ပင်လယ်နီမှာ ပျံသန်းနေတဲ့ MQ-9ဒရုန်းတစ်စင်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ အမေရိကန်စစ်ဘက်ပြော

429

Pika
ယခုသီတင်းပတ်အတွင်း ပင်လယ်နီမှာ ပျံသန်းမှုတွေလုပ်ဆောင်နေတဲ့ အမေရိကန်ဒေါ်လာ(၃၃)သန်းကျော် တန်ဖိုးရှိ MQ-9 ဒရုန်းတစ်စင်းနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်လို့ အမေရိကန်လေတပ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
MQ-9ဒရုန်းဟာ ယီမင်အခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေလုပ်ဆောင်နေတဲ့ အမေရိကန်စစ်တပ်ရဲ့ စစ်ဆင်ရေးတစ်စိတ်တစ်ပိုင်းအနေနဲ့ ပျံသန်းမှုတွေလုပ်ဆောင်နေစဉ် ယခုလိုအဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ အမေရိကန်လေတပ်က ပြောဆိုခဲ့ပါတယ်။
အမေရိကန်အရာရှိတစ်ဦးက”အဆက်အသွယ်ပြတ်တောက်သွားရတဲ့ အကြောင်းအရင်းနဲ့ နောက်ဆက်တွဲအရေးယူမှုတွေကို ဆုံးဖြတ်ဖို့အတွက် အဖြစ်အပျက်တွေအားလုံးကို ကျွန်တော်တို့အကဲဖြတ်နေပါတယ်”လို့ပြောဆိုခဲ့ပါတယ်။
ယီမင်နိုင်ငံ Hodeidahမြို့အပေါ်မှာ ပျံသန်းနေပြီး ရန်လိုတဲ့မစ်ရှင်တွေ လုပ်ဆောင်နေတဲ့ MQ-9ဒရုန်းတစ်စင်းကို ပစ်ချခဲ့တယ်လို့ ဟူသီလက်နက်ကိုင်အဖွဲ့က မတ်လ(၄)ရက်နေ့မှာ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဂါဇာကမ်းမြောင်ဒေသမှာ စစ်ပွဲတွေစတင်ဖြစ်ပွားခဲ့တဲ့ (၂၀၂၃)ခုနှစ်ကနေစတင်ပြီး အမေရိကန်ရဲ့ MQ-9ဒရုန်းအစင်းရေ အနည်းဆုံး(၁၅)စင်းကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ဟူသီလက်နက်ကိုင်အဖွဲ့ကပြောကြားခဲ့ပါတယ်။
ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့အနေနဲ့ ပင်လယ်နီအတွင်း သွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဒရုန်းတွေ၊ဒုံးကျည်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အမေရိကန်ဟာ ပင်လယ်နီအတွင်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းရေတပ် တပ်ဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။
Zawgyi Version:
ပင္လယ္နီမွာ ပ်ံသန္းေနတဲ့ MQ-9ဒ႐ုန္းတစ္စင္းနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တယ္လို႔ အေမရိကန္စစ္ဘက္ေျပာ
Pika
ယခုသီတင္းပတ္အတြင္း ပင္လယ္နီမွာ ပ်ံသန္းမႈေတြလုပ္ေဆာင္ေနတဲ့ အေမရိကန္ေဒၚလာ(၃၃)သန္းေက်ာ္ တန္ဖိုးရွိ MQ-9 ဒ႐ုန္းတစ္စင္းနဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တယ္လို႔ အေမရိကန္ေလတပ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
MQ-9ဒ႐ုန္းဟာ ယီမင္အေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြလုပ္ေဆာင္ေနတဲ့ အေမရိကန္စစ္တပ္ရဲ႕ စစ္ဆင္ေရးတစ္စိတ္တစ္ပိုင္းအေနနဲ႔ ပ်ံသန္းမႈေတြလုပ္ေဆာင္ေနစဥ္ ယခုလိုအဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာျဖစ္တယ္လို႔ အေမရိကန္ေလတပ္က ေျပာဆိုခဲ့ပါတယ္။
အေမရိကန္အရာရွိတစ္ဦးက”အဆက္အသြယ္ျပတ္ေတာက္သြားရတဲ့ အေၾကာင္းအရင္းနဲ႔ ေနာက္ဆက္တြဲအေရးယူမႈေတြကို ဆုံးျဖတ္ဖို႔အတြက္ အျဖစ္အပ်က္ေတြအားလုံးကို ကြၽန္ေတာ္တို႔အကဲျဖတ္ေနပါတယ္”လို႔ေျပာဆိုခဲ့ပါတယ္။
ယီမင္ႏိုင္ငံ Hodeidahၿမိဳ႕အေပၚမွာ ပ်ံသန္းေနၿပီး ရန္လိုတဲ့မစ္ရွင္ေတြ လုပ္ေဆာင္ေနတဲ့ MQ-9ဒ႐ုန္းတစ္စင္းကို ပစ္ခ်ခဲ့တယ္လို႔ ဟူသီလက္နက္ကိုင္အဖြဲ႕က မတ္လ(၄)ရက္ေန႔မွာ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ဂါဇာကမ္းေျမာင္ေဒသမွာ စစ္ပြဲေတြစတင္ျဖစ္ပြားခဲ့တဲ့ (၂၀၂၃)ခုႏွစ္ကေနစတင္ၿပီး အေမရိကန္ရဲ႕ MQ-9ဒ႐ုန္းအစင္းေရ အနည္းဆုံး(၁၅)စင္းကို ပစ္ခ်ႏိုင္ခဲ့တယ္လို႔လည္း ဟူသီလက္နက္ကိုင္အဖြဲ႕ကေျပာၾကားခဲ့ပါတယ္။
ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အစၥေရး-ဟားမက္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ပါလက္စတိုင္းျပည္သူေတြကို ေထာက္ခံတဲ့အေနနဲ႔ ပင္လယ္နီအတြင္း သြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဒ႐ုန္းေတြ၊ဒုံးက်ည္ေတြနဲ႔ ပစ္မွတ္ထား တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။
အေမရိကန္ဟာ ပင္လယ္နီအတြင္းသြားလာေနတဲ့ ကုန္တင္သေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ထားတိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔အတြက္ ႏိုင္ငံေပါင္းစုံပါဝင္တဲ့ ၫြန႔္ေပါင္းေရတပ္ တပ္ဖြဲ႕တစ္ခုကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။