ရွှေဘိုမြို့နယ်တွင် ဘုန်းကြီးကျောင်းအတွင်းသို့ PDFအဖွဲ့၏ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရ

477

ချယ်ရီ(NP News )-ဖေဖော်ဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင် PDFအဖွဲ့၏ Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် (၁)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၂၆ ရက်)၊ ညနေ ၆ နာရီခွဲအချိန်ခန့်က ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
PDF အမည်ခံအကြမ်းဖက်သမားများမောင်းနှင်လာသေ Drone (၁) စင်းသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ရွှေဘိုမြို့နယ်၊ ဇီးကုန်းကျေးရွာ၏ အရှေ့တောင်ဘက်၊ အမြင့်မီတာ (၈၀၀) ခန့်အကွာမှ ပျံသန်းလာပြီး အဆိုပါကျေးရွာရှိ မဟာပဉ္စမရာမဘုန်းတော်ကြီးကျောင်းဝန်းအတွင်းသို့ Drop Bomb များဖြင့် ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ဒေသခံပြည်သူ (၁) ဦး သေဆုံးပြီး ကိုရင် (၂) ပါးနှင့် ပြည်သူ (၁) ဦးတို့တွင် ဗုံးစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။ထို့ကြောင့် ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့သူများကို ကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့ကို ထောက်ခံမှုမရှိသည့် ကျေးရွာများကို Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများအား ဥပဒေမဲ့လုပ်ဆောင်မှုများကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူများ၊ ရဟန်းသံဃာများ သေဆုံး၊ ဒဏ်ရာရရှိမှုများ မကြာခဏဖြစ်ပေါ်လျက်ရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာတစ်ဝိုက်ကို လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ZawGyi Version:
ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDFအဖြဲ႕၏ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့မႈေၾကာင့္ (၁)ဦးေသဆုံးၿပီး (၃)ဦးဒဏ္ရာရ
ခ်ယ္ရီ(NP News )-ေဖေဖာ္ဝါရီ ၂၈
စစ္ကိုင္းတိုင္းေဒသႀကီး၊ ေ႐ႊဘိုၿမိဳ႕နယ္တြင္ PDFအဖြဲ႕၏ Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ခဲ့မႈေၾကာင့္ (၁)ဦးေသဆုံးၿပီး (၃)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါျဖစ္စဥ္မွာ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီ ၂၆ ရက္)၊ ညေန ၆ နာရီခြဲအခ်ိန္ခန႔္က ေ႐ႊဘိုၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာရွိ မဟာပၪၥမရာမဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္း ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
PDF အမည္ခံအၾကမ္းဖက္သမားမ်ားေမာင္းႏွင္လာေသ Drone (၁) စင္းသည္ စစ္ေရးပစ္မွတ္မဟုတ္သည့္ ေ႐ႊဘိုၿမိဳ႕နယ္၊ ဇီးကုန္းေက်း႐ြာ၏ အေရွ႕ေတာင္ဘက္၊ အျမင့္မီတာ (၈၀၀) ခန႔္အကြာမွ ပ်ံသန္းလာၿပီး အဆိုပါေက်း႐ြာရွိ မဟာပၪၥမရာမဘုန္းေတာ္ႀကီးေက်ာင္းဝန္းအတြင္းသို႔ Drop Bomb မ်ားျဖင့္ ျဖဳတ္ခ်တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါတိုက္ခိုက္မႈေၾကာင့္ အျပစ္မဲ့ေဒသခံျပည္သူ (၁) ဦး ေသဆုံးၿပီး ကိုရင္ (၂) ပါးႏွင့္ ျပည္သူ (၁) ဦးတို႔တြင္ ဗုံးစထိမွန္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။ထို႔ေၾကာင့္ ဗုံးစထိမွန္ဒဏ္ရာရရွိခဲ့သူမ်ားကို ေက်း႐ြာရွိ က်န္းမာေရးဝန္ထမ္းမ်ားက လိုအပ္သည့္ ေဆးဝါးကုသမႈမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သိရွိရသည္။
အၾကမ္းဖက္သမားမ်ားအေနျဖင့္ ၎တို႔ကို ေထာက္ခံမႈမရွိသည့္ ေက်း႐ြာမ်ားကို Drop Bomb မ်ား ပစ္ခ်တိုက္ခိုက္ျခင္း၊ ေခ်ာင္းေျမာင္းပစ္ခတ္ျခင္း၊ မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားအား ဥပေဒမဲ့လုပ္ေဆာင္မႈမ်ားေၾကာင့္ အျပစ္မဲ့ေဒသခံ ျပည္သူမ်ား၊ ရဟန္းသံဃာမ်ား ေသဆုံး၊ ဒဏ္ရာရရွိမႈမ်ား မၾကာခဏျဖစ္ေပၚလ်က္ရွိေသာေၾကာင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက အဆိုပါေက်း႐ြာတစ္ဝိုက္ကို လိုအပ္သည့္ လုံၿခဳံေရးေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။