ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသော ရွှေဆိုင်များ အရေးယူခြင်းများရှိလာနိုင်

 355

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅

ကံစမ်းမဲပေးပြီး ရွှေအရောင်း၊ အဝယ်ပြုလုပ်နေသည့် ရွှေဆိုင်များ အရေးယူခံရခြင်းများရှိလာနိုင်ကြောင်း မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်(FMGEA) ထံမှ သိရသည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်၊ အောက်တို ဘာ(၂၅)ရက်တွင် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ခွင့်အမိန့်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါအမိန့်ကြော်ငြာစာတွင် "လုပ်ငန်းလိုင်စင်ရရှိသည့်ပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီသည် ရွှေရောင်းဝယ်ရာတွင် မရိုးဖြောင့်သော သဘောဖြင့် အခြေပစ္စည်းများ၊ ကံစမ်းမဲများပေး၍ ဈေးနှုန်းတက်နိုင်သည့်အလားသဏ္ဍန်ဆောင်သော နည်းလမ်းများဖြင့် ရောင်းဝယ်ခြင်းမပြုရ"ဟု ပါရှိသည်။ ထို့ကြောင့် မလိုလားအပ်သည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် မြန်မာနိုင်ငံရွှေလုပ်ငန်းရှင်များအသင်းချုပ်(FMGEA)မှ ပြီးခဲ့သည့် ဖေဖော်ဝါရီ(၁၇)ရက်တွင် အဆိုပါ အမိန့်ကြော်ငြာစာကို တိကျစွာလိုက်နာရန် ထပ်ဆင့်အသိပေးထားသည်။ ဈေးကွက်ထဲ၌ ယခင်ကပင် ကြော်ငြာဖြင့်ရောင်းသည့်ဆိုင်များရှိခဲ့ရာ နောက်ပိုင်းကာလများတွင် ကံစမ်းမဲပေးကာ ရွှေအရောင်းအဝယ်ပြုလုပ်နေသည့်ဆိုင်များလည်း တွင်တွင်ကျယ်ကျယ် ပေါ်ပေါက်လျှက်ရှိသည်။

"ရွှေရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ထုတ်ထားတဲ့ညွှန်ကြားချက်တွေမှာ အဲဒီအချက်ပါတယ်။ အဲဒါကို အသင်းချုပ်က ထပ်ဆင့်ပြန်ပြီးတော့ ပြန်ညွှန်ကြားတဲ့သဘောပါပဲ။ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေထုတ်ပြီးနောက်ပိုင်းမှာ ရွှေနဲ့ပတ်သက်ပြီးတော့ စံချိန်စံညွှန်းတို့၊ ဈေးနှုန်းတို့ အဲဒီဥပဒေညွှန်ကြားချက်တွေ ထွက်ထားတာရှိတယ်။ အဲဒီထဲမှာမှ မရိုးဖြောင့်တဲ့သဘောနဲ့ ကံစမ်းမဲတွေပေးတာမျိုး။ ဆိုလိုတာကတော့ ကံစမ်းမဲတွေပေးတယ်။ ပေးပေးမယ့်လည်း ရွှေထည်တွေ၊ ရွှေဈေးတွေမှာ ပိုယူပြီးရောင်းတဲ့သဘောမျိုးပေါ့။ ဘယ်သူမဆိုကံစမ်းမဲပေးတယ်ဆိုကတည်းက အမြတ်တင်ပြီးမှ ပြန်ပေးရတာ။ အဲဒီလိုမျိုးမလုပ်ရဘူးဆိုပြီးတော့ ညွှန်ကြားချက်ထဲမှာ အချက်တစ်ချက်ပါတယ်။ အဲဒါကိုရွှေဆိုင်တွေကို သတိပေးတဲ့အနေနဲ့ အသင်းချုပ်ကနေ ထပ်ဆင့်ညွှန်ကြားချက်ပြန်ထုတ်တဲ့သဘောပါပဲ"ဟု FMGEA မှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

