အစ္စရေးနဲ့စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးမှုက ပြင်းထန်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီးပြော

1972

Pika (NP News)
အစ္စရေးနဲ့ (၁၂)ရက်ကြာဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုဟာ ပြင်းထန်တယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ်အာဂရာချီကပြောကြားခဲ့ပါတယ်။အစ္စရေးနဲ့ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခရဲ့ အကျိုးသက်ရောက်မှုတွေကို အီရန်အစိုးရက စတင်စစ်ဆေးမှုတွေလုပ်ဆောင်နေချိန်မှာပဲ အာဘတ်စ်အာဂရာချီရဲ့ ပြောဆိုချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။အာဘတ်စ်အာဂရာချီက” ပျက်စီးဆုံးရှုံးမှုအသေးစိတ်အကဲဖြတ်ချက်ကို အီရန်အဏုမြူစွမ်းအင်အဖွဲ့ရဲ့ ကျွမ်းကျင်သူတွေက ဆက်လက်လုပ်ဆောင်နေပါတယ်။ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေဟာ အီရန်အစိုးရရဲ့ အစီအစဉ်တွေထဲမှာ အမြင့်ဆုံးကိုရောက်ရှိနေပါပြီ။”လို့ပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အီရန်ဟာ အမေရိကန်နိုင်ငံနဲ့ နျူကလီးယားဆွေးနွေးပွဲတွေ ပြန်လည်စတင်ဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကို အာဘတ်စ်အာဂရာချီက ငြင်းဆန်ပယ်ချခဲ့တယ်လို့လည်း သိရပါတယ်။၎င်းက” နျူကလီးယားလက်နက်ဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွေ ပြန်လည်စတင်တာနဲ့ ပတ်သက်ပြီး ထင်မြင်ယူဆချက်အချို့ကို အလေးအနက်ထားနေစရာမလိုပါဘူး။နျူကလီးယားဆွေးနွေးမှုအသစ် ပြန်လည်စတင်ဖို့ သဘောတူညီထားတာမျိုး ဒါမှမဟုတ် စီစဉ်ထားတာမျိုးတွေ မရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အစၥေရးနဲ႔စစ္ပြဲေၾကာင့္ ပ်က္စီးဆုံးရႈံးမႈက ျပင္းထန္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီးေျပာ
Pika (NP News)
အစၥေရးနဲ႔ (၁၂)ရက္ၾကာျဖစ္ပြားခဲ့တဲ့ စစ္ပြဲအတြင္း ပ်က္စီးဆုံးရႈံးမႈဟာ ျပင္းထန္တယ္လို႔ အီရန္ႏိုင္ငံျခားေရးဝန္ႀကီး အာဘတ္စ္အာဂရာခ်ီကေျပာၾကားခဲ့ပါတယ္။အစၥေရးနဲ႔ျဖစ္ပြားခဲ့တဲ့ ပဋိပကၡရဲ႕ အက်ိဳးသက္ေရာက္မႈေတြကို အီရန္အစိုးရက စတင္စစ္ေဆးမႈေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ အာဘတ္စ္အာဂရာခ်ီရဲ႕ ေျပာဆိုခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။အာဘတ္စ္အာဂရာခ်ီက” ပ်က္စီးဆုံးရႈံးမႈအေသးစိတ္အကဲျဖတ္ခ်က္ကို အီရန္အဏုျမဴစြမ္းအင္အဖြဲ႕ရဲ႕ ကြၽမ္းက်င္သူေတြက ဆက္လက္လုပ္ေဆာင္ေနပါတယ္။ပ်က္စီးဆုံးရႈံးမႈနဲ႔ပတ္သက္ၿပီး ေဆြးေႏြးမႈေတြဟာ အီရန္အစိုးရရဲ႕ အစီအစဥ္ေတြထဲမွာ အျမင့္ဆုံးကိုေရာက္ရွိေနပါၿပီ။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း အီရန္ဟာ အေမရိကန္ႏိုင္ငံနဲ႔ န်ဴကလီးယားေဆြးေႏြးပြဲေတြ ျပန္လည္စတင္ဖို႔ ျပင္ဆင္ေနတယ္ဆိုတဲ့ ထင္ေၾကးေပးမႈေတြကို အာဘတ္စ္အာဂရာခ်ီက ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔လည္း သိရပါတယ္။၎က” န်ဴကလီးယားလက္နက္ဆိုင္ရာ ေစ့စပ္ညႇိႏႈိင္းမႈေတြ ျပန္လည္စတင္တာနဲ႔ ပတ္သက္ၿပီး ထင္ျမင္ယူဆခ်က္အခ်ိဳ႕ကို အေလးအနက္ထားေနစရာမလိုပါဘူး။န်ဴကလီးယားေဆြးေႏြးမႈအသစ္ ျပန္လည္စတင္ဖို႔ သေဘာတူညီထားတာမ်ိဳး ဒါမွမဟုတ္ စီစဥ္ထားတာမ်ိဳးေတြ မရွိေသးဘူးဆိုတာ ရွင္းရွင္းလင္းလင္းေျပာၾကားလိုပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။