ဦးပယ်ဆောက်ချိန်၊ ပယ်ရင်ချန်း အပါအဝင် (၂၁) ဦးကို တရုတ်၌ စတင် တရားစွဲဆို

 576

သုတကျော် (NP News)
ပယ်မိသားစုမှ ကိုးကန့်ဒေသ ဥက္ကဋ္ဌ ဟောင်း ဦးပယ်ဆောက်ချိန်နှင့် ၎င်း၏သားဖြစ်သော ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်း အပါအဝင် (၂၁) ဦးကို ဇူလိုင်လ (၁၁)ရက်တွင် စတင် တရားစွဲဆိုလိုက်ပြီဖြစ်ကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍ သိရှိသူများထံ မေးမြန်းထားသောအချက် အလက်များအရ သိရသည်။
တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းထံသို့ ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ (၃၀)ရက်က မြန်မာ နိုင်ငံမြောက်ပိုင်း ကိုးကန့်ဒေသ အွန်လိုင်း လိမ်လည်မှုအဖွဲ့ အဓိကခေါင်းဆောင် (၆)ဦးဖြစ်သည့် ပယ် ဆောက်ချိန် ၊ ပယ်ရင်ချန်း၊ ဝေ့ဟွိုင်ရန်၊ လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာနှင့် အခြားအရေးကြီး ပြစ်မှုကျူးလွန်ကြောင်း သံသယရှိသူ (၄)ဦးကို တရားဥပဒေနှင့်အညီ လွှဲပြောင်းပေးအပ်ခဲ့ရာ အဆိုပါ (၁၀) ဦးကို ထိုနေ့ညတွင်ပင် တရုတ်နိုင်ငံတွင် ဖမ်းဆီးစစ်ဆေးရန်ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ပယ်မိသားစု၏အမှုနှင့်ပတ်သက်၍ ကွမ်တုန်းပြည်နယ်၊ ရှန်ကျန်းမြို့ တရားရုံး၏ တရားဝင် WeChat စာမျက်နှာ၌ ကြေညာချက် ထုတ်ပြန် ခဲ့ခြင်း ဖြစ်ကာ လိမ်လည်မှု၊ လောင်းကစားရုံဖွင့်လှစ်မှု၊ ခြိမ်းခြောက်ငွေညှစ်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ရည်ရွယ်ချက်ရှိရှိ ကိုယ်လက်အင်္ဂါ ထိခိုက်စေမှု၊ ပြန်ပေးဆွဲမှု နှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ထုတ်လုပ်မှုစသည်ဖြင့် စွဲချက်များစွာဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်ဟု တရုတ်မီဒီယာများတွင် ရေးသားထားသည်။
ပယ်မိသားစုအနေဖြင့် လိမ်လည်မှုပေါင်း (၃၁ယဝဝဝ) ကျော်အတွက်တာဝန်ရှိပြီး လိမ်လည်မှုမှ ရငွေ ယွမ် (၁၀.၆) ဘီလျံကျော်၊ လောင်းကစား နှင့်ဆက်စပ်သောလုပ်ငန်းများမှ ရငွေ ယွမ်(၁၈) ဘီလျံကျော်နှင့် မူးယစ်ဆေးဝါး (၁၁)တန်ခန့် ထုတ်လုပ်ရောင်းချခဲ့ကြောင်းလည်း အဆိုပါ သတင်း များအရ သိရသည်။
