အိုမန်အစိုးရ အဖွဲ့ခေါင်းဆောင် ဆူတန် ဘင်တာရစ် ဘယ်လိုလူစားမျိုးလဲ

 1247

ဂျန်ဇက် (NP News)
ပြီးခဲ့တဲ့ဇွန်လအတွင်းဖြစ်ပွားခဲ့တဲ့ အီရန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့စစ်ပွဲအဆုံးသတ်အောင် ကြားဝင် စေ့စပ်ပေးဖို့ ကြိုးပမ်းခဲ့တဲ့ နိုင်ငံတွေထဲမှာအိုမန်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ အိုမန်နိုင်ငံဟာ လူဦးရေ (၆)သန်းကျော်သာရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပေမယ့်အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ နိုင်ငံတွေထဲမှာ အဓိက အရေးပါတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ အိုမန် နိုင်ငံဟာ ဆူလ်တန်အုပ်ချုပ်တဲ့နိုင်ငံဖြစ်ပြီး ဆူလ်တန် တွေဟာ အိုမန်နိုင်ငံရဲ့အမြင့်ဆုံးအာဏာရှိတဲ့ မိသားစုလည်း ဖြစ်ပါတယ်။ အိုမန်နိုင်ငံဟာ (၁၈)ရာစုနှစ် တည်းက လက်ရှိအချိန်အထိ Al Bu Said မိသားစုဝင် ဆူလ်တန်တွေကအုပ်ချုပ်နေခဲ့တာလည်းဖြစ်ပါ တယ်။ လက်ရှိအချိန်မှာ အိုမန်နိုင်ငံကိုအုပ်ချုပ်နေတဲ့ ဆူလ် တန်ဟာ ဟေသမ်ဘင်တာရစ်ဆိုသူဖြစ်ပါ တယ်။ ၎င်းဟာ အိုမန်နိုင်ငံရဲ့ဆူလ်တန်တာဝန်အပြင် ဝန်ကြီး ချုပ်တာဝန်ကိုပါရယူထားပြီး နိုင်ငံရဲ့ အမြင့်ဆုံး အာဏာရှိသူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ (၂၀၂၀) ပြည့်နှစ်မှာ အိုမန်နိုင်ငံရဲ့ဆူလ်တန်အဖြစ် တာဝန်ယူခွင့်ရခဲ့ပြီး လက်ရှိအချိန်အထိ တာဝန်ယူနေသူဖြစ်ပါတယ်။ ၎င်းဟာ အိုမန်နိုင်ငံရဲ့အစိုးရအဖွဲ့ တွေမှာလည်း တာဝန်ယူခဲ့ဖူးပြီး ရှေးဟောင်းယဉ်ကျေးမှုဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပါတယ်။ ဘင်တာရစ်ကို (၁၉၅၅)ခုနှစ်မှာ မွေးဖွားခဲ့ပြီး အိုမန်နိုင်ငံ Muscat မြို့နဲ့ လက်ဘနွန်နိုင်ငံ Brummana အထက်တန်းကျောင်းတွေမှာ ပညာသင်ကြားခဲ့သူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ (၁၉၇၉)ခုနှစ်မှာ ဗြိတိန်နိုင်ငံ အောက်စဖိုဒ့်မြို့ရှိ Pembroke College ကနေ Foreign Service Programme (FSP) ဘွဲ့ကိရရှိခဲ့သူဖြစ်ပါတယ်။ ဘင်တာ ရစ်ဟာ အိုမန်နိုင်ငံကို အုပ်ချုပ်နေတဲ့ တော်ဝင်မျိုးနွယ်စုက မွေးဖွားခဲ့သူဖြစ်တဲ့အတွက် ဘဝကို ခက်ခဲကြမ်းတမ်းစွာဖြတ်သန်းခဲ့ရတာမျိုးမရှိပါဘူး၊