လက်ရှိတွင် အဆိုပါအမိန့်စာသည် ဥပဒေတစ်ခုအနေဖြင့် သက်ရောက်ထားသည့်အတွက် အ ရေးယူမှုများလည်းရှိလာနိုင်ခြင်းကြောင့် မဖြစ်မနေလိုက်နာရန် ၎င်းက ဆက်လက်ပြောသည်။ "အဓိကကတော့ ကျွန်တော်တို့က NGO ဖြစ်တဲ့အတွက်ကြောင့် အရေးယူဆောင်ရွက်တာတွေကျတော့ အသင်းချုပ်က ဘာမှဆောင်ရွက်လို့မရဘူး။ ဒါပေမယ့် ဥပဒေတစ်ခု သက်ရောက်ထားတာဖြစ်တဲ့အတွက် မတော်တဆများ အရေးယူဆောင်ရွက်မှုတွေဖြစ်လာရင်ဆိုတဲ့အတွေးမျိုးပေါ့။ အဲဒီလိုအရေးယူတာတွေက ရှိလာနိုင်တယ်။ ဘာလို့လဲဆိုတော့ ညွှန်ကြားချက်ရှိထားပြီး မသိလိုက်ပါဘူးမဖြစ်ရအောင် ပြန်ပြီးညွှန်ကြားတာ။ တချို့ကျတော့လည်း ကိုယ့်အလုပ်ကိုယ်လုပ်တာဆိုတော့ ဒါကြီးကိုမလေ့လာကြဘူး"ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် နာမည်ကြီးရွှေဆိုင်အများအပြားသည် အထက်ပါကံစမ်းမဲပေးသည့်အစီအစဥ်ဖြင့် ရွှေရောင်းဝယ်ခြင်းများကို ဆောင်ရွက်လာကြရာ ရွေဆိုင်ငယ်များအပေါ် သက်ရောက်မှုများရှိနေကြောင်း သိရသည်။

"အားကြီးတဲ့ဆိုင်တွေက ဒီလိုတွေလုပ်တော့။ ကျန်တဲ့မလုပ်နိုင်တဲ့ဆိုင်တွေအတွက်တော့ ကွာဟမှုဖြစ်တာပေါ့။ သူတို့ကတော့ အရောင်းမြှင့်တင်ရေးပိုင်းအတွက်လည်း ပါမှာပေါ့။ ဒါပေမယ့် တချို့ဆိုင်အသေးလေးတွေ၊ လိုက်မမှီတဲ့ဆိုင်တွေ၊ ပုံမှန်ရောင်းနေတဲ့ဆိုင်တွေအတွက်တော့ သက်ရောက်မှုတော့ရှိတာ‌ပေါ့။ အခုခေတ်ကလည်း ကြော်ငြာအား၊ မီဒီယာအားနဲ့သွားနေတာလေ။ ကြော်ငြာတာကတော့ လက်ခံပါတယ်။ အခုနလိုဟာမျိုးကတော့ ကံစမ်းမဲရောင်းတယ်လို့မြင်တယ်။ ကံစမ်းမဲရောင်းတာနဲ့ တူနေတယ်။ ဝယ်သူတွေကိုတော့ ထိခိုက်မှုတော့မရှိပါဘူး။ ဒီတိုင်းဝယ်တဲ့ဟာထက်ရှာရင် လက်ဆောင်လေးပေးတယ်ဆိုရင်တော့ ဝယ်တဲ့သူတွေက စိတ်ဝင်စားတာပေါ့။ ကံစမ်းမဲဖောက်လို့ ရွှေဈေးတက်တာနဲ့ကတော့ မဆိုင်ပါဘူး။ ဆိုင်တွေကတော့ အဝယ်များအောင် မက်လုံးပေးမှာပဲ" ဟု လှသီတာရတနာရွှေဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

zawgyi version
ကံစမ္းမဲေပးၿပီး ေ႐ႊအေရာင္း၊ အဝယ္ျပဳလုပ္ေနေသာ ေ႐ႊဆိုင္မ်ား အေရးယူျခင္းမ်ားရွိလာႏိုင္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅

ကံစမ္းမဲေပးၿပီး ေ႐ႊအေရာင္း၊ အဝယ္ျပဳလုပ္ေနသည့္ ေ႐ႊဆိုင္မ်ား အေရးယူခံရျခင္းမ်ားရွိလာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(FMGEA) ထံမွ သိရသည္။ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနမွ ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္၊ ေအာက္တို ဘာ(၂၅)ရက္တြင္ ဓာတ္သတၱဳ(ေ႐ႊ)ေရာင္းဝယ္ျခင္း ဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္ခြင့္အမိန႔္ကို ထုတ္ျပန္ခဲ့သည္။

