ဂါဇာတောင်ပိုင်းမှာ လုံခြုံရေးဇုန်ကို တိုးချဲ့ဖို့အတွက် မြေပြင်လှုပ်ရှားမှုတွေကို အစ္စရေးစစ်တပ်စတင်

221

Pika (NP News) - မတ် ၃ဝ
ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းက လုံခြုံရေးဇုန်အဖြစ် သတ်မှတ်ထားတဲ့ဧရိယာကို တိုးချဲ့ဖို့အတွက် ရာဖဲလ်မြို့ Jneina ရပ်ကွက်မှာ မြေပြင်လှုပ်ရှားမှုတွေကို စတင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် အစ္စရေးဟာ ဓါးစာခံတွေပြန်လွှတ်ပေးဖို့အတွက် ဟားမက်လက်နက်ကိုင်အဖွဲ့ကို ဖိအားတိုးမြှင့်ပေးဖို့ ရည်ရွယ်ထားတဲ့လေကြောင်းနဲ့ မြေပြင်စစ်ဆင်ရေးတွေကို ပြီးခဲ့တဲ့မတ်လ(၁၈)ရက်မှာ ပြန်လည်စတင်ခဲ့တယ်လို့ လည်း သိရပါတယ်။
အစ္စရေးက ဓါးစာခံတွေကို ပြန်လည်ရယူနိုင်ဖို့အတွက် အင်အားသုံးဖို့ ကြိုးပမ်းတာတွေနဲ့ ဂါဇာကမ်းမြောင် ဒေသ အပေါ် လေကြောင်းကနေတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဓါးစာခံတွေ အသတ်ခံရနိုင် တယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းမှာ သတိပေးပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ အစ္စရေးက ဂါဇာကမ်းမြောင်ဒေသအပေါ် စစ်ဆင်ရေးတွေ ပြန်လည်စတင်ပြီးနောက်ပိုင်းကတည်းက ပါလက်စတိုင်း အနည်းဆုံး (၈၃၀) ဦး သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။
ဒါ့ပြင် ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ကျန်ရှိနေတဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေးဖို့ ငြင်းဆိုခဲ့မယ်ဆိုရင် အစ္စရေးက ဂါဇာကမ်းမြောင်ဒေသရဲ့နောက်ထပ်နယ်မြေတွေကို သိမ်းယူသွားမယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက မတ်လ(၂၆)ရက်မှာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ နေတန်ရာဟုက “ကျွန်တော်တို့ရဲ့ဓါးစာခံတွေကို ပြန်လွှတ်ပေး ဖို့ ဟားမက်လက်နက်ကိုင်အဖွဲ့က ငြင်းဆိုလေလေ ကျွန်တော်တို့ဘက်က ဖိအားပိုပေးလေလေပါပဲ” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
ဂါဇာေတာင္ပိုင္းမွာ လုံၿခဳံေရးဇုန္ကို တိုးခ်ဲ႕ဖို႔အတြက္ ေျမျပင္လႈပ္ရွားမႈေတြကို အစၥေရးစစ္တပ္စတင္
Pika (NP News) - မတ္ ၃ဝ
ဂါဇာကမ္းေျမာင္ေဒသေတာင္ပိုင္းက လုံၿခဳံေရးဇုန္အျဖစ္ သတ္မွတ္ထားတဲ့ဧရိယာကို တိုးခ်ဲ႕ဖို႔အတြက္ ရာဖဲလ္ၿမိဳ႕ Jneina ရပ္ကြက္မွာ ေျမျပင္လႈပ္ရွားမႈေတြကို စတင္ခဲ့တယ္လို႔ အစၥေရးစစ္တပ္က ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ အစၥေရးဟာ ဓါးစာခံေတြျပန္လႊတ္ေပးဖို႔အတြက္ ဟားမက္လက္နက္ကိုင္အဖြဲ႕ကို ဖိအားတိုးျမႇင့္ေပးဖို႔ ရည္႐ြယ္ထားတဲ့ေလေၾကာင္းနဲ႔ ေျမျပင္စစ္ဆင္ေရးေတြကို ၿပီးခဲ့တဲ့မတ္လ(၁၈)ရက္မွာ ျပန္လည္စတင္ခဲ့တယ္လို႔ လည္း သိရပါတယ္။
အစၥေရးက ဓါးစာခံေတြကို ျပန္လည္ရယူႏိုင္ဖို႔အတြက္ အင္အားသုံးဖို႔ ႀကိဳးပမ္းတာေတြနဲ႔ ဂါဇာကမ္းေျမာင္ ေဒသ အေပၚ ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ ဆက္လက္လုပ္ေဆာင္ေနမယ္ဆိုရင္ ဓါးစာခံေတြ အသတ္ခံရႏိုင္ တယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ သတိေပးေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသအေပၚ စစ္ဆင္ေရးေတြ ျပန္လည္စတင္ၿပီးေနာက္ပိုင္းကတည္းက ပါလက္စတိုင္း အနည္းဆုံး (၈၃၀) ဦး ေသဆုံးခဲ့တယ္လို႔ ပါလက္စတိုင္းက်န္းမာေရးဝန္ႀကီးဌာနရဲ႕ ထုတ္ျပန္ခ်က္ အရ သိရပါတယ္။
ဒါ့ျပင္ ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ က်န္ရွိေနတဲ့ဓါးစာခံေတြကို ျပန္လႊတ္ေပးဖို႔ ျငင္းဆိုခဲ့မယ္ဆိုရင္ အစၥေရးက ဂါဇာကမ္းေျမာင္ေဒသရဲ႕ေနာက္ထပ္နယ္ေျမေတြကို သိမ္းယူသြားမယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက မတ္လ(၂၆)ရက္မွာ ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ ေနတန္ရာဟုက “ကြၽန္ေတာ္တို႔ရဲ႕ဓါးစာခံေတြကို ျပန္လႊတ္ေပး ဖို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ျငင္းဆိုေလေလ ကြၽန္ေတာ္တို႔ဘက္က ဖိအားပိုေပးေလေလပါပဲ” လို႔ ေျပာခဲ့ပါတယ္။