အမေရိကန်ပညာရေးဌာနကို ဖျက်သိမ်းကြောင်း သမ္မတဒေါ်နယ်ထရမ့် အမိန့်ထုတ်ပြန်

 805

ဂျန်ဇက် (NP News) - မတ် ၂၁

အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရမ့်တာဝန် ယူပြီးနောက်မကြာမီ စည်းကမ်းအမိန့်များတစ်ခုပြီး တစ်ခုထုတ်ပြန်ခဲ့ရာ မတ်လ(၂၀)ရက်ကလည်း အမေရိကန်ပညာရေးဌာနကို ဖျက်သိမ်းမည်ဆိုသော အမိန့်ကိုထုတ်ပြန်လိုက်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အိမ်ဖြူတော်ရှိ East Room အခန်းရှိခုံတွင်ထိုင်ပြီး ကျောင်းသားအရွယ် ကလေးငယ်များဝန်းရံလျက် အမေရိကန်ပညာရေးဌာ နကို ဖျက်သိမ်းကြောင်းအမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ် သည်။ ဒေါ်နယ်ထရမ့် အမေရိကန်ဖက်ဒရယ် ပညာ ရေးဌာနကို ဖျက်သိမ်းမှုစတင်လိုက်ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်နိုင်ငံတွင် လွတ်ကင်းသောပြည်နယ်များကို ပြည်နယ်တစ်ခုချင်း စီမှကျောင်းများဖွင့်ပေးစေလိုသော အခွင့်အရေးက ဆယ်စုနှစ်များစွာ သက်တမ်းရှိရည်မှန်းချက်တစ်ခုဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က"ကျွန်တော်တို့ဟာ ပညာရေးဌာနတွေကို ပိတ်သွားမှာပါ၊ အမြန်ဆုံး ပိတ်ပင်သွားမယ်။ ပြည်နယ်တွေကို ကိုယ် ပိုင်ပညာရေးစနစ် ပြန်လည်လုပ်ဆောင်ခွင့်ပေးလို တယ်"ဟုပြောသည်။

အမေရိကန်နိုင်ငံ၏ ပညာရေးဌာနကို (၁၉၇၉)ခုနှစ်ကတည်းက စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အမေရိကန်အောက်လွှတ်တော်၏ ခွင့်ပြုချက်မရှိဘဲ ပိတ်ပင်ခွင့်မရှိသည့် ပြဌာန်းချက်များရှိနေကြောင်း သိရသည်။ အမေရိကန်သမ္မဒေါ်နယ်ထရမ့်၏အမိန့် သည် အမေရိကန်ပညာရေးဌာနရှိ ဝန်ထမ်းများ နှင့် ရန်ပုံငွေပိုင်းကိုကြီးမားသည့် သက်ရောက်မှုများရှိလာနိုင်ကြောင်း သိရသည်။

ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလအတွင်း ပညာ ရေးဌာနကို ဖျက်သိမ်းမည်ဆိုသော ကတိကိုပေးခဲ့ဖူး ရာ လက်ရှိအချိန်တွင် ကတိကိုအကောင်ထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အမေရိကန်ပညာရေး ဝန်ကြီး လင်ဒါမက်မဟွန်သည် အမေရိကန်သမ္မတ ၏အမိန့်ကြောင့် အမေရိကန်ပညာရေးဌာနကို ဖျက်သိမ်းပြီး ပြည်နယ်များကို ကိုယ်ပိုင်ပညာရေးစနစ်လုပ် ခွင့်ပေးရန်အတွက် လိုအပ်သောအစီအစဉ်များကို လုပ်ကိုင်ရဖွယ်ရှိနေကြောင်းသိရသည်။

