စီးနင်