ထိုင်းနိုင်ငံမှာ တုပ်ကွေးကူးစက်ခံရသူ တစ်သိန်းကျော် ရှိပြီး ၉ ဦး သေဆုံး

 348

ရောင်နီ (NP News) -‌ ဖေဖော်ဝါရီ ၂ဝ

၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံမှာ တုပ်ကွေးရောဂါဖြစ်ပွားသူ စုစုပေါင်း ၁၀၇,၅၇၀ ဦး ရှိပြီး ကိုးဦး သေဆုံးသွားခဲ့ တယ်လို့ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
လူနာသစ် အရေအတွက်ဟာ ၂၀၂၄ ခုနှစ် အလားတူကာလအတွင်း တစ်ပတ်ကို 10,000 နှုန်း ရှိခဲ့ပေမယ့် ၂၀၂၅ ခုနှစ်မှာတော့ တစ်ပတ်ကို လူနာ ၁၅,၀၀၀ ခန့် ထက်တိုးလာတယ်လို့ ရောဂါထိန်းချုပ်ရေးဌာန ပြောရေးဆို ခွင့်ရှိသူ ဒေါက်တာ ဂျူရိုင်ဝမ်ဆဝက်က ပြောကြားပါတယ်။ အသက် ၅ နှစ်မှ ၉ နှစ်ကြားအရွယ်ကလေးတွေဟာ ကူးစက်မှုအများဆုံးဖြစ်ပြီး၊ အသက် လေးနှစ်အောက်၊ အသက် ၁၀ နှစ်မှ ၁၄ နှစ်ကြားရှိသူတွေကတော့ ဒုတိယ မြောက် ကူးစက်မှု အများဆုံးဖြစ်ပါတယ်။ ဗိုင်းရပ်စ် အဖြစ်အများဆုံး အမျိုးအစားကတော့ A/H1N1 (2009) ဖြစ်ပါ တယ်။ သေဆုံးသူ ၉ ဦးမှာ အသက်အငယ်ဆုံးမှာ ၁၁ နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ ၈၆ နှစ်ဖြစ်တယ်လို့ ဒေါက်တာဂျူရိုင်းက ပြောပါတယ်။

တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးပြည်နယ် ၁၀ ခုကတော့ ဖူးခက်၊ လမ်ပူ၊ ချင်းရိုင်၊ ဖူးခက်၊ ချင်းမိုင်၊ လန်ပန်၊ ဘန်ကောက်၊ နန်၊ ဥဘွန်ရတ်ချနိနဲ့ နွန်သဘူရီတို့ဖြစ်ပြီး ကျောင်း၊ အကျဉ်းထောင်နဲ့ စစ်စခန်းတွေဟာ ကူးစက်မှု နှုန်း အမြင့်ဆုံးနေရာတွေဖြစ်တယ်လို့ သိရပါတယ်။ တုပ်ကွေးရောဂါကူးစက်မှုကိုကာကွယ်ဖို့ အထူးသဖြင့် အသက်ခြောက်လမှ နှစ်နှစ်အထိ ကလေးများ၊ ကိုယ်ဝန်ဆောင်များ၊ အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုများ၊ အဝလွန်သူများ နဲ့ နာတာရှည် ကျန်းမာရေးပြဿနာရှိသူများအနေနဲ့ တုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် ထိုးပေးသင့်တယ်လို့ ဒေါက်တာဂျူရိုင်က ပြောကြား အကြံပြုထားပါတယ်။

Zawgyi Version:
ထိုင္းႏိုင္ငံမွာ တုပ္ေကြးကူးစက္ခံရသူ တစ္သိန္းေက်ာ္ ရွိၿပီး ၉ ဦး ေသဆုံး
ေရာင္နီ (NP News) -‌ ေဖေဖာ္ဝါရီ ၂ဝ

၂၀၂၅ ခုႏွစ္အတြင္း ထိုင္းႏိုင္ငံမွာ တုပ္ေကြးေရာဂါျဖစ္ပြားသူ စုစုေပါင္း ၁၀၇,၅၇၀ ဦး ရွိၿပီး ကိုးဦး ေသဆုံးသြားခဲ့ တယ္လို႔ ျပည္သူ႔က်န္းမာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ ၁၈ ရက္မွာ ထုတ္ျပန္ခဲ့ပါတယ္။
လူနာသစ္ အေရအတြက္ဟာ ၂၀၂၄ ခုႏွစ္ အလားတူကာလအတြင္း တစ္ပတ္ကို 10,000 ႏႈန္း ရွိခဲ့ေပမယ့္ ၂၀၂၅ ခုႏွစ္မွာေတာ့ တစ္ပတ္ကို လူနာ ၁၅,၀၀၀ ခန႔္ ထက္တိုးလာတယ္လို႔ ေရာဂါထိန္းခ်ဳပ္ေရးဌာန ေျပာေရးဆို ခြင့္ရွိသူ ေဒါက္တာ ဂ်ဴ႐ိုင္ဝမ္ဆဝက္က ေျပာၾကားပါတယ္။ အသက္ ၅ ႏွစ္မွ ၉ ႏွစ္ၾကားအ႐ြယ္ကေလးေတြဟာ ကူးစက္မႈအမ်ားဆုံးျဖစ္ၿပီး၊ အသက္ ေလးႏွစ္ေအာက္၊ အသက္ ၁၀ ႏွစ္မွ ၁၄ ႏွစ္ၾကားရွိသူေတြကေတာ့ ဒုတိယ ေျမာက္ ကူးစက္မႈ အမ်ားဆုံးျဖစ္ပါတယ္။ ဗိုင္းရပ္စ္ အျဖစ္အမ်ားဆုံး အမ်ိဳးအစားကေတာ့ A/H1N1 (2009) ျဖစ္ပါ တယ္။ ေသဆုံးသူ ၉ ဦးမွာ အသက္အငယ္ဆုံးမွာ ၁၁ ႏွစ္ျဖစ္ၿပီး အသက္အႀကီးဆုံးမွာ ၈၆ ႏွစ္ျဖစ္တယ္လို႔ ေဒါက္တာဂ်ဴ႐ိုင္းက ေျပာပါတယ္။

တုပ္ေကြးေရာဂါျဖစ္ပြားမႈအမ်ားဆုံးျပည္နယ္ ၁၀ ခုကေတာ့ ဖူးခက္၊ လမ္ပူ၊ ခ်င္း႐ိုင္၊ ဖူးခက္၊ ခ်င္းမိုင္၊ လန္ပန္၊ ဘန္ေကာက္၊ နန္၊ ဥဘြန္ရတ္ခ်နိနဲ႔ ႏြန္သဘူရီတို႔ျဖစ္ၿပီး ေက်ာင္း၊ အက်ဥ္းေထာင္နဲ႔ စစ္စခန္းေတြဟာ ကူးစက္မႈ ႏႈန္း အျမင့္ဆုံးေနရာေတြျဖစ္တယ္လို႔ သိရပါတယ္။ တုပ္ေကြးေရာဂါကူးစက္မႈကိုကာကြယ္ဖို႔ အထူးသျဖင့္ အသက္ေျခာက္လမွ ႏွစ္ႏွစ္အထိ ကေလးမ်ား၊ ကိုယ္ဝန္ေဆာင္မ်ား၊ အသက္ ၆၅ ႏွစ္အထက္ သက္ႀကီး႐ြယ္အိုမ်ား၊ အဝလြန္သူမ်ား နဲ႔ နာတာရွည္ က်န္းမာေရးျပႆနာရွိသူမ်ားအေနနဲ႔ တုပ္ေကြးကာကြယ္ေဆးကို ႏွစ္စဥ္ ထိုးေပးသင့္တယ္လို႔ ေဒါက္တာဂ်ဴ႐ိုင္က ေျပာၾကား အႀကံျပဳထားပါတယ္။

Related news

© 2021. All rights reserved.