(၃) နှစ်အတွင်း သင်္ဘောသားအဖွဲ့ချုပ်မှ အမှုပေါင်း (၃၂) မှုကို ဖြေရှင်းပြီးစီး

316

Pearl (NP News) ဧပြီ-၁၀
(၃) နှစ်အတွင်း သင်္ဘောသားအဖွဲ့ချုပ်မှ အမှုပေါင်း (၃၂) မှုကို ဖြေရှင်းပြီးစီးခဲ့ကြောင်း (၇)ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားများမျက်နှာစုံညီ အစည်းအဝေး၏ အချက်အလက်များ မှ သိရသည်။
အဆိုပါအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ဦးဘခိုင်က သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်အနေဖြင့် ၂၀၂၂ ခုနှစ်မှ ၂၀၂၅ခုနှစ်အတွင်း လစာနှင့်ရိုက်ကြေးအမှု (၁၁)မှု၊ ကွယ်လွန်မှု (၁၅)မှု၊ ထိခိုက်မှု (၈)မှု နှင့် အထွေထွေအမှု (၂၂)မှု ကို လက်ခံရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် အဆိုပါအမှုပေါင်း ၅၆မှုအနက် (၃၂)မှုကို ဖြေရှင်းပြီးစီးပြီဖြစ်ပြီး ကျန် (၂၄)မှုမှာ ဆောင်ရွက်နေဆဲ ဖြစ်ကြောင်း လည်း သိရသည်။
လက်ခံရရှိသည့်အမှုများကို လေ့လာကြည့်ရာတွင် အလုပ်ရလိုဇောသာရှိ၍ စာချုပ်ပါတာဝန်ရှိမှု နှင့် ရပိုင်ခွင့် အချက်များကို သေချာစွာ နားလည်မှုမရှိခြင်း ၊ အမှုများ လာရောက်တိုင်ကြားရာတွင် လုံလောက်သော ၊ ခိုင်လုံသော စာရွက်စာတမ်းအထောက်အထားများ ပြည့်စုံစွာ မတင်ပြနိုင်ခြင်း တို့ ပါဝင်ပြီး စာချုပ်ကို သေချာစွာ ဖတ်ရန်အချိန်မရဘဲ လေဆိပ်သွားချိန်အနီးမှ အလျင်စလို လက်မှတ်ထိုး၍ သင်္ဘောသားများလက်ထဲသို့ အဆိုပါ စာချုပ်ကို ပေးထားမှု မရှိခြင်းကြောင်း ဖြေရှင်းရန် ခတ်ခဲခြင်းနှင့် ကြန့်ကြာမှုများ ဖြစ်ပေါ်နေရကြောင်း ဦးဘခိုင်က ဆိုသည်။
မြန်မာနိုင်ငံပင်လယ်ကူး သင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်၊ (၇)ကြိမ်မြောက် နှစ်ပတ်လည်အသင်းသားများမျက်နှာစုံညီ အစည်းအဝေး ကို ယမန်နေ့ (ဧပြီလ ၉ရက်) ၊နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ရှိ Wyndham Grand Hotel တွင် ကျင်းပခဲ့သည်။a

Zawgyi Version:
(၃) ႏွစ္အတြင္း သေဘၤာသားအဖြဲ႕ခ်ဳပ္မွ အမႈေပါင္း (၃၂) မႈကို ေျဖရွင္းၿပီးစီး
Pearl (NP News) ဧၿပီ-၁၀
(၃) ႏွစ္အတြင္း သေဘၤာသားအဖြဲ႕ခ်ဳပ္မွ အမႈေပါင္း (၃၂) မႈကို ေျဖရွင္းၿပီးစီးခဲ့ေၾကာင္း (၇)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္ အသင္းသားမ်ားမ်က္ႏွာစုံညီ အစည္းအေဝး၏ အခ်က္အလက္မ်ား မွ သိရသည္။
အဆိုပါအစည္းအေဝးတြင္ အေထြေထြအတြင္းေရးမႉး ဦးဘခိုင္က သေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္အေနျဖင့္ ၂၀၂၂ ခုႏွစ္မွ ၂၀၂၅ခုႏွစ္အတြင္း လစာႏွင့္႐ိုက္ေၾကးအမႈ (၁၁)မႈ၊ ကြယ္လြန္မႈ (၁၅)မႈ၊ ထိခိုက္မႈ (၈)မႈ ႏွင့္ အေထြေထြအမႈ (၂၂)မႈ ကို လက္ခံရရွိခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
လက္ရွိတြင္ အဆိုပါအမႈေပါင္း ၅၆မႈအနက္ (၃၂)မႈကို ေျဖရွင္းၿပီးစီးၿပီျဖစ္ၿပီး က်န္ (၂၄)မႈမွာ ေဆာင္႐ြက္ေနဆဲ ျဖစ္ေၾကာင္း လည္း သိရသည္။
လက္ခံရရွိသည့္အမႈမ်ားကို ေလ့လာၾကည့္ရာတြင္ အလုပ္ရလိုေဇာသာရွိ၍ စာခ်ဳပ္ပါတာဝန္ရွိမႈ ႏွင့္ ရပိုင္ခြင့္ အခ်က္မ်ားကို ေသခ်ာစြာ နားလည္မႈမရွိျခင္း ၊ အမႈမ်ား လာေရာက္တိုင္ၾကားရာတြင္ လုံေလာက္ေသာ ၊ ခိုင္လုံေသာ စာ႐ြက္စာတမ္းအေထာက္အထားမ်ား ျပည့္စုံစြာ မတင္ျပႏိုင္ျခင္း တို႔ ပါဝင္ၿပီး စာခ်ဳပ္ကို ေသခ်ာစြာ ဖတ္ရန္အခ်ိန္မရဘဲ ေလဆိပ္သြားခ်ိန္အနီးမွ အလ်င္စလို လက္မွတ္ထိုး၍ သေဘၤာသားမ်ားလက္ထဲသို႔ အဆိုပါ စာခ်ဳပ္ကို ေပးထားမႈ မရွိျခင္းေၾကာင္း ေျဖရွင္းရန္ ခတ္ခဲျခင္းႏွင့္ ၾကန႔္ၾကာမႈမ်ား ျဖစ္ေပၚေနရေၾကာင္း ဦးဘခိုင္က ဆိုသည္။
ျမန္မာႏိုင္ငံပင္လယ္ကူး သေဘၤာသားအလုပ္သမားမ်ားအဖြဲ႕ခ်ဳပ္၊ (၇)ႀကိမ္ေျမာက္ ႏွစ္ပတ္လည္အသင္းသားမ်ားမ်က္ႏွာစုံညီ အစည္းအေဝး ကို ယမန္ေန႔ (ဧၿပီလ ၉ရက္) ၊ေန႔လည္ပိုင္းတြင္ ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ရွိ Wyndham Grand Hotel တြင္ က်င္းပခဲ့သည္။a