ပညာရေးဌာနကို ဖျက်သိမ်းသည့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်၏အမိန့်ကို ဝေဖန်ပြစ်တင်မှု များရှိနေပြီး ဒီမိုကရက်တစ်ပါတီဝင်များ၊ ပညာရေး ဌာနတာဝန်ရှိသူများက ဝေဖန်ပြစ်တင်နေကြောင်း သိရသည်။ ဒီမိုကရက်တစ်ပါတီ၏ ထိပ်တန်းအမတ် တစ်ဦးက ဒေါ်နယ်ထရမ့်လုပ်ဖူးသမျှ အဆိုးရွားဆုံး အမိန့်များထဲတွင်ပညာရေးဌာနကို ဖျက်သိမ်းသည့်အမိန့်က ထိပ်ဆုံးတွင်ပါဝင်ကြောင်းဝေဖန်ခဲ့သည်။အမေရိကန်ပညာရေးဌာနသည် (၁၉၇၀)ခုနှစ် နောက်ပိုင်းကတည်းက မူကြိုအရွယ်ကျောင်းသားများ အတွက် အသုံးစရိတ်ကို (၂၄၅)ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးစွဲခဲ့သော်လည်း အစိုးရပိုင်ကျောင်းများ တွင် သင်္ချာနှင့်စာဖတ်မှုစွမ်းရည်ပိုင်းလျော့နည်းအား နည်းခဲ့ကြောင်း သိရသည်။ အမေရိကန်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်းလီဗစ်က ပညာရေးဌာ နကိုဖျက်သိမ်းလိုက်သော်လည်း ကျောင်းသားများကို အတိုးဖြင့်ငွေချေးပေးခြင်းကို ဆက်လက်လုပ်ကိုင်မည်ဟု ပြောသည်။

zawgyi version
အေမရိကန္ပညာေရးဌာနကို ဖ်က္သိမ္းေၾကာင္း သမၼတေဒၚနယ္ထရမ့္ အမိန႔္ထုတ္ျပန္
ဂ်န္ဇက္ (NP News) - မတ္ ၂၁

အေမရိကန္သမၼတအျဖစ္ ေဒၚနယ္ထရမ့္တာဝန္ ယူၿပီးေနာက္မၾကာမီ စည္းကမ္းအမိန႔္မ်ားတစ္ခုၿပီး တစ္ခုထုတ္ျပန္ခဲ့ရာ မတ္လ(၂၀)ရက္ကလည္း အေမရိကန္ပညာေရးဌာနကို ဖ်က္သိမ္းမည္ဆိုေသာ အမိန႔္ကိုထုတ္ျပန္လိုက္ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္သည္ အိမ္ျဖဴေတာ္ရွိ East Room အခန္းရွိခုံတြင္ထိုင္ၿပီး ေက်ာင္းသားအ႐ြယ္ ကေလးငယ္မ်ားဝန္းရံလ်က္ အေမရိကန္ပညာေရးဌာ နကို ဖ်က္သိမ္းေၾကာင္းအမိန႔္ကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ သည္။ ေဒၚနယ္ထရမ့္ အေမရိကန္ဖက္ဒရယ္ ပညာ ေရးဌာနကို ဖ်က္သိမ္းမႈစတင္လိုက္ၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့သည္။ အေမရိကန္ႏိုင္ငံတြင္ လြတ္ကင္းေသာျပည္နယ္မ်ားကို ျပည္နယ္တစ္ခုခ်င္း စီမွေက်ာင္းမ်ားဖြင့္ေပးေစလိုေသာ အခြင့္အေရးက ဆယ္စုႏွစ္မ်ားစြာ သက္တမ္းရွိရည္မွန္းခ်က္တစ္ခုျဖစ္သည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္က"ကြၽန္ေတာ္တို႔ဟာ ပညာေရးဌာနေတြကို ပိတ္သြားမွာပါ၊ အျမန္ဆုံး ပိတ္ပင္သြားမယ္။ ျပည္နယ္ေတြကို ကိုယ္ ပိုင္ပညာေရးစနစ္ ျပန္လည္လုပ္ေဆာင္ခြင့္ေပးလို တယ္"ဟုေျပာသည္။