ဘင်တာရစ်ရဲ့မိဘတွေဟာ အိုမန်နိုင်ငံကို အုပ်ချုပ်ခဲ့ဖူးတဲ့ ဆူလ်တန်တွေဖြစ်ပြီး ညီအစ်ကိုမောင် နှမ များနဲ့ ဆွေးမျိုးများဟာလည်း အိုမန်နိုင်ငံ ဆူလ်တန် မျိုးနွယ်စုဝင်တွေသာဖြစ်ပါတယ်။ ဆူလ်တန် နိုင်ငံကို (၂၀၂၀)ပြည့်နှစ်မတိုင်ခင်က ဘင်တာရစ်ရဲ့အကို ဝမ်းကွဲတော်စပ်သူ ဆူလ်တန် Qaboos bin Said က အုပ်ချုပ်ခဲ့ပြီး ၎င်းမသေဆုံးခင် ဘင်တာရစ်ကို ဆူလ်တန်အရိုက်အရာ လွှဲပြောင်းပေးခဲ့တာ လည်း ဖြစ်ပါတယ်။ ဘင်တာရစ်ဟာ လက်ရှိအချိန်မှာ အိုမန်အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်တာဝန်အပြင် နိုင်ငံခြားရေး၊ ဘဏ္ဍာရေး၊ ရဲတပ်ဖွဲ့ စသည့်ရာထူးများကိုတစ်စိတ်တစ်ပိုင်းတာဝန်ယူထားဆဲဖြစ်ပါတယ်။ အိုမန် မြို့ပြဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌဖြစ်သူ ဘင်တာရစ်ဟာ အိုမန် တော်ဝင်မိသားစုများရဲ့စည်းမျဉ်း စည်းကမ်းများကို လိုက်နာသူဖြစ်ပြီး နိုင်ငံတည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် အာရုံစိုက်သူလည်းဖြစ်ပါ တယ်။ ၎င်းဟာ ပြည်တွင်းအုပ်ချုပ်ရေးပြုပြင်ပြောင်းလဲမှုများအပါအဝင် အနာဂတ်အတွက် “ Vision 2040” စီမံကိန်းကို ဦးဆောင်နေသူဖြစ်ပြီးအိုမန်နိုင်ငံအတွင်း လွတ်လပ်ပွင့်လင်းမှု၊တရားဥပဒေစိုးမိုးရေး ကိုလက်ခံကျင့်သုံးသူဖြစ်ပါတယ်။ အိုမန်ဟာ လူဦးရေ (၆)သန်းကျော်သာရှိတဲ့နိုင်ငံငယ်လေးဖြစ်ပေမယ့် ဆူလ်တန်ဘင်တာရစ်လက်ထက်မှာ နိုင်ငံတကာ အငြင်းပွားမှုတွေကို ကြားဝင်ဖြေရှင်းဖို့ တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပါတယ်။ အိုမန်ဟာ ဘက်မလိုက်တဲ့သံတမန်ရေးကိုဦးစားပေးတဲ့နိုင်ငံဖြစ်ရာ အထူးသဖြင့် အီရန်နဲ့ ဆော်ဒီအာရေးဗျနိုင်ငံနဲ့ ဆက်နွယ်တဲ့ အငြင်းပွားမှုများ၊ အခက်ခဲများကို ကြား ဝင်ဆွေးနွေးပေးဖို့ကြိုးပမ်းပြီးဘက်မလိုက်ဘဲ ရပ်တည်ခဲ့တဲ့နိုင်ငံလည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ အိုမန်ဆူလ်တန်ဖြစ်လာခဲ့ပြီးနောက် ဒေသအတွင်း နိုင်ငံတွေရဲ့ အငြင်းပွားမှုတွေကို ကြားဝင် ကူညီနိုင် အောင်ကြိုးပမ်းခဲ့သလို ငြိမ်းချမ်းရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်။ ဘင်တာရစ်ဟာ ယီမင် အရေး အခင်းမှာ ဆော်ဒီသမားအဖွဲ့ကို ပံ့ပိုးခြင်းမပြု သလို အီရန်၊ ဟူသီနဲ့ ဆော်ဒီအာရေဗျနိုင်ငံတွေကြား ကြားဝင်ကူညီပေးဖို့ ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။ အိုမန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသအတွင်းမှာ အငြင်းပွားမှုများ၊ လက်နက်ကိုင်ပဋိပက္ခတွေကို အဆုံး သတ်နိုင်အောင်ကြိုးပမ်းပါဝင်ခဲ့မှုကြောင့် နိုင်ငံ ငယ်ပေမယ့် ငြိမ်းချမ်းရေးစကားဝိုင်း ဖော်ဆောင်တဲ့နိုင်ငံ သို့မဟုတ် “Middle East Peace Broker” လို့ သတ်မှတ်ခေါ်ဆိုခံနေရပါတယ်။ အီရန် နျူကလီးယား စာချုပ်နဲ့ ပတ်သက်ပြီးအိုမန်နိုင်ငံက ကြားဝင် ဆောင်ရွက်ပေးခဲ့ဖူးပါတယ်။ အိုမန်နိုင်ငံရဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းရေးတွေမှာ ပိုမိုပါဝင်လာမှုဟာ ဆူလ် တန် ဘင်တာရစ်လက်ထက်မှာ ပိုမိုဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ အိုမန်နိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ အာရပ်နိုင်ငံအချို့ ကျင့်သုံးနေတဲ့ တသမတ်တည်း ရပ်တဲ့ပုံစံမျိုးမဟုတ်ဘဲ နိုင်ငံတိုင်းနဲ့ သံတမန်ဆက်ဆံရေးကို ဦးစားပေးတဲ့နိုင်ငံဖြစ်ပါတယ်။ ဆူလ်တန်ဘင်တာရစ်လက်လက်မှာ အိုမန်ဟာ ချီလီ၊ အမေရိကန်၊ ယူရိုပီယန်သမဂ္ဂ၊ ရုရှား တို့နဲ့ တိုးတက်ကောင်းမွန်တဲ့ အဆင့်မြင့်သံတမန် ဆက်ဆံ ရေးတည်ဆောက်နိုင်ခဲ့သလို အိန္ဒိယ၊ တရုတ်၊ ပါကစ္စတန်၊ ဂျပန်နိုင်ငံတို့နဲ့လည်းဆက်ဆံရေးကောင်းတွေ ရှိနေပါတယ်။ အိုမန်နိုငံဟာ ယခင် တည်းက တည်ငြိမ်မှုကို ဦးစားပေးကာ တစ်ဖက်သတ် ရပ်တည်မှုကို ငြင်းပယပြီး အစွဲကင်းစွာနဲ့ အကောင်းဆုံးအဖြေရှာဖို့ ကြိုးပမ်းတဲ့နိုင်ငံအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံ လည်းဖြစ်ပါတယ်။ အိုမန်ဟာ ငြိမ်းချမ်း ရေးအလေးထားသလို နိုင်ငံတကာအသိုင်းအဝိုင်းကြားမှာ ယုံကြည်မှုရရှိတဲ့နိုင်ငံဖြစ်ပြီး ဆူလ်တန်ဘင် တာရစ်လက်ထက်မှာ အိုမန်ရဲ့သံတမန်ရေး ကြားဝင် ဆောင် ရွက်ချက်တွေ ပိုမိုကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ အိုမန်နိုင်ငံရဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူနေ တဲ့ ဘင်တာရစ်ဟာငြိမ်းချမ်းရေးကိုလိုလားလက်ခံသူဖြစ် သလို အကြမ်းမဖက်မှုကို လက်ခံကျင့် သုံးသူ လည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ တည်ငြိမ်မှုရှိတဲ့ခေါင်းဆောင်တစ်ဦးဖြစ်သလို အခက်အခဲ ပြသာနာ များကိုဆွေးနွေးညှိနှိုင်းတုံ့ပြန်တတ်တဲ့ စိတ် ထားရှိသူ ဖြစ်ပါတယ်။ ၎င်းဟာ မတည်မငြိမ်တဲ့နိုင်ငံရေး အပြောင်းအလဲတွေကို ရှောင်ကြဉ်တတ်သူဖြစ်ပြီး ဝေဖန်သုံးသပ်ဆန်းစစ်တဲ့ ခေါင်းဆောင်မှု စတိုင်ကို လိုလားသူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ ပြည်တွင်းအုပ်ချုပ်မှုမှာ ပြည်သူအမြင်နဲ့ ရင်းနှီးလာအောင် အကြံ ပေးကောင်စီများ (Shura Council) အပေါ် ကိုယ်တိုင် အာရုံစိုက်ခဲ့သူလည်း ဖြစ်ပါတယ်။ ဘင်တာရစ် ဟာအိုမန်အစိုးရအဖွဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီး နောက်ပိုင်းနိုင်ငံကို ပိုမိုခေတ်မီအောင်၊ ခေတ်နဲ့အညီ ပိုမို အံဝင်မှုဖြစ်လာအောင် ပြောင်းလဲမှုတွေလုပ်ကိုင်ခဲ့တဲ့ခေါင်းဆောင်လည်းဖြစ်ပါတယ်။ ဘင်တာရစ်ဟာ စေ့စပ်ဆွေးနွေးရေးကို အလေးထားသူဖြစ်တဲ့အတွက် မတူညီတဲ့ အာရှနိုင်ငံတွေ၊ အာရပ်အလယ်ပိုင်း