နောက်ဆုံးအဆင့်လူနာကို ပြန်သယ်လာသောပရဟိတယာဥ်တစ်စီး စက်ချို့ယွင်းမှုကြောင့် လမ်းဘေးသစ်ပင်ကို ဝင်တိုက်မိရာ (၆)ဦးဒဏ်ရာရ

 1432

သန့်ဇင်(NP News)-မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်တွင် နောက်ဆုံးအဆင့်လူနာကို ပြန်သယ်လာသော ပရဟိတယာဥ်သည် စက်ချို့ယွင်းမှုဖြစ်ပွားခဲ့ရာ လမ်းဘေးသစ်ပင်ကိုဝင်တိုက်မိသည့်အတွက် (၆)ဦးဒဏ်ရာရရှိခဲ့ကြောင်း လင်းလက် လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(မတ်လ ၁၄ ရက်)၊ ညနေပိုင်းအချိန်ခန့်က အလုံမြို့နယ်၊ အောင်ရတနာလမ်း နှင့် အောက်ကြည့်မြင်တိုင်လမ်းထောင့်၊ သခင်မြပန်းခြံအနီးတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကားက စီယာတိုင်လှည့်မရဖြစ်ပြီး လမ်းဘေးကသစ်ပင်ကိုဝင်တိုက်မိတာပေါ့နော်။ စက်ချို့ယွင်းမှုဖြစ်ပြီးတော့ ရုတ်တရက်ဖြစ်သွားတာ ပေါ့။ စီယာတိုင် Lock ကျချင်သလိုဖြစ်သွားတာလား။ ဘယ်လိုဖြစ်သွားတာလဲတော့ မသိဘူး” ဟု လင်းလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် လူနာတင်ယာဉ်မှာ ကျိုက်လတ်မြို့မှ ရှမ်းကျောင်းစာသင်တိုက်အရှေ့ပိုင်း လူငယ် လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဉ်ဖြစ်ပြီး ယာဉ်ပေါ်မှာ အမျိုးသား(၅)ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ထိခိုက် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“တစ်ဦး သေဆုံးတယ်ဆိုတာက နှလုံးသွေးကြောပိတ်ပြီးတော့ နဂိုကတည်းက အခြေအနေမကောင်းလို့ ဆေးရုံက ပြန်သယ်မယ်ပေါ့နော်။ အဲဒီလိုနဲ့ ဆေးရုံကဆင်းခွင့်ပေးလိုက်တော့ (လူနာ)အန်ကယ်ကတော့ နဂိုတည်းက အသက်ပါမလာတော့ဘူးပေါ့နော်။ ယာဉ်တိုက်မှုကြောင့် ဆုံးတာ မဟုတ်ဘူး။ အန်ကယ်မှာလည်း ဒဏ်ရာမရှိပါဘူး။ ဒဏ်ရာရတာကတော့ ယာဉ်မောင်းက မေးကွဲတာနဲ့ ကျန်တဲ့လူတွေ ပွန်းပဲ့လောက်ပဲရတာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေနာက္ဆုံးအဆင့္လူနာကို ျပန္သယ္လာေသာပရဟိတယာဥ္တစ္စီး စက္ခ်ိဳ႕ယြင္းမႈေၾကာင့္ လမ္းေဘးသစ္ပင္ကို ဝင္တိုက္မိရာ (၆)ဦးဒဏ္ရာရ
သန႔္ဇင္(NP News)-မတ္ ၁၅

ရန္ကုန္တိုင္းေဒသႀကီး၊ အလုံၿမိဳ႕နယ္တြင္ ေနာက္ဆုံးအဆင့္လူနာကို ျပန္သယ္လာေသာ ပရဟိတယာဥ္သည္ စက္ခ်ိဳ႕ယြင္းမႈျဖစ္ပြားခဲ့ရာ လမ္းေဘးသစ္ပင္ကိုဝင္တိုက္မိသည့္အတြက္ (၆)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း လင္းလက္ လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔(မတ္လ ၁၄ ရက္)၊ ညေနပိုင္းအခ်ိန္ခန႔္က အလုံၿမိဳ႕နယ္၊ ေအာင္ရတနာလမ္း ႏွင့္ ေအာက္ၾကည့္ျမင္တိုင္လမ္းေထာင့္၊ သခင္ျမပန္းၿခံအနီးတြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
“ကားက စီယာတိုင္လွည့္မရျဖစ္ၿပီး လမ္းေဘးကသစ္ပင္ကိုဝင္တိုက္မိတာေပါ့ေနာ္။ စက္ခ်ိဳ႕ယြင္းမႈျဖစ္ၿပီးေတာ့ ႐ုတ္တရက္ျဖစ္သြားတာ ေပါ့။ စီယာတိုင္ Lock က်ခ်င္သလိုျဖစ္သြားတာလား။ ဘယ္လိုျဖစ္သြားတာလဲေတာ့ မသိဘူး” ဟု လင္းလက္လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည့္ လူနာတင္ယာဥ္မွာ က်ိဳက္လတ္ၿမိဳ႕မွ ရွမ္းေက်ာင္းစာသင္တိုက္အေရွ႕ပိုင္း လူငယ္ လူမႈကူညီေရးအသင္းပိုင္ လူနာတင္ယာဥ္ျဖစ္ၿပီး ယာဥ္ေပၚမွာ အမ်ိဳးသား(၅)ဦးႏွင့္ အမ်ိဳးသမီးတစ္ဦးတို႔ ထိခိုက္ ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
“တစ္ဦး ေသဆုံးတယ္ဆိုတာက ႏွလုံးေသြးေၾကာပိတ္ၿပီးေတာ့ နဂိုကတည္းက အေျခအေနမေကာင္းလို႔ ေဆး႐ုံက ျပန္သယ္မယ္ေပါ့ေနာ္။ အဲဒီလိုနဲ႔ ေဆး႐ုံကဆင္းခြင့္ေပးလိုက္ေတာ့ (လူနာ)အန္ကယ္ကေတာ့ နဂိုတည္းက အသက္ပါမလာေတာ့ဘူးေပါ့ေနာ္။ ယာဥ္တိုက္မႈေၾကာင့္ ဆုံးတာ မဟုတ္ဘူး။ အန္ကယ္မွာလည္း ဒဏ္ရာမရွိပါဘူး။ ဒဏ္ရာရတာကေတာ့ ယာဥ္ေမာင္းက ေမးကြဲတာနဲ႔ က်န္တဲ့လူေတြ ပြန္းပဲ့ေလာက္ပဲရတာပါ” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေၾကာင့္ ထိခိုက္ဒဏ္ရာရရွိသူမ်ားအား ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.