတိန်နိုင်ငံမှာ AI အသုံးပြုပြီး ကလေးသူငယ် လိင်ပိုင်းဆိုင် အလွဲသုံးစားမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်လိုက် တယ်လို့ ဖေဖော်ဝါရီ ၁ ရက်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ဗြိတိန်နိုင်ငံဟာ AI နဲ့ လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားမှု ကျူးလွန်မှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံဖြစ်လာပါတယ်။
ကလေးတွေရဲ့ရုပ်ပုံတွေကို ပြတ်ပြတ်သားသား ရိုက်ကူးခြင်း၊ ပြုလုပ်ခြင်း၊ ဖြန့်ဝေခြင်းဟာ အင်္ဂလန်နိုင်ငံ၊ ဝေလနယ်မှာ ရာဇ၀တ်မှုတစ်ခုဖြစ်ပါတယ်။ ကလေးတွေရဲ့ လက်တွေ့ဘဝ ပုံရိပ်တွေကို ညစ်ညမ်းရုပ်ပုံဖြစ်အောင် AI ကိရိယာတွေ အသုံးပြု ဖန်တီးနေကြတာ ဖြစ်ပြီး အင်တာနက်စောင့်ကြည့်ရေး ဖောင်ဒေးရှင်းရဲ့ အဆိုအရ ၂၀၂၄ ခုနှစ်မှာ အဲဒီလိုရှင်းလင်းပြတ်သားတဲ့ ရုပ်ပုံတွေ ထွက်ပေါ်လာတဲ့ သတင်းတွေနဲ့အတူ အွန်လိုင်းရာဇ၀တ်ကောင် တွေဟာ AI ကို ပိုအသုံးပြုလာတာ တွေ့ရတာကြောင့် ဒီလှုပ်ရှားမှုဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။ "အွန်လိုင်းမှာ ကလေးတွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး အလွဲသုံးစားလုပ်လေ့ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်” လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ရော့တီကောပါး က ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ဟာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေကို အွန်လိုင်းနဲ့ အော့ဖ်လိုင်း ၂ ခုလုံး ကိုင်တွယ် ဖြေရှင်းမှသာ ပြည်သူတွေကို အသစ်အသစ်သော ရာဇ၀တ်မှုတွေမှ ကာကွယ်နိုင်မှာဖြစ်တယ်" လို့ ၎င်းက ဆိုပါတယ်။ ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့အထဲမှာ ကလေးသူငယ်လိင်ပိုင်းဆိုင်ရာအလွဲသုံးစားမှုဖန်တီးဖို့ ဒီဇိုင်း ထုတ်ထားတဲ့ AI ကိရိယာများ လက်ဝယ်ပိုင်ဆိုင်ခြင်း၊ ဖန်တီးခြင်း (သို့မဟုတ်) ဖြန့်ဖြူးခြင်း၊ နည်းပညာအသုံးပြုမှု ဆိုင်ရာညွှန်ကြားချက်တွေ ပေးတဲ့ AI “paedophile manuals” ကို လက်ဝယ်ထားရှိခြင်းတို့ပါ ပါဝင်မှာ ဖြစ်ပါတယ်။
ဒီအစီအမံတွေကိုလည်း လွှတ်တော်ကိုတင်ပြပြီး မှုခင်းနဲ့ရဲတပ်ဖွဲ့ဥပဒေမှာ ထည့်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Zawgyi Version:
ၿဗိတိန္မွာ AI နဲ႔ ကေလးသူငယ္အလြဲသုံးစားျပဳမႈေတြကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၃
ၿဗိတိန္ႏိုင္ငံမွာ AI အသုံးျပဳၿပီး ကေလးသူငယ္ လိင္ပိုင္းဆိုင္ အလြဲသုံးစားမႈေတြကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္လိုက္ တယ္လို႔ ေဖေဖာ္ဝါရီ ၁ ရက္က ေျပာၾကားခဲ့ပါတယ္။ ဒါေၾကာင့္ ၿဗိတိန္ႏိုင္ငံဟာ AI နဲ႔ လိင္ပိုင္းဆိုင္ရာ အလြဲသုံးစားမႈ က်ဴးလြန္မႈေတြကို ရာဇဝတ္မႈအျဖစ္ သတ္မွတ္တဲ့ ကမာၻ႔ပထမဆုံး ႏိုင္ငံျဖစ္လာပါတယ္။
ကေလးေတြရဲ႕႐ုပ္ပုံေတြကို ျပတ္ျပတ္သားသား ႐ိုက္ကူးျခင္း၊ ျပဳလုပ္ျခင္း၊ ျဖန႔္ေဝျခင္းဟာ အဂၤလန္ႏိုင္ငံ၊ ေဝလနယ္မွာ ရာဇ၀တ္မႈတစ္ခုျဖစ္ပါတယ္။ ကေလးေတြရဲ႕ လက္ေတြ႕ဘဝ ပုံရိပ္ေတြကို ညစ္ညမ္း႐ုပ္ပုံျဖစ္ေအာင္ AI ကိရိယာေတြ အသုံးျပဳ ဖန္တီးေနၾကတာ ျဖစ္ၿပီး အင္တာနက္ေစာင့္ၾကည့္ေရး ေဖာင္ေဒးရွင္းရဲ႕ အဆိုအရ ၂၀၂၄ ခုႏွစ္မွာ အဲဒီလိုရွင္းလင္းျပတ္သားတဲ့ ႐ုပ္ပုံေတြ ထြက္ေပၚလာတဲ့ သတင္းေတြနဲ႔အတူ အြန္လိုင္းရာဇ၀တ္ေကာင္ ေတြဟာ AI ကို ပိုအသုံးျပဳလာတာ ေတြ႕ရတာေၾကာင့္ ဒီလႈပ္ရွားမႈျဖစ္ေပၚလာျခင္းျဖစ္တယ္လို႔ သိရပါတယ္။ "အြန္လိုင္းမွာ ကေလးေတြရဲ႕လႈပ္ရွားမႈေတြကို ေစာင့္ၾကည့္ၿပီး အလြဲသုံးစားလုပ္ေလ့ရွိတယ္ဆိုတာ ကြၽန္ေတာ္တို႔ သိပါတယ္” လို႔ ၿဗိတိန္ျပည္ထဲေရးဝန္ႀကီး ေရာ့တီေကာပါး က ေျပာၾကားခဲ့ပါတယ္။
"ကြၽန္ေတာ္တို႔ဟာ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာေစာ္ကားမႈေတြကို အြန္လိုင္းနဲ႔ ေအာ့ဖ္လိုင္း ၂ ခုလုံး ကိုင္တြယ္ ေျဖရွင္းမွသာ ျပည္သူေတြကို အသစ္အသစ္ေသာ ရာဇ၀တ္မႈေတြမွ ကာကြယ္ႏိုင္မွာျဖစ္တယ္" လို႔ ၎က ဆိုပါတယ္။ ရာဇဝတ္မႈအျဖစ္ သတ္မွတ္တဲ့အထဲမွာ ကေလးသူငယ္လိင္ပိုင္းဆိုင္ရာအလြဲသုံးစားမႈဖန္တီးဖို႔ ဒီဇိုင္း ထုတ္ထားတဲ့ AI ကိရိယာမ်ား လက္ဝယ္ပိုင္ဆိုင္ျခင္း၊ ဖန္တီးျခင္း (သို႔မဟုတ္) ျဖန႔္ျဖဴးျခင္း၊ နည္းပညာအသုံးျပဳမႈ ဆိုင္ရာၫႊန္ၾကားခ်က္ေတြ ေပးတဲ့ AI “paedophile manuals” ကို လက္ဝယ္ထားရွိျခင္းတို႔ပါ ပါဝင္မွာ ျဖစ္ပါတယ္။
ဒီအစီအမံေတြကိုလည္း လႊတ္ေတာ္ကိုတင္ျပၿပီး မႈခင္းနဲ႔ရဲတပ္ဖြဲ႕ဥပေဒမွာ ထည့္သြင္းသြားမွာျဖစ္တယ္လို႔ သိရပါတယ္။