နိုင်ငံတွေနဲ့ ပြဿနာများရှိပေမယ့်လည်း ရပ်တည်တဲ့ ပုံစံမျိုးက သဘောထားခက်ထန်တင်းမာတဲ့ ပုံစံ မျိုးမရှိဘူးလို့ ဆိုပါတယ်။ ဘင်တာရစ်ဟာ ဒေသအတွင်းနိုင်ငံအချို့နဲ့ ပြဿနာတချို့ရှိပေမယ့် အဲဒီနိုင်ငံ တွေနဲ့ဆက်ဆံရေးကောင်းမွန်အောင် အလေးပေးတဲ့ခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။ ဘင်တာ ရစ်ဟာ လက်ရှိ အချိန်မှာအသက် (၇၀)အရွယ်ရှိနေပြီဖြစ်တဲ့ အတွက် အတွေ့ကြုံ ရင့်ကျက်တဲ့ ခေါင်း ဆောင်တစ်ဦးဖြစ်ရာ အိုမန်နိုင်ငံရဲ့အုပ်ချုပ်ရေးစနစ်ကိုလည်း ခေတ်နဲ့အညီတဖြည်းဖြည်း ပြုပြင်နေပြီး အိုမန်တော်ဝင် မိသားစုနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို ယခင်အတိုင်း ဆက်ထိန်းထားဆဲဖြစ်ပါ တယ်။ ဘင်တာရစ်ဟာ အိုမန်ဆူလ်တန်အဖြစ် တာဝန်ယူခဲ့ပြီး နောက်ပိုင်း ပညာရေး၊ အရပ်သားအခွင့် အရေး၊ လူမူလုံခြုံရေးနဲ့ပတ်သက်တဲ့ အယူဝါဒအသစ်တွေကို ချမှတ်အကောင်ထည်ဖော်ခဲ့သူဖြစ်ပါတယ်။ ဘင်တာရစ်ဟာ အိုမန်နိုင်ငံရဲ့ အကျိုးစီးပွားကိုကာကွယ်ဖို့ကို ကတိပြုထားသူလည်းဖြစ်ပါတယ်။ ဘင်တာရစ်အိုမန် ဆူလ်တန်အဖြစ်တာဝန်ယူချိန်မှာ ကိုရိုနာဗိုင်း ရပ်စ် ပြဿနာတွေကြောင့် အိုမန်နိုင်ငံ ရဲ့စီးပွားရေးက စိန်ခေါ်မှုတွေ ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ဘင်တာရစ်ရဲ့ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များကြောင့် အိုမန်နိုင်ငံ ရဲ့စီးပွားရေးဟာ လက်ရှိအချိန်မှာ တည်ငြိမ်တိုးတက်လာနေတယ်လို့သိရပါတယ်။ အိုမန်နိုင်ငံရဲ့ဂျီဒီပီဟာ (၂၀၂၄)ခုနှစ်မှာ (၁ ဒသမ ၇) ရာခိုင်နှုန်းတိုးတက်လာခဲ့ပြီး ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းက ဝင်ငွေရရှိမှုလျော့နည်းခဲ့ပေမယ့် ရေနံနဲ့မပတ် သက်တဲ့ လုပ်ငန်းက သို့မဟုတ် စက်မှုလုပ်ငန်းကရရှိတဲ့ဝင်ငွေက ယခင်ထက် ပိုမိုတိုးတက်လာခဲ့ပါတယ်။ ဘင်တာရစ်ဟာ နိုင်ငံကို စက်မှုလုပ်ငန်း ဦးစားပေးတဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းခဲ့သူဖြစ်ရာ လက်ရှိအချိန် မှာ အောင်မြင်မှုတွေ စတင်ရရှိနေပြီ လည်းဖြစ်ပါတယ်။ အိုမန်ဟာ အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံတစ် နိုင်ငံဖြစ်တဲ့အတွက် ရေနံနဲ့ဓာတ်ငွေ့ကို ဦးစားပေးခဲ့ပေမယ့် ဘင်တာ ရစ်လက်ထက်မှာ စီးပွားရေး ပြုပြင် ပြောင်းလဲမှုအမျိုးမျိုးကို လုပ်ကိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဘင်တာ ရစ်ဟာ နိုင်ငံ စီးပွားရေးပြောင်းလဲဖို့ ကြိုးပမ်းရာမှာ ရေတိုလုပ်ငန်းထက် ရေရှည်အနာဂတ်မှာ ကောင်းမွန် တဲ့ ပြောင်းလဲမှုများကို တဖြည်း