အဆိုပါအမိန႔္ေၾကာ္ျငာစာတြင္ "လုပ္ငန္းလိုင္စင္ရရွိသည့္ပုဂၢိဳလ္ သို႔မဟုတ္ ကုမၸဏီသည္ ေ႐ႊေရာင္းဝယ္ရာတြင္ မ႐ိုးေျဖာင့္ေသာ သေဘာျဖင့္ အေျခပစၥည္းမ်ား၊ ကံစမ္းမဲမ်ားေပး၍ ေဈးႏႈန္းတက္ႏိုင္သည့္အလားသ႑န္ေဆာင္ေသာ နည္းလမ္းမ်ားျဖင့္ ေရာင္းဝယ္ျခင္းမျပဳရ"ဟု ပါရွိသည္။ ထို႔ေၾကာင့္ မလိုလားအပ္သည့္ကိစၥရပ္မ်ား မျဖစ္ေပၚေစရန္အတြက္ ျမန္မာႏိုင္ငံေ႐ႊလုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္(FMGEA)မွ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ(၁၇)ရက္တြင္ အဆိုပါ အမိန႔္ေၾကာ္ျငာစာကို တိက်စြာလိုက္နာရန္ ထပ္ဆင့္အသိေပးထားသည္။ ေဈးကြက္ထဲ၌ ယခင္ကပင္ ေၾကာ္ျငာျဖင့္ေရာင္းသည့္ဆိုင္မ်ားရွိခဲ့ရာ ေနာက္ပိုင္းကာလမ်ားတြင္ ကံစမ္းမဲေပးကာ ေ႐ႊအေရာင္းအဝယ္ျပဳလုပ္ေနသည့္ဆိုင္မ်ားလည္း တြင္တြင္က်ယ္က်ယ္ ေပၚေပါက္လွ်က္ရွိသည္။

"ေ႐ႊေရာင္းဝယ္ျခင္းဝန္ေဆာင္မႈလုပ္ငန္းနဲ႔ ပတ္သက္ၿပီးေတာ့ ထုတ္ထားတဲ့ၫႊန္ၾကားခ်က္ေတြမွာ အဲဒီအခ်က္ပါတယ္။ အဲဒါကို အသင္းခ်ဳပ္က ထပ္ဆင့္ျပန္ၿပီးေတာ့ ျပန္ၫႊန္ၾကားတဲ့သေဘာပါပဲ။ အေရးႀကီးကုန္စည္ဝန္ေဆာင္မႈဥပေဒထုတ္ၿပီးေနာက္ပိုင္းမွာ ေ႐ႊနဲ႔ပတ္သက္ၿပီးေတာ့ စံခ်ိန္စံၫႊန္းတို႔၊ ေဈးႏႈန္းတို႔ အဲဒီဥပေဒၫႊန္ၾကားခ်က္ေတြ ထြက္ထားတာရွိတယ္။ အဲဒီထဲမွာမွ မ႐ိုးေျဖာင့္တဲ့သေဘာနဲ႔ ကံစမ္းမဲေတြေပးတာမ်ိဳး။ ဆိုလိုတာကေတာ့ ကံစမ္းမဲေတြေပးတယ္။ ေပးေပးမယ့္လည္း ေ႐ႊထည္ေတြ၊ ေ႐ႊေဈးေတြမွာ ပိုယူၿပီးေရာင္းတဲ့သေဘာမ်ိဳးေပါ့။ ဘယ္သူမဆိုကံစမ္းမဲေပးတယ္ဆိုကတည္းက အျမတ္တင္ၿပီးမွ ျပန္ေပးရတာ။ အဲဒီလိုမ်ိဳးမလုပ္ရဘူးဆိုၿပီးေတာ့ ၫႊန္ၾကားခ်က္ထဲမွာ အခ်က္တစ္ခ်က္ပါတယ္။ အဲဒါကိုေ႐ႊဆိုင္ေတြကို သတိေပးတဲ့အေနနဲ႔ အသင္းခ်ဳပ္ကေန ထပ္ဆင့္ၫႊန္ၾကားခ်က္ျပန္ထုတ္တဲ့သေဘာပါပဲ"ဟု FMGEA မွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