အေမရိကန္ႏိုင္ငံ၏ ပညာေရးဌာနကို (၁၉၇၉)ခုႏွစ္ကတည္းက စတင္ဖြဲ႕စည္းတည္ေထာင္ခဲ့ၿပီး အေမရိကန္ေအာက္လႊတ္ေတာ္၏ ခြင့္ျပဳခ်က္မရွိဘဲ ပိတ္ပင္ခြင့္မရွိသည့္ ျပဌာန္းခ်က္မ်ားရွိေနေၾကာင္း သိရသည္။ အေမရိကန္သမၼေဒၚနယ္ထရမ့္၏အမိန႔္ သည္ အေမရိကန္ပညာေရးဌာနရွိ ဝန္ထမ္းမ်ား ႏွင့္ ရန္ပုံေငြပိုင္းကိုႀကီးမားသည့္ သက္ေရာက္မႈမ်ားရွိလာႏိုင္ေၾကာင္း သိရသည္။

ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲ မဲဆြယ္စည္း႐ုံးေရးကာလအတြင္း ပညာ ေရးဌာနကို ဖ်က္သိမ္းမည္ဆိုေသာ ကတိကိုေပးခဲ့ဖူး ရာ လက္ရွိအခ်ိန္တြင္ ကတိကိုအေကာင္ထည္ေဖာ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ အေမရိကန္ပညာေရး ဝန္ႀကီး လင္ဒါမက္မဟြန္သည္ အေမရိကန္သမၼတ ၏အမိန႔္ေၾကာင့္ အေမရိကန္ပညာေရးဌာနကို ဖ်က္သိမ္းၿပီး ျပည္နယ္မ်ားကို ကိုယ္ပိုင္ပညာေရးစနစ္လုပ္ ခြင့္ေပးရန္အတြက္ လိုအပ္ေသာအစီအစဥ္မ်ားကို လုပ္ကိုင္ရဖြယ္ရွိေနေၾကာင္းသိရသည္။

ပညာေရးဌာနကို ဖ်က္သိမ္းသည့္ အေမရိကန္ သမၼတေဒၚနယ္ထရမ့္၏အမိန႔္ကို ေဝဖန္ျပစ္တင္မႈ မ်ားရွိေနၿပီး ဒီမိုကရက္တစ္ပါတီဝင္မ်ား၊ ပညာေရး ဌာနတာဝန္ရွိသူမ်ားက ေဝဖန္ျပစ္တင္ေနေၾကာင္း သိရသည္။ ဒီမိုကရက္တစ္ပါတီ၏ ထိပ္တန္းအမတ္ တစ္ဦးက ေဒၚနယ္ထရမ့္လုပ္ဖူးသမွ် အဆိုး႐ြားဆုံး အမိန႔္မ်ားထဲတြင္ပညာေရးဌာနကို ဖ်က္သိမ္းသည့္အမိန႔္က ထိပ္ဆုံးတြင္ပါဝင္ေၾကာင္းေဝဖန္ခဲ့သည္။အေမရိကန္ပညာေရးဌာနသည္ (၁၉၇၀)ခုႏွစ္ ေနာက္ပိုင္းကတည္းက မူႀကိဳအ႐ြယ္ေက်ာင္းသားမ်ား အတြက္ အသုံးစရိတ္ကို (၂၄၅)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သုံးစြဲခဲ့ေသာ္လည္း အစိုးရပိုင္ေက်ာင္းမ်ား တြင္ သခ်ၤာႏွင့္စာဖတ္မႈစြမ္းရည္ပိုင္းေလ်ာ့နည္းအား နည္းခဲ့ေၾကာင္း သိရသည္။ အေမရိကန္အစိုးရအဖြဲ႕ေျပာေရးဆိုခြင့္ရွိသူ ကာ႐ိုလိုင္းလီဗစ္က ပညာေရးဌာ နကိုဖ်က္သိမ္းလိုက္ေသာ္လည္း ေက်ာင္းသားမ်ားကို အတိုးျဖင့္ေငြေခ်းေပးျခင္းကို ဆက္လက္လုပ္ကိုင္မည္ဟု ေျပာသည္။

Related news

© 2021. All rights reserved.