ဖြည်းချင်းလုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ဘင်တာရစ် အိုမန်ဆူလ်တန် ဖြစ်လာခဲ့ပြီ နောက်ပိုင်းအိုမန်နိုင်ငံဟာ ဒေသအတွင်း နိုင်ငံတွေထဲမှာသာမက နိုင်ငံတကာမှာ ငြိမ်းချမ်းရေးကို လိုလားသူ၊ အငြင်းပွားမှုများကိုကြား ဝင်ဖြေရှင်းပေးတဲ့နိုင်ငံအဖြစ် အဓိက အရေးပါလာခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

Zawgyi Version:
အိုမန္အစိုးရ အဖြဲ႕ေခါင္းေဆာင္ ဆူတန္ ဘင္တာရစ္ ဘယ္လိုလူစားမ်ိဳးလဲ
ဂ်န္ဇက္ (NP News)
ၿပီးခဲ့တဲ့ဇြန္လအတြင္းျဖစ္ပြားခဲ့တဲ့ အီရန္နဲ႔ အစၥေရးႏိုင္ငံတို႔ရဲ႕စစ္ပြဲအဆုံးသတ္ေအာင္ ၾကားဝင္ ေစ့စပ္ေပးဖို႔ ႀကိဳးပမ္းခဲ့တဲ့ ႏိုင္ငံေတြထဲမွာအိုမန္ႏိုင္ငံလည္း ပါဝင္ခဲ့ပါတယ္။ အိုမန္ႏိုင္ငံဟာ လူဦးေရ (၆)သန္းေက်ာ္သာရွိတဲ့ႏိုင္ငံတစ္ႏိုင္ငံျဖစ္ေပမယ့္အေရွ႕အလယ္ပိုင္းေဒသအတြင္းရွိ ႏိုင္ငံေတြထဲမွာ အဓိက အေရးပါတဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ အိုမန္ ႏိုင္ငံဟာ ဆူလ္တန္အုပ္ခ်ဳပ္တဲ့ႏိုင္ငံျဖစ္ၿပီး ဆူလ္တန္ ေတြဟာ အိုမန္ႏိုင္ငံရဲ႕အျမင့္ဆုံးအာဏာရွိတဲ့ မိသားစုလည္း ျဖစ္ပါတယ္။ အိုမန္ႏိုင္ငံဟာ (၁၈)ရာစုႏွစ္ တည္းက လက္ရွိအခ်ိန္အထိ Al Bu Said မိသားစုဝင္ ဆူလ္တန္ေတြကအုပ္ခ်ဳပ္ေနခဲ့တာလည္းျဖစ္ပါ တယ္။ လက္ရွိအခ်ိန္မွာ အိုမန္ႏိုင္ငံကိုအုပ္ခ်ဳပ္ေနတဲ့ ဆူလ္ တန္ဟာ ေဟသမ္ဘင္တာရစ္ဆိုသူျဖစ္ပါ တယ္။ ၎ဟာ အိုမန္ႏိုင္ငံရဲ႕ဆူလ္တန္တာဝန္အျပင္ ဝန္ႀကီး ခ်ဳပ္တာဝန္ကိုပါရယူထားၿပီး ႏိုင္ငံရဲ႕ အျမင့္ဆုံး အာဏာရွိသူျဖစ္ပါတယ္။ ဘင္တာရစ္ဟာ (၂၀၂၀) ျပည့္ႏွစ္မွာ အိုမန္ႏိုင္ငံရဲ႕ဆူလ္တန္အျဖစ္ တာဝန္ယူခြင့္ရခဲ့ၿပီး လက္ရွိအခ်ိန္အထိ တာဝန္ယူေနသူျဖစ္ပါတယ္။ ၎ဟာ အိုမန္ႏိုင္ငံရဲ႕အစိုးရအဖြဲ႕ ေတြမွာလည္း တာဝန္ယူခဲ့ဖူးၿပီး ေရွးေဟာင္းယဥ္ေက်းမႈဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးသူျဖစ္ပါတယ္။ ဘင္တာရစ္ကို (၁၉၅၅)ခုႏွစ္မွာ ေမြးဖြားခဲ့ၿပီး အိုမန္ႏိုင္ငံ Muscat ၿမိဳ႕နဲ႔ လက္ဘႏြန္ႏိုင္ငံ Brummana အထက္တန္းေက်ာင္းေတြမွာ ပညာသင္ၾကားခဲ့သူျဖစ္ပါတယ္။ ဘင္တာရစ္ဟာ (၁၉၇၉)ခုႏွစ္မွာ ၿဗိတိန္ႏိုင္ငံ ေအာက္စဖိုဒ့္ၿမိဳ႕ရွိ Pembroke College ကေန Foreign Service Programme (FSP) ဘြဲ႕ကိရရွိခဲ့သူျဖစ္ပါတယ္။ ဘင္တာ ရစ္ဟာ အိုမန္ႏိုင္ငံကို အုပ္ခ်ဳပ္ေနတဲ့ ေတာ္ဝင္မ်ိဳးႏြယ္စုက ေမြးဖြားခဲ့သူျဖစ္တဲ့အတြက္ ဘဝကို ခက္ခဲၾကမ္းတမ္းစြာျဖတ္သန္းခဲ့ရတာမ်ိဳးမရွိပါဘူး၊
