'Mercy for None' သရုပ်ဆောင်တွေနဲ့ အဖွဲ့သားတွေကို ရွှေ ၃.၇၅ ဂရမ်စီ လက်ဆောင်ပေးလိုက်တဲ့ ဆိုဂျီဆပ်

103

ရောင်နီ (NP News) - ဇွန် ၉
တောင်ကိုရီးယား မင်းသား ဆိုဂျီဆပ်ဟာ မကြာသေးခင်က ထွက်ရှိတဲ့ သူ့ရဲ့ Netflix စီးရီးသစ် 'Mercy for None' မှာ ပါဝင်တဲ့ သရုပ်ဆောင်တိုင်းနဲ့ အဖွဲ့သားတွေကို ရွှေ ၃.၇၅ ဂရမ်စီ လက်ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီအကြောင်းကို ဇွန်လ ၆ ရက်က သရုပ်ဆောင် အမ်ဂီဂန်၊ ဂွမ်မြောင်၊ ချိုဟန်ချူ နဲ့ အစီအစဉ်တင်ဆက်သူ နာယောင်ဆော့တို့ရဲ့ Channel Fullmoon Youtube Show တစ်ခုမှာ ပြောပြခဲ့ခြင်းဖြစ်ပါတယ်။ အစီအစဉ်မှာ သရုပ်ဆောင်တွေက Netflix ဒရာမာ "Mercy for None" နဲ့ပတ်သက်ပြီး အတွေ့အကြုံတွေကို ဆွေးနွေးပြောဆို ကြတာဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ မင်းသား အမ်ဂီဂန်က ဆိုဂျီဆပ်ဟာ ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင် တစ်ဦးစီအတွက် အလေးချိန် တစ်ဒုန် (၃.၇၅ ဂရမ်) ခန့်ရှိတဲ့ ရွှေလက်စွပ်တစ်ကွင်းစီ လက်ဆောင်ပေးခဲ့တယ်လို့ မျှဝေခဲ့တာဖြစ်ပါတယ်။ ဆိုဂျီဆပ်ကတော့ ဒါဟာ နှစ်ပေါင်းများစွာ ထိန်းသိမ်းလာတဲ့ သူ့ကိုယ်ပိုင်အပြုအမူတစ်ခု သာဖြစ်ပြီး အမှတ်တရအဖြစ် ရွှေကိုပေးခဲ့တာဟာ သူ့ရဲ့တန်ဖိုးထားမှုကိုပြသတဲ့ နည်းလမ်းဖြစ်တယ်လို့ ရှင်းပြခဲ့ပါ တယ်။
"Mercy for None" ဒရာမာကို ဇွန်လ ၆ ရက်က Netflix မှာ စတင်ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဇာတ်ကား အတွက် ဆိုဂျီဆပ် က ဇာတ်ညွှန်း ဖတ်ပြီးကတည်းက ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ်နီးပါးကျအောင် ကြိုးစားခဲ့ ရတယ်လို့ ဆိုပါတယ်။ ဆိုဂျီဆပ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်ပြီး နှိမ့်ချတတ်တဲ့ကိုယ်ကျင့်တရားကြောင့် အနုပညာအသိုင်းအဝိုင်းထဲ လေးစားမှုများစွာ ရရှိထားပါတယ်။

Zawgyi Version:
'Mercy for None' သ႐ုပ္ေဆာင္ေတြနဲ႔ အဖြဲ႕သားေတြကို ေ႐ႊ ၃.၇၅ ဂရမ္စီ လက္ေဆာင္ေပးလိုက္တဲ့ ဆိုဂ်ီဆပ္
ေရာင္နီ (NP News) - ဇြန္ ၉
ေတာင္ကိုရီးယား မင္းသား ဆိုဂ်ီဆပ္ဟာ မၾကာေသးခင္က ထြက္ရွိတဲ့ သူ႔ရဲ႕ Netflix စီးရီးသစ္ 'Mercy for None' မွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္တိုင္းနဲ႔ အဖြဲ႕သားေတြကို ေ႐ႊ ၃.၇၅ ဂရမ္စီ လက္ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။
ဒီအေၾကာင္းကို ဇြန္လ ၆ ရက္က သ႐ုပ္ေဆာင္ အမ္ဂီဂန္၊ ဂြမ္ေျမာင္၊ ခ်ိဳဟန္ခ်ဴ နဲ႔ အစီအစဥ္တင္ဆက္သူ နာေယာင္ေဆာ့တို႔ရဲ႕ Channel Fullmoon Youtube Show တစ္ခုမွာ ေျပာျပခဲ့ျခင္းျဖစ္ပါတယ္။ အစီအစဥ္မွာ သ႐ုပ္ေဆာင္ေတြက Netflix ဒရာမာ "Mercy for None" နဲ႔ပတ္သက္ၿပီး အေတြ႕အႀကဳံေတြကို ေဆြးေႏြးေျပာဆို ၾကတာျဖစ္ပါတယ္။ အဲဒီအစီအစဥ္မွာ မင္းသား အမ္ဂီဂန္က ဆိုဂ်ီဆပ္ဟာ ဇာတ္ကားမွာ ပါဝင္တဲ့ သ႐ုပ္ေဆာင္ တစ္ဦးစီအတြက္ အေလးခ်ိန္ တစ္ဒုန္ (၃.၇၅ ဂရမ္) ခန႔္ရွိတဲ့ ေ႐ႊလက္စြပ္တစ္ကြင္းစီ လက္ေဆာင္ေပးခဲ့တယ္လို႔ မွ်ေဝခဲ့တာျဖစ္ပါတယ္။ ဆိုဂ်ီဆပ္ကေတာ့ ဒါဟာ ႏွစ္ေပါင္းမ်ားစြာ ထိန္းသိမ္းလာတဲ့ သူ႔ကိုယ္ပိုင္အျပဳအမူတစ္ခု သာျဖစ္ၿပီး အမွတ္တရအျဖစ္ ေ႐ႊကိုေပးခဲ့တာဟာ သူ႔ရဲ႕တန္ဖိုးထားမႈကိုျပသတဲ့ နည္းလမ္းျဖစ္တယ္လို႔ ရွင္းျပခဲ့ပါ တယ္။
"Mercy for None" ဒရာမာကို ဇြန္လ ၆ ရက္က Netflix မွာ စတင္ထုတ္လႊင့္ျပသခဲ့ပါတယ္။ ဇာတ္ကား အတြက္ ဆိုဂ်ီဆပ္ က ဇာတ္ၫႊန္း ဖတ္ၿပီးကတည္းက ကိုယ္အေလးခ်ိန္ ၂၀ ကီလိုဂရမ္နီးပါးက်ေအာင္ ႀကိဳးစားခဲ့ ရတယ္လို႔ ဆိုပါတယ္။ ဆိုဂ်ီဆပ္ဟာ သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဆန္ၿပီး ႏွိမ့္ခ်တတ္တဲ့ကိုယ္က်င့္တရားေၾကာင့္ အႏုပညာအသိုင္းအဝိုင္းထဲ ေလးစားမႈမ်ားစြာ ရရွိထားပါတယ္။