ယူကရိန်းမှာ နေတိုးအဖွဲ့ရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေရှိနေတာက စစ်ပွဲကို ဆိုလိုတာဖြစ်တယ်လို့ ရုရှားအစိုးရပြော

232

Pika (NP News) - မတ် ၁၇
ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုဟာ နေတိုးအဖွဲ့နဲ့ ရုရှားတို့ကြား အလုံးစုံ စစ်ပွဲကို ဖြစ်ပေါ်လာစေလိမ့်မယ်လို့ ရုရှားသမ္မတဟောင်း ဒီမစ်ထရီမက်ဗီဒက်က သတိပေးပြောဆိုခဲ့ ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဗြိတိန်နဲ့ပြင်သစ်တို့ရဲ့ခေါင်းဆောင်တွေဟာ ယူကရိန်းမှာ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒီမစ်ထရီမက်ဗီဒက်က “ငြိမ်းချမ်းရေးတပ်ဖွဲ့တွေဟာ နေတိုးမဟုတ်တဲ့နိုင်ငံတွေကဖြစ်ရမယ်လို့ အကြိမ်ပေါင်း များစွာ ပြောခဲ့ပြီးပါပြီ။ အဲဒါက ယူကရိန်းကို စစ်ဘက်ဆိုင်ရာအကူအညီတွေ ပေးအပ်ချင်နေတာမျိုးပါပဲ။ ဒါက နေတိုးအဖွဲ့နဲ့ ရုရှားကြား စစ်ပွဲဖြစ်ပွားလာမှာကို ဆိုလိုတာပါ။သူတို့တွေဟာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နဲ့ တိုင်ပင်မှုတွေကို လုပ်ဆောင်သင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားမှုဟာ ရုရှားနဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲမှာ နေတိုးအဖွဲ့က သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ ပါဝင်ပတ်သက်နေတာမျိုးဖြစ်တယ်လို့ ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ဗ်က ယခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ရုရှားနဲ့ ယူကရိန်းကြား ရက်ပေါင်း(၃၀)ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ အမေရိကန်က ကြိုးပမ်းနေစဉ်အချိန်အတွင်းမှာ ယခုလိုသတိပေး ပြောဆိုမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version:
ယူကရိန္းမွာ ေနတိုးအဖြဲ႕ရဲ႕ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြရွိေနတာက စစ္ပြဲကို ဆိုလိုတာျဖစ္တယ္လို႔ ႐ုရွားအစိုးရေျပာ
Pika (NP News) - မတ္ ၁၇
ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားမႈဟာ ေနတိုးအဖြဲ႕နဲ႔ ႐ုရွားတို႔ၾကား အလုံးစုံ စစ္ပြဲကို ျဖစ္ေပၚလာေစလိမ့္မယ္လို႔ ႐ုရွားသမၼတေဟာင္း ဒီမစ္ထရီမက္ဗီဒက္က သတိေပးေျပာဆိုခဲ့ ပါတယ္။
ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း ၿဗိတိန္နဲ႔ျပင္သစ္တို႔ရဲ႕ေခါင္းေဆာင္ေတြဟာ ယူကရိန္းမွာ ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ဒီမစ္ထရီမက္ဗီဒက္က “ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြဟာ ေနတိုးမဟုတ္တဲ့ႏိုင္ငံေတြကျဖစ္ရမယ္လို႔ အႀကိမ္ေပါင္း မ်ားစြာ ေျပာခဲ့ၿပီးပါၿပီ။ အဲဒါက ယူကရိန္းကို စစ္ဘက္ဆိုင္ရာအကူအညီေတြ ေပးအပ္ခ်င္ေနတာမ်ိဳးပါပဲ။ ဒါက ေနတိုးအဖြဲ႕နဲ႔ ႐ုရွားၾကား စစ္ပြဲျဖစ္ပြားလာမွာကို ဆိုလိုတာပါ။သူတို႔ေတြဟာ အေမရိကန္သမၼတေဒၚနယ္ထရမ့္နဲ႔ တိုင္ပင္မႈေတြကို လုပ္ေဆာင္သင့္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ယူကရိန္းကို ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြရဲ႕ၿငိမ္းခ်မ္းေရးတပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားမႈဟာ ႐ုရွားနဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲမွာ ေနတိုးအဖြဲ႕က သြယ္ဝိုက္တဲ့နည္းလမ္းေတြနဲ႔ ပါဝင္ပတ္သက္ေနတာမ်ိဳးျဖစ္တယ္လို႔ ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ယခင္က ထုတ္ေဖာ္ေျပာဆိုခဲ့ဖူးပါတယ္။ ႐ုရွားနဲ႔ ယူကရိန္းၾကား ရက္ေပါင္း(၃၀)ၾကာ အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ရရွိဖို႔ အေမရိကန္က ႀကိဳးပမ္းေနစဥ္အခ်ိန္အတြင္းမွာ ယခုလိုသတိေပး ေျပာဆိုမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။