ဘင္တာရစ္ရဲ႕မိဘေတြဟာ အိုမန္ႏိုင္ငံကို အုပ္ခ်ဳပ္ခဲ့ဖူးတဲ့ ဆူလ္တန္ေတြျဖစ္ၿပီး ညီအစ္ကိုေမာင္ ႏွမ မ်ားနဲ႔ ေဆြးမ်ိဳးမ်ားဟာလည္း အိုမန္ႏိုင္ငံ ဆူလ္တန္ မ်ိဳးႏြယ္စုဝင္ေတြသာျဖစ္ပါတယ္။ ဆူလ္တန္ ႏိုင္ငံကို (၂၀၂၀)ျပည့္ႏွစ္မတိုင္ခင္က ဘင္တာရစ္ရဲ႕အကို ဝမ္းကြဲေတာ္စပ္သူ ဆူလ္တန္ Qaboos bin Said က အုပ္ခ်ဳပ္ခဲ့ၿပီး ၎မေသဆုံးခင္ ဘင္တာရစ္ကို ဆူလ္တန္အ႐ိုက္အရာ လႊဲေျပာင္းေပးခဲ့တာ လည္း ျဖစ္ပါတယ္။ ဘင္တာရစ္ဟာ လက္ရွိအခ်ိန္မွာ အိုမန္အစိုးရအဖြဲ႕ရဲ႕ ေခါင္းေဆာင္တာဝန္အျပင္ ႏိုင္ငံျခားေရး၊ ဘ႑ာေရး၊ ရဲတပ္ဖြဲ႕ စသည့္ရာထူးမ်ားကိုတစ္စိတ္တစ္ပိုင္းတာဝန္ယူထားဆဲျဖစ္ပါတယ္။ အိုမန္ ၿမိဳ႕ျပဖြံ႕ၿဖိဳးေရးေကာင္စီ ဥကၠ႒ျဖစ္သူ ဘင္တာရစ္ဟာ အိုမန္ ေတာ္ဝင္မိသားစုမ်ားရဲ႕စည္းမ်ဥ္း စည္းကမ္းမ်ားကို လိုက္နာသူျဖစ္ၿပီး ႏိုင္ငံတည္ၿငိမ္မႈနဲ႔ ဖြံ႕ၿဖိဳးတိုးတက္မႈအေပၚ အာ႐ုံစိုက္သူလည္းျဖစ္ပါ တယ္။ ၎ဟာ ျပည္တြင္းအုပ္ခ်ဳပ္ေရးျပဳျပင္ေျပာင္းလဲမႈမ်ားအပါအဝင္ အနာဂတ္အတြက္ “ Vision 2040” စီမံကိန္းကို ဦးေဆာင္ေနသူျဖစ္ၿပီးအိုမန္ႏိုင္ငံအတြင္း လြတ္လပ္ပြင့္လင္းမႈ၊တရားဥပေဒစိုးမိုးေရး ကိုလက္ခံက်င့္သုံးသူျဖစ္ပါတယ္။ အိုမန္ဟာ လူဦးေရ (၆)သန္းေက်ာ္သာရွိတဲ့ႏိုင္ငံငယ္ေလးျဖစ္ေပမယ့္ ဆူလ္တန္ဘင္တာရစ္လက္ထက္မွာ ႏိုင္ငံတကာ အျငင္းပြားမႈေတြကို ၾကားဝင္ေျဖရွင္းဖို႔ တက္ႂကြစြာ ဦးေဆာင္ပါဝင္ခဲ့သူျဖစ္ပါတယ္။ အိုမန္ဟာ ဘက္မလိုက္တဲ့သံတမန္ေရးကိုဦးစားေပးတဲ့ႏိုင္ငံျဖစ္ရာ အထူးသျဖင့္ အီရန္နဲ႔ ေဆာ္ဒီအာေရးဗ်ႏိုင္ငံနဲ႔ ဆက္ႏြယ္တဲ့ အျငင္းပြားမႈမ်ား၊ အခက္ခဲမ်ားကို ၾကား ဝင္ေဆြးေႏြးေပးဖို႔ႀကိဳးပမ္းၿပီးဘက္မလိုက္ဘဲ ရပ္တည္ခဲ့တဲ့ႏိုင္ငံလည္းျဖစ္ပါတယ္။ ဘင္တာရစ္ဟာ အိုမန္ဆူလ္တန္ျဖစ္လာခဲ့ၿပီးေနာက္ ေဒသအတြင္း ႏိုင္ငံေတြရဲ႕ အျငင္းပြားမႈေတြကို ၾကားဝင္ ကူညီႏိုင္ ေအာင္ႀကိဳးပမ္းခဲ့သလို ၿငိမ္းခ်မ္းေရးကို ဦးစားေပးတဲ့ႏိုင္ငံျဖစ္ပါတယ္။ ဘင္တာရစ္ဟာ ယီမင္ အေရး အခင္းမွာ ေဆာ္ဒီသမားအဖြဲ႕ကို ပံ့ပိုးျခင္းမျပဳ သလို အီရန္၊ ဟူသီနဲ႔ ေဆာ္ဒီအာေရဗ်ႏိုင္ငံေတြၾကား ၾကားဝင္ကူညီေပးဖို႔ ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။ အိုမန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသအတြင္းမွာ အျငင္းပြားမႈမ်ား၊ လက္နက္ကိုင္ပဋိပကၡေတြကို အဆုံး သတ္ႏိုင္ေအာင္ႀကိဳးပမ္းပါဝင္ခဲ့မႈေၾကာင့္ ႏိုင္ငံ ငယ္ေပမယ့္ ၿငိမ္းခ်မ္းေရးစကားဝိုင္း ေဖာ္ေဆာင္တဲ့ႏိုင္ငံ သို႔မဟုတ္ “Middle East Peace Broker” လို႔ သတ္မွတ္ေခၚဆိုခံေနရပါတယ္။ အီရန္ န်ဴကလီးယား စာခ်ဳပ္နဲ႔ ပတ္သက္ၿပီးအိုမန္ႏိုင္ငံက ၾကားဝင္ ေဆာင္႐ြက္ေပးခဲ့ဖူးပါတယ္။ အိုမန္ႏိုင္ငံရဲ႕ ၾကားဝင္ ေစ့စပ္ညႇိႏႈိင္းေရးေတြမွာ ပိုမိုပါဝင္လာမႈဟာ ဆူလ္ တန္ ဘင္တာရစ္လက္ထက္မွာ ပိုမိုျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။ အိုမန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ အာရပ္ႏိုင္ငံအခ်ိဳ႕ က်င့္သုံးေနတဲ့ တသမတ္တည္း ရပ္တဲ့ပုံစံမ်ိဳးမဟုတ္ဘဲ ႏိုင္ငံတိုင္းနဲ႔ သံတမန္ဆက္ဆံေရးကို ဦးစားေပးတဲ့ႏိုင္ငံျဖစ္ပါတယ္။ ဆူလ္တန္ဘင္တာရစ္လက္လက္မွာ အိုမန္ဟာ ခ်ီလီ၊ အေမရိကန္၊ ယူ႐ိုပီယန္သမဂၢ၊ ႐ုရွား တို႔နဲ႔ တိုးတက္ေကာင္းမြန္တဲ့ အဆင့္ျမင့္သံတမန္ ဆက္ဆံ ေရးတည္ေဆာက္ႏိုင္ခဲ့သလို အိႏၵိယ၊ တ႐ုတ္၊ ပါကစၥတန္၊ ဂ်ပန္ႏိုင္ငံတို႔နဲ႔လည္းဆက္ဆံေရးေကာင္းေတြ ရွိေနပါတယ္။ အိုမန္ႏိုငံဟာ ယခင္ တည္းက တည္ၿငိမ္မႈကို ဦးစားေပးကာ တစ္ဖက္သတ္ ရပ္တည္မႈကို ျငင္းပယၿပီး အစြဲကင္းစြာနဲ႔ အေကာင္းဆုံးအေျဖရွာဖို႔ ႀကိဳးပမ္းတဲ့ႏိုင္ငံအျဖစ္ သတ္မွတ္ခံထားရတဲ့ႏိုင္ငံ လည္းျဖစ္ပါတယ္။ အိုမန္ဟာ ၿငိမ္းခ်မ္း ေရးအေလးထားသလို ႏိုင္ငံတကာအသိုင္းအဝိုင္းၾကားမွာ ယုံၾကည္မႈရရွိတဲ့ႏိုင္ငံျဖစ္ၿပီး ဆူလ္တန္ဘင္ တာရစ္လက္ထက္မွာ အိုမန္ရဲ႕သံတမန္ေရး ၾကားဝင္ ေဆာင္ ႐ြက္ခ်က္ေတြ ပိုမိုေကာင္းမြန္လာခဲ့တယ္လို႔ သိရပါတယ္။ အိုမန္ႏိုင္ငံရဲ႕ေခါင္းေဆာင္အျဖစ္ တာဝန္ယူေန တဲ့ ဘင္တာရစ္ဟာၿငိမ္းခ်မ္းေရးကိုလိုလားလက္ခံသူျဖစ္ သလို အၾကမ္းမဖက္မႈကို လက္ခံက်င့္ သုံးသူ လည္းျဖစ္ပါတယ္။ ဘင္တာရစ္ဟာ တည္ၿငိမ္မႈရွိတဲ့ေခါင္းေဆာင္တစ္ဦးျဖစ္သလို အခက္အခဲ ျပသာနာ မ်ားကိုေဆြးေႏြးညႇိႏႈိင္းတုံ႔ျပန္တတ္တဲ့ စိတ္ ထားရွိသူ ျဖစ္ပါတယ္။ ၎ဟာ မတည္မၿငိမ္တဲ့ႏိုင္ငံေရး အေျပာင္းအလဲေတြကို ေရွာင္ၾကဥ္တတ္သူျဖစ္ၿပီး ေဝဖန္သုံးသပ္ဆန္းစစ္တဲ့ ေခါင္းေဆာင္မႈ စတိုင္ကို လိုလားသူျဖစ္ပါတယ္။ ဘင္တာရစ္ဟာ ျပည္တြင္းအုပ္ခ်ဳပ္မႈမွာ ျပည္သူအျမင္နဲ႔ ရင္းႏွီးလာေအာင္ အႀကံ ေပးေကာင္စီမ်ား (Shura Council) အေပၚ ကိုယ္တိုင္ အာ႐ုံစိုက္ခဲ့သူလည္း ျဖစ္ပါတယ္။ ဘင္တာရစ္ ဟာအိုမန္အစိုးရအဖြဲ႕ေခါင္းေဆာင္ျဖစ္လာခဲ့ၿပီး ေနာက္ပိုင္းႏိုင္ငံကို ပိုမိုေခတ္မီေအာင္၊ ေခတ္နဲ႔အညီ ပိုမို အံဝင္မႈျဖစ္လာေအာင္ ေျပာင္းလဲမႈေတြလုပ္ကိုင္ခဲ့တဲ့ေခါင္းေဆာင္လည္းျဖစ္ပါတယ္။ ဘင္တာရစ္ဟာ ေစ့စပ္ေဆြးေႏြးေရးကို အေလးထားသူျဖစ္တဲ့အတြက္ မတူညီတဲ့ အာရွႏိုင္ငံေတြ၊ အာရပ္အလယ္ပိုင္း ႏိုင္ငံေတြနဲ႔ ျပႆနာမ်ားရွိေပမယ့္လည္း ရပ္တည္တဲ့ ပုံစံမ်ိဳးက သေဘာထားခက္ထန္တင္းမာတဲ့ ပုံစံ မ်ိဳးမရွိဘူးလို႔ ဆိုပါတယ္။ ဘင္တာရစ္ဟာ ေဒသအတြင္းႏိုင္ငံအခ်ိဳ႕နဲ႔ ျပႆနာတခ်ိဳ႕ရွိေပမယ့္ အဲဒီႏိုင္ငံ ေတြနဲ႔ဆက္ဆံေရးေကာင္းမြန္ေအာင္ အေလးေပးတဲ့ေခါင္းေဆာင္တစ္ဦးလည္း