သြစတြေးလျမှာ အိမ်တစ်အိမ်ရဲ့ အိမ်နောက်ဖေးမှ အဆိပ်ရှိ မြွေ ၁ဝ၂ ကောင် ဖမ်းဆီးရရှိ

 8848

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၈

ဩစတြေးလျ မြွေဖယ်ရှား ရှင်းလင်းရေးအဖွဲ့ဟာ ဆစ်ဒနီမြို့၊ ဆင်ခြေဖုံးရပ်ကွက်မှာ တည်ရှိတဲ့ အိမ်တစ်လုံးရဲ့ အိမ်နောက်ဖေးမှ ကလေးပုံပြင် "The Hundred And One Dalmatians" ထဲက မြွေမျိုးစိတ် (venomous) ၁၀၂ ကောင်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဆစ်ဒနီမြို့၊ ဆင်ခြေဖုံးရှိ ဥယျာဉ်ခြံ မြေစာပုံမှာ အနီရောင်နဲ့ အနက်ရောင်ရှိတဲ့ venomous မြွေအုပ်စုကို လာရောကိဖမ်းဆီးဖို့ မြွေ ဖယ်ရှားရှင်းလင်းရေးအဖွဲ့ဖြစ်တဲ့ မစ္စတာကော်ရီကီရာဝါရိုနဲ့ အဖွဲ့ကို ဖေဖော်ဝါရီ ၇ ရက်က ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ အဖွဲ့က မြွေ ၄၊ ၅ ကောင်လောက်သာ ဖမ်းရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် ကနဦး မြွေအကောင် ၄၀ ထိ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီနောက် မြွေမကြီး ၂ ကောင်က ဖမ်းဆီးထားတဲ့ အိတ်ထဲမှာတင် ကလေးမွေးဖွားခဲ့တာကြောင့် အားလုံးပေါင်း မြွေ ၁၀၂ ကောင်ထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
နှာခေါင်းနီ၊ တစ်ကိုယ်လုံး အနက်ရောင်ရှိတဲ့ မြွေတွေဟာ အခြား သြစတြေးလျ မျိုးစိတ်တွေထက် အဆိပ် နည်းပေမယ့် အကိုက်ခံရရင် ပြင်းပြင်းထန်ထန် နာကျင်ခြင်း၊ ပျို့အန်ခြင်း၊ အော့အန်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

Zawgyi Version:


Related news

© 2021. All rights reserved.