လက္ရွိတြင္ အဆိုပါအမိန႔္စာသည္ ဥပေဒတစ္ခုအေနျဖင့္ သက္ေရာက္ထားသည့္အတြက္ အ ေရးယူမႈမ်ားလည္းရွိလာႏိုင္ျခင္းေၾကာင့္ မျဖစ္မေနလိုက္နာရန္ ၎က ဆက္လက္ေျပာသည္။ "အဓိကကေတာ့ ကြၽန္ေတာ္တို႔က NGO ျဖစ္တဲ့အတြက္ေၾကာင့္ အေရးယူေဆာင္႐ြက္တာေတြက်ေတာ့ အသင္းခ်ဳပ္က ဘာမွေဆာင္႐ြက္လို႔မရဘူး။ ဒါေပမယ့္ ဥပေဒတစ္ခု သက္ေရာက္ထားတာျဖစ္တဲ့အတြက္ မေတာ္တဆမ်ား အေရးယူေဆာင္႐ြက္မႈေတြျဖစ္လာရင္ဆိုတဲ့အေတြးမ်ိဳးေပါ့။ အဲဒီလိုအေရးယူတာေတြက ရွိလာႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ၫႊန္ၾကားခ်က္ရွိထားၿပီး မသိလိုက္ပါဘူးမျဖစ္ရေအာင္ ျပန္ၿပီးၫႊန္ၾကားတာ။ တခ်ိဳ႕က်ေတာ့လည္း ကိုယ့္အလုပ္ကိုယ္လုပ္တာဆိုေတာ့ ဒါႀကီးကိုမေလ့လာၾကဘူး"ဟု ၎က ဆိုသည္။

လက္ရွိတြင္ နာမည္ႀကီးေ႐ႊဆိုင္အမ်ားအျပားသည္ အထက္ပါကံစမ္းမဲေပးသည့္အစီအစဥ္ျဖင့္ ေ႐ႊေရာင္းဝယ္ျခင္းမ်ားကို ေဆာင္႐ြက္လာၾကရာ ေ႐ြဆိုင္ငယ္မ်ားအေပၚ သက္ေရာက္မႈမ်ားရွိေနေၾကာင္း သိရသည္။

"အားႀကီးတဲ့ဆိုင္ေတြက ဒီလိုေတြလုပ္ေတာ့။ က်န္တဲ့မလုပ္ႏိုင္တဲ့ဆိုင္ေတြအတြက္ေတာ့ ကြာဟမႈျဖစ္တာေပါ့။ သူတို႔ကေတာ့ အေရာင္းျမႇင့္တင္ေရးပိုင္းအတြက္လည္း ပါမွာေပါ့။ ဒါေပမယ့္ တခ်ိဳ႕ဆိုင္အေသးေလးေတြ၊ လိုက္မမွီတဲ့ဆိုင္ေတြ၊ ပုံမွန္ေရာင္းေနတဲ့ဆိုင္ေတြအတြက္ေတာ့ သက္ေရာက္မႈေတာ့ရွိတာ‌ေပါ့။ အခုေခတ္ကလည္း ေၾကာ္ျငာအား၊ မီဒီယာအားနဲ႔သြားေနတာေလ။ ေၾကာ္ျငာတာကေတာ့ လက္ခံပါတယ္။ အခုနလိုဟာမ်ိဳးကေတာ့ ကံစမ္းမဲေရာင္းတယ္လို႔ျမင္တယ္။ ကံစမ္းမဲေရာင္းတာနဲ႔ တူေနတယ္။ ဝယ္သူေတြကိုေတာ့ ထိခိုက္မႈေတာ့မရွိပါဘူး။ ဒီတိုင္းဝယ္တဲ့ဟာထက္ရွာရင္ လက္ေဆာင္ေလးေပးတယ္ဆိုရင္ေတာ့ ဝယ္တဲ့သူေတြက စိတ္ဝင္စားတာေပါ့။ ကံစမ္းမဲေဖာက္လို႔ ေ႐ႊေဈးတက္တာနဲ႔ကေတာ့ မဆိုင္ပါဘူး။ ဆိုင္ေတြကေတာ့ အဝယ္မ်ားေအာင္ မက္လုံးေပးမွာပဲ" ဟု လွသီတာရတနာေ႐ႊဆိုင္မွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.