ျဖစ္ပါတယ္။ ဘင္တာ ရစ္ဟာ လက္ရွိ အခ်ိန္မွာအသက္ (၇၀)အ႐ြယ္ရွိေနၿပီျဖစ္တဲ့ အတြက္ အေတြ႕ႀကဳံ ရင့္က်က္တဲ့ ေခါင္း ေဆာင္တစ္ဦးျဖစ္ရာ အိုမန္ႏိုင္ငံရဲ႕အုပ္ခ်ဳပ္ေရးစနစ္ကိုလည္း ေခတ္နဲ႔အညီတျဖည္းျဖည္း ျပဳျပင္ေနၿပီး အိုမန္ေတာ္ဝင္ မိသားစုနဲ႔ပတ္သက္တဲ့ လုပ္ထုံးလုပ္နည္းေတြကို ယခင္အတိုင္း ဆက္ထိန္းထားဆဲျဖစ္ပါ တယ္။ ဘင္တာရစ္ဟာ အိုမန္ဆူလ္တန္အျဖစ္ တာဝန္ယူခဲ့ၿပီး ေနာက္ပိုင္း ပညာေရး၊ အရပ္သားအခြင့္ အေရး၊ လူမူလုံၿခဳံေရးနဲ႔ပတ္သက္တဲ့ အယူဝါဒအသစ္ေတြကို ခ်မွတ္အေကာင္ထည္ေဖာ္ခဲ့သူျဖစ္ပါတယ္။ ဘင္တာရစ္ဟာ အိုမန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားကိုကာကြယ္ဖို႔ကို ကတိျပဳထားသူလည္းျဖစ္ပါတယ္။ ဘင္တာရစ္အိုမန္ ဆူလ္တန္အျဖစ္တာဝန္ယူခ်ိန္မွာ ကို႐ိုနာဗိုင္း ရပ္စ္ ျပႆနာေတြေၾကာင့္ အိုမန္ႏိုင္ငံ ရဲ႕စီးပြားေရးက စိန္ေခၚမႈေတြ ရွိခဲ့ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ တိုးတက္ေကာင္းမြန္လာခဲ့ပါတယ္။ ဘင္တာရစ္ရဲ႕ ျပဳျပင္ေျပာင္းလဲမႈ အစီအစဥ္မ်ားေၾကာင့္ အိုမန္ႏိုင္ငံ ရဲ႕စီးပြားေရးဟာ လက္ရွိအခ်ိန္မွာ တည္ၿငိမ္တိုးတက္လာေနတယ္လို႔သိရပါတယ္။ အိုမန္ႏိုင္ငံရဲ႕ဂ်ီဒီပီဟာ (၂၀၂၄)ခုႏွစ္မွာ (၁ ဒသမ ၇) ရာခိုင္ႏႈန္းတိုးတက္လာခဲ့ၿပီး ေရနံနဲ႔ ဓာတ္ေငြ႕လုပ္ငန္းက ဝင္ေငြရရွိမႈေလ်ာ့နည္းခဲ့ေပမယ့္ ေရနံနဲ႔မပတ္ သက္တဲ့ လုပ္ငန္းက သို႔မဟုတ္ စက္မႈလုပ္ငန္းကရရွိတဲ့ဝင္ေငြက ယခင္ထက္ ပိုမိုတိုးတက္လာခဲ့ပါတယ္။ ဘင္တာရစ္ဟာ ႏိုင္ငံကို စက္မႈလုပ္ငန္း ဦးစားေပးတဲ့ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းခဲ့သူျဖစ္ရာ လက္ရွိအခ်ိန္ မွာ ေအာင္ျမင္မႈေတြ စတင္ရရွိေနၿပီ လည္းျဖစ္ပါတယ္။ အိုမန္ဟာ အေရွ႕အလယ္ပိုင္းေဒသရွိ ႏိုင္ငံတစ္ ႏိုင္ငံျဖစ္တဲ့အတြက္ ေရနံနဲ႔ဓာတ္ေငြ႕ကို ဦးစားေပးခဲ့ေပမယ့္ ဘင္တာ ရစ္လက္ထက္မွာ စီးပြားေရး ျပဳျပင္ ေျပာင္းလဲမႈအမ်ိဳးမ်ိဳးကို လုပ္ကိုင္ခဲ့ တယ္လို႔ သိရပါတယ္။ ဘင္တာ ရစ္ဟာ ႏိုင္ငံ စီးပြားေရးေျပာင္းလဲဖို႔ ႀကိဳးပမ္းရာမွာ ေရတိုလုပ္ငန္းထက္ ေရရွည္အနာဂတ္မွာ ေကာင္းမြန္ တဲ့ ေျပာင္းလဲမႈမ်ားကို တျဖည္း ျဖည္းခ်င္းလုပ္ကိုင္ခဲ့သူ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ဘင္တာရစ္ အိုမန္ဆူလ္တန္ ျဖစ္လာခဲ့ၿပီ ေနာက္ပိုင္းအိုမန္ႏိုင္ငံဟာ ေဒသအတြင္း ႏိုင္ငံေတြထဲမွာသာမက ႏိုင္ငံတကာမွာ ၿငိမ္းခ်မ္းေရးကို လိုလားသူ၊ အျငင္းပြားမႈမ်ားကိုၾကား ဝင္ေျဖရွင္းေပးတဲ့ႏိုင္ငံအျဖစ္ အဓိက အေရးပါလာခဲ့တယ္လို႔ ဆိုႏိုင္ပါတယ္။

Related news

© 2021. All rights reserved.