ရန်ကုန်မှ ရခိုင်သို့ပို့မည့် ငွေကျပ် ၁.၅၃ ဘီလျံခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူ(၆)ဦး ဖမ်းမိ

12534

ချယ်ရီ(NP News)-မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်မြို့နယ်တွင် ရန်ကုန်မှ ရခိုင်သို့ ပို့မည့် ငွေကျပ် (၁.၅၃)ဘီလျံခန့်ရှိ မူးယစ်ဆေးဝါးများနှင့်အတူ ကျူးလွန်သူ(၆)ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ချက်အရ ပြီးခဲ့သည့်(ဖေဖော်ဝါရီလ ၂၈ ရက်)တွင် ရန်ကုန်တိုင်းဒေသကြီးမှ ရခိုင်ပြည်နယ်သို့ မူးယစ်ဆေးဝါးများ သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပန်းတောင်းမြို့နယ်၊ ဘူးဘက်ကျေးရွာ စစ်ဆေးရေးဂိတ်၌ ပိတ်ဆို့စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာ သန်းအောင်ဆွေ၊ ကျော်ဝင်းထွန်းနှင့် ကျော်ဆန်းမင်းတို့လိုက်ပါလာသော ယာဉ်အမှတ် BGO-11/2R-2073 SOJEN အဖြူရောင်ကားပေါ်မှ စက္ကူပုံး (၆) ပုံးအတွင်း သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ် (၁.၅၃) ဘီလျံခန့်ရှိသော စိတ်ကြွရူးသွပ်ဆေးပြားပေါင်း (၁၀.၂)သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ကျော်ဇင်လတ်၊ ခင်မောင်မြင့်ရွှေ၊ ကြည်ကြည်ခိုင်တို့လိုက်ပါလာသော ယာဉ်အမှတ် YGN-41/HH-2534 Probox အဖြူရောင်ကားကိုလည်း ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်အရ ပြည်မြို့ရှိ ကုန်းမြင့်သာတည်းခိုခန်းတွင် ကျော်ဝင်းနှင့် သောင်းထွန်းတို့ကို ယာဉ်အမှတ် BGO-11/ 2P-6694 Daihatsu Hijet အစိမ်းရောင်ကားနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဖမ်းဆီးရမိသူ ကျော်ဝင်း၏ထွက်ဆိုချက်အရ ဖမ်းဆီးရန်ကျန်ရှိသော ကျော်လင်းနှင့် စိုင်းကျော်လှတို့မှ မူးယစ်ဆေးဝါးများကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည်ဖြစ်ရာ ရန်ကုန်မြို့သို့ ဦးစွာ ပို့ဆောင်ပေးရန် ငွေကျပ်သိန်း (၈၅၀) ဖြင့် ညှိနှိုင်းရာ သဘောတူခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ရောက်ရှိလာသော အဆိုပါမူးယစ်ဆေးဝါးများကို မအီမြို့နယ်၊ တလိုင်းတောင်ကျေးရွာသို့ ဆက်လက်ပို့ဆောင်ရန်အတွက် ခင်မောင်မြင့်ရွှေနှင့် ညှိနှိုင်းခဲ့ရာ ငွေကျပ်သိန်း ၃၅၀ ဖြင့် သဘောတူခဲ့ကြောင်း သိရသည်။
ဆက်လက်စစ်ဆေးချက်အရ ကျူးလွန်သူခင်မောင်မြင့်ရွှေ၏ ထွက်ဆိုချက်မှာ ကျော်ဝင်း၏စေခိုင်းမှုဖြင့် မူးယစ်ဆေးဝါးများကို ဇနီးဖြစ်သူ ကြည်ကြည်ခိုင်နှင့်အတူ သွားရောက်ပို့ဆောင်ရန် ကျော်ဇင်လတ်၏ Probox အဖြူရောင်ကားအား ငှားရမ်းခဲ့ပြီး မူးယစ်ဆေးဝါးများ သယ်ဆောင်ရန် ကျော်ဆန်းမင်း ပိုင်ဆိုင်သည့် SOJEN ကားကို ငှားရမ်း၍ အဆိုပါကားဖြင့် ကျော်ဆန်းမင်း၊ ယာဉ်မောင်း သန်းအောင်ဆွေနှင့် ယာဉ်နောက်လိုက် ကျော်ဝင်းထွန်းတို့ပါ လိုက်ပါရန် ချိတ်ဆက်ခဲ့ကြောင်း အမှုပေါ်ပေါက်ခဲ့သည်။
ထို့ကြောင့် တရားခံများကို ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးရန် ကျန်သူ(၂)ဦးဖြစ်သော ကျော်လင်းနှင့် စိုင်းကျော်လှတို့အပါအဝင် ဆက်စပ်တရားခံများကို ဖော်ထုတ်ဖမ်းဆီးရမိရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ရန္ကုန္မွ ရခိုင္သို႔ပို႔မည့္ ေငြက်ပ္ ၁.၅၃ ဘီလ်ံခန႔္ရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ က်ဴးလြန္သူ(၆)ဦး ဖမ္းမိ
ခ်ယ္ရီ(NP News)-မတ္ ၄
ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္ၿမိဳ႕နယ္တြင္ ရန္ကုန္မွ ရခိုင္သို႔ ပို႔မည့္ ေငြက်ပ္ (၁.၅၃)ဘီလ်ံခန႔္ရွိ မူးယစ္ေဆးဝါးမ်ားႏွင့္အတူ က်ဴးလြန္သူ(၆)ဦးကို ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။
တာဝန္သိျပည္သူတစ္ဦး၏ သတင္းေပးပို႔ခ်က္အရ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီလ ၂၈ ရက္)တြင္ ရန္ကုန္တိုင္းေဒသႀကီးမွ ရခိုင္ျပည္နယ္သို႔ မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္မည္ျဖစ္ေၾကာင္း သိရွိရသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ပန္းေတာင္းၿမိဳ႕နယ္၊ ဘူးဘက္ေက်း႐ြာ စစ္ေဆးေရးဂိတ္၌ ပိတ္ဆို႔စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔စစ္ေဆးရာ သန္းေအာင္ေဆြ၊ ေက်ာ္ဝင္းထြန္းႏွင့္ ေက်ာ္ဆန္းမင္းတို႔လိုက္ပါလာေသာ ယာဥ္အမွတ္ BGO-11/2R-2073 SOJEN အျဖဴေရာင္ကားေပၚမွ စကၠဴပုံး (၆) ပုံးအတြင္း သိုဝွက္သယ္ေဆာင္လာသည့္ ေငြက်ပ္ (၁.၅၃) ဘီလ်ံခန႔္ရွိေသာ စိတ္ႂကြ႐ူးသြပ္ေဆးျပားေပါင္း (၁၀.၂)သိန္းကို ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ေက်ာ္ဇင္လတ္၊ ခင္ေမာင္ျမင့္ေ႐ႊ၊ ၾကည္ၾကည္ခိုင္တို႔လိုက္ပါလာေသာ ယာဥ္အမွတ္ YGN-41/HH-2534 Probox အျဖဴေရာင္ကားကိုလည္း ဖမ္းဆီးရမိခဲ့ၿပီး ဖမ္းဆီးရမိသူမ်ား၏ ထြက္ဆိုခ်က္အရ ျပည္ၿမိဳ႕ရွိ ကုန္းျမင့္သာတည္းခိုခန္းတြင္ ေက်ာ္ဝင္းႏွင့္ ေသာင္းထြန္းတို႔ကို ယာဥ္အမွတ္ BGO-11/ 2P-6694 Daihatsu Hijet အစိမ္းေရာင္ကားႏွင့္အတူ ထပ္မံဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ဖမ္းဆီးရမိသူ ေက်ာ္ဝင္း၏ထြက္ဆိုခ်က္အရ ဖမ္းဆီးရန္က်န္ရွိေသာ ေက်ာ္လင္းႏွင့္ စိုင္းေက်ာ္လွတို႔မွ မူးယစ္ေဆးဝါးမ်ားကို ရခိုင္ျပည္နယ္သို႔ ပို႔ေဆာင္မည္ျဖစ္ရာ ရန္ကုန္ၿမိဳ႕သို႔ ဦးစြာ ပို႔ေဆာင္ေပးရန္ ေငြက်ပ္သိန္း (၈၅၀) ျဖင့္ ညႇိႏႈိင္းရာ သေဘာတူခဲ့ၿပီးေနာက္ ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိလာေသာ အဆိုပါမူးယစ္ေဆးဝါးမ်ားကို မအီၿမိဳ႕နယ္၊ တလိုင္းေတာင္ေက်း႐ြာသို႔ ဆက္လက္ပို႔ေဆာင္ရန္အတြက္ ခင္ေမာင္ျမင့္ေ႐ႊႏွင့္ ညႇိႏႈိင္းခဲ့ရာ ေငြက်ပ္သိန္း ၃၅၀ ျဖင့္ သေဘာတူခဲ့ေၾကာင္း သိရသည္။
ဆက္လက္စစ္ေဆးခ်က္အရ က်ဴးလြန္သူခင္ေမာင္ျမင့္ေ႐ႊ၏ ထြက္ဆိုခ်က္မွာ ေက်ာ္ဝင္း၏ေစခိုင္းမႈျဖင့္ မူးယစ္ေဆးဝါးမ်ားကို ဇနီးျဖစ္သူ ၾကည္ၾကည္ခိုင္ႏွင့္အတူ သြားေရာက္ပို႔ေဆာင္ရန္ ေက်ာ္ဇင္လတ္၏ Probox အျဖဴေရာင္ကားအား ငွားရမ္းခဲ့ၿပီး မူးယစ္ေဆးဝါးမ်ား သယ္ေဆာင္ရန္ ေက်ာ္ဆန္းမင္း ပိုင္ဆိုင္သည့္ SOJEN ကားကို ငွားရမ္း၍ အဆိုပါကားျဖင့္ ေက်ာ္ဆန္းမင္း၊ ယာဥ္ေမာင္း သန္းေအာင္ေဆြႏွင့္ ယာဥ္ေနာက္လိုက္ ေက်ာ္ဝင္းထြန္းတို႔ပါ လိုက္ပါရန္ ခ်ိတ္ဆက္ခဲ့ေၾကာင္း အမႈေပၚေပါက္ခဲ့သည္။
ထို႔ေၾကာင့္ တရားခံမ်ားကို ဥပေဒအရ ထိေရာက္စြာအေရးယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္းႏွင့္ ဖမ္းဆီးရန္ က်န္သူ(၂)ဦးျဖစ္ေသာ ေက်ာ္လင္းႏွင့္ စိုင္းေက်ာ္လွတို႔အပါအဝင္ ဆက္စပ္တရားခံမ်ားကို ေဖာ္ထုတ္ဖမ္းဆီးရမိေရးအတြက္ ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။