“ပယ်ရင်ချန်းကတော့ အကုန်ဝန်ခံလိုက်တယ်ဗျ။ လောက်ကိုင်တစ်ခုလုံး ဖြစ်ပျက်သမျှ သူတို့ အိမ်မှာပဲ တာဝန်ရှိတယ်ဆိုပြီးတော့။ တရုတ်နိုင်ငံကတော့ လက်ခံချင်မှ လက်ခံမှာပေါ့” ဟု ဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးကNP News ကို ပြောသည်။
လောက်ကိုင်မှ ကျားဖျန့်များအရေးနှင့် ပတ်သက်၍ မြီ မိသားစုကိုမူ တရုတ်နိုင်ငံတွင် စစ်ဆေး စီရင်ပြီးသွားပြီဖြစ်သော်လည်း ပြစ်ဒဏ် မချသေးဘဲ ယခုအခါ ပယ်မိသားစုကို ထပ်မံစစ်ဆေး စီရင်ရန် ဆောင်ရွက်လာခြင်းဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
ပယ်မိသားစု၏အမှုနှင့်ပတ်သက်၍ တရုတ်ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ငါးကြိမ်လာရောက်ခဲ့ကာ မြန်မာနိုင်ငံ၏တရား ဥပဒေစိုးမိုးရေးဌာနများနှင့် ပူပေါင်းကာ အမှုနှင့် ပတ် သက်၍ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး သေဆုံးသူများ၏အရိုးစုများ၊ မူးယစ်ဆေးဝါးထုတ်လုပ်ရေး ကိရိယာများ ကဲ့သို့အရေးကြီး သက်သေပစ္စည်းများစွာကိုလည်းရခဲ့ကြောင်း တရုတ်နိုင်ငံအတွင်းမှ မီဒီယာများတွင် ဖော်ပြထားသည်။
“တရုတ်ကဖော်ပြတဲ့သတင်းမှာ ပယ်ရင်ချန်ကဦးဆောင်ပြီး ဖျော်ဖြေရေးကော်မတီဆိုတာ ဖွဲ့ တယ်။ ကာစီနိုလိုင်စင်ထုတ်ပေးတာတွေ လုပ်တယ်ပေါ့။ ပြီးတော့ ငှားရမ်းခတွေယူတယ်။ အခွန် ကောက်တယ်။ လုံခြုံရေးယူပေးတယ်။ ပိုက်ဆံ ဘယ်လောက် ပေးရမယ်ဆိုပြီး ကာကွယ်ပေးတယ်။ ကျားဖျန့် ဝင်းတွေကိုလည်း လုံခြုံရေးယူပေးပေမယ့် ကျားဖျန့်ပိုင်ရှင်တွေကနှိပ်စက်တာကိုမကြည့်ဘူး ပေါ့။ ဒီလိုစွဲချက်တွေပါတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
တရုတ်နိုင်ငံမှ မီဒီယာများထက်တွင် ဖော်ပြသော ဗီဒီယိုအတွင်း ဦးပယ်ဆောက်ချိန်က ထောင် ဝတ်စုံဖြင့်ပြောကြားနေသည့်ရုပ်သံလည်း ပါဝင်ရာ ယင်းမှာ နောင်တရစကား ပြောကြားနေခြင်းဖြစ် ကြောင်း အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။
“ဦးပယ်ဆောက်ချိန် ဗီဒီယိုမှာပြောတဲ့စကားက အခွင့်အရေးသာရမယ်ဆိုရင် ဘဝကို ရိုးရိုး ရှင်းရှင်းပဲ ဖြတ်သန်းချင်ပါတော့တယ်တဲ့” ဟု ၎င်းက ဘာသာပြန်ပြောကြားသည်။

Zawgyi Version:
ဦးပယ္ေဆာက္ခ်ိန္၊ ပယ္ရင္ခ်န္း အပါအဝင္ (၂၁) ဦးကို တ႐ုတ္၌ စတင္ တရားစြဲဆို
သုတေက်ာ္ (NP News)
ပယ္မိသားစုမွ ကိုးကန႔္ေဒသ ဥကၠ႒ ေဟာင္း ဦးပယ္ေဆာက္ခ်ိန္ႏွင့္ ၎၏သားျဖစ္ေသာ ကိုးကန႔္ ျပည္သူ႔စစ္ေခါင္းေဆာင္ ပယ္ရင္ခ်န္း အပါအဝင္ (၂၁) ဦးကို ဇူလိုင္လ (၁၁)ရက္တြင္ စတင္ တရားစြဲဆိုလိုက္ၿပီျဖစ္ေၾကာင္း ျဖစ္စဥ္ႏွင့္ပတ္သက္၍ သိရွိသူမ်ားထံ ေမးျမန္းထားေသာအခ်က္ အလက္မ်ားအရ သိရသည္။
တ႐ုတ္ႏိုင္ငံ ျပည္သူ႔လုံၿခဳံေရးအဖြဲ႕အစည္းထံသို႔ ၿပီးခဲ့သည့္ႏွစ္ ဇန္နဝါရီလ (၃၀)ရက္က ျမန္မာ ႏိုင္ငံေျမာက္ပိုင္း ကိုးကန႔္ေဒသ အြန္လိုင္း လိမ္လည္မႈအဖြဲ႕ အဓိကေခါင္းေဆာင္ (၆)ဦးျဖစ္သည့္ ပယ္ ေဆာက္ခ်ိန္ ၊ ပယ္ရင္ခ်န္း၊ ေဝ့ဟြိဳင္ရန္၊ လ်ိဳက်န႔္ရွန္၊ လ်ိဳက်န႔္ေမာက္၊ ႐ႊီေလာက္ဖာႏွင့္ အျခားအေရးႀကီး ျပစ္မႈက်ဴးလြန္ေၾကာင္း သံသယရွိသူ (၄)ဦးကို တရားဥပေဒႏွင့္အညီ လႊဲေျပာင္းေပးအပ္ခဲ့ရာ အဆိုပါ (၁၀) ဦးကို ထိုေန႔ညတြင္ပင္ တ႐ုတ္ႏိုင္ငံတြင္ ဖမ္းဆီးစစ္ေဆးရန္ေခၚေဆာင္သြားခဲ့ျခင္းျဖစ္သည္။
ပယ္မိသားစု၏အမႈႏွင့္ပတ္သက္၍ ကြမ္တုန္းျပည္နယ္၊ ရွန္က်န္းၿမိဳ႕ တရား႐ုံး၏ တရားဝင္ WeChat စာမ်က္ႏွာ၌ ေၾကညာခ်က္ ထုတ္ျပန္ ခဲ့ျခင္း ျဖစ္ကာ လိမ္လည္မႈ၊ ေလာင္းကစား႐ုံဖြင့္လွစ္မႈ၊ ၿခိမ္းေျခာက္ေငြညႇစ္မႈ၊ ရည္႐ြယ္ခ်က္ရွိရွိ လူသတ္မႈ၊ ရည္႐ြယ္ခ်က္ရွိရွိ ကိုယ္လက္အဂၤါ ထိခိုက္ေစမႈ၊ ျပန္ေပးဆြဲမႈ ႏွင့္ မူးယစ္ေဆးဝါး ေရာင္းဝယ္ထုတ္လုပ္မႈစသည္ျဖင့္ စြဲခ်က္မ်ားစြာျဖင့္ တရားစြဲဆိုခဲ့ျခင္း ျဖစ္ေၾကာင္း ေဖာ္ျပထားသည္ဟု တ႐ုတ္မီဒီယာမ်ားတြင္ ေရးသားထားသည္။
ပယ္မိသားစုအေနျဖင့္ လိမ္လည္မႈေပါင္း (၃၁ယဝဝဝ) ေက်ာ္အတြက္တာဝန္ရွိၿပီး လိမ္လည္မႈမွ ရေငြ ယြမ္ (၁၀.၆) ဘီလ်ံေက်ာ္၊ ေလာင္းကစား ႏွင့္ဆက္စပ္ေသာလုပ္ငန္းမ်ားမွ ရေငြ ယြမ္(၁၈) ဘီလ်ံေက်ာ္ႏွင့္ မူးယစ္ေဆးဝါး (၁၁)တန္ခန႔္ ထုတ္လုပ္ေရာင္းခ်ခဲ့ေၾကာင္းလည္း အဆိုပါ သတင္း မ်ားအရ သိရသည္။
“ပယ္ရင္ခ်န္းကေတာ့ အကုန္ဝန္ခံလိုက္တယ္ဗ်။ ေလာက္ကိုင္တစ္ခုလုံး ျဖစ္ပ်က္သမွ် သူတို႔ အိမ္မွာပဲ တာဝန္ရွိတယ္ဆိုၿပီးေတာ့။ တ႐ုတ္ႏိုင္ငံကေတာ့ လက္ခံခ်င္မွ လက္ခံမွာေပါ့” ဟု ျဖစ္စဥ္ႏွင့္ ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးကNP News ကို ေျပာသည္။
ေလာက္ကိုင္မွ က်ားဖ်န႔္မ်ားအေရးႏွင့္ ပတ္သက္၍ ၿမီ မိသားစုကိုမူ တ႐ုတ္ႏိုင္ငံတြင္ စစ္ေဆး စီရင္ၿပီးသြားၿပီျဖစ္ေသာ္လည္း ျပစ္ဒဏ္ မခ်ေသးဘဲ ယခုအခါ ပယ္မိသားစုကို ထပ္မံစစ္ေဆး စီရင္ရန္ ေဆာင္႐ြက္လာျခင္းျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။
ပယ္မိသားစု၏အမႈႏွင့္ပတ္သက္၍ တ႐ုတ္ျပည္သူ႔လုံၿခဳံေရးအဖြဲ႕ဝင္မ်ားသည္ ျမန္မာႏိုင္ငံသို႔ ငါးႀကိမ္လာေရာက္ခဲ့ကာ ျမန္မာႏိုင္ငံ၏တရား ဥပေဒစိုးမိုးေရးဌာနမ်ားႏွင့္ ပူေပါင္းကာ အမႈႏွင့္ ပတ္ သက္၍ စုံစမ္းမႈမ်ားျပဳလုပ္ခဲ့ၿပီး ေသဆုံးသူမ်ား၏အ႐ိုးစုမ်ား၊ မူးယစ္ေဆးဝါးထုတ္လုပ္ေရး ကိရိယာမ်ား ကဲ့သို႔အေရးႀကီး သက္ေသပစၥည္းမ်ားစြာကိုလည္းရခဲ့ေၾကာင္း တ႐ုတ္ႏိုင္ငံအတြင္းမွ မီဒီယာမ်ားတြင္ ေဖာ္ျပထားသည္။
“တ႐ုတ္ကေဖာ္ျပတဲ့သတင္းမွာ ပယ္ရင္ခ်န္ကဦးေဆာင္ၿပီး ေဖ်ာ္ေျဖေရးေကာ္မတီဆိုတာ ဖြဲ႕ တယ္။ ကာစီႏိုလိုင္စင္ထုတ္ေပးတာေတြ လုပ္တယ္ေပါ့။ ၿပီးေတာ့ ငွားရမ္းခေတြယူတယ္။ အခြန္ ေကာက္တယ္။ လုံၿခဳံေရးယူေပးတယ္။ ပိုက္ဆံ ဘယ္ေလာက္ ေပးရမယ္ဆိုၿပီး ကာကြယ္ေပးတယ္။ က်ားဖ်န႔္ ဝင္းေတြကိုလည္း လုံၿခဳံေရးယူေပးေပမယ့္ က်ားဖ်န႔္ပိုင္ရွင္ေတြကႏွိပ္စက္တာကိုမၾကည့္ဘူး ေပါ့။ ဒီလိုစြဲခ်က္ေတြပါတယ္” ဟု အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
တ႐ုတ္ႏိုင္ငံမွ မီဒီယာမ်ားထက္တြင္ ေဖာ္ျပေသာ ဗီဒီယိုအတြင္း ဦးပယ္ေဆာက္ခ်ိန္က ေထာင္ ဝတ္စုံျဖင့္ေျပာၾကားေနသည့္႐ုပ္သံလည္း ပါဝင္ရာ ယင္းမွာ ေနာင္တရစကား ေျပာၾကားေနျခင္းျဖစ္ ေၾကာင္း အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။
“ဦးပယ္ေဆာက္ခ်ိန္ ဗီဒီယိုမွာေျပာတဲ့စကားက အခြင့္အေရးသာရမယ္ဆိုရင္ ဘဝကို ႐ိုး႐ိုး ရွင္းရွင္းပဲ ျဖတ္သန္းခ်င္ပါေတာ့တယ္တဲ့” ဟု ၎က ဘာသာျပန္ေျပာၾကားသည္။

Related news

© 2021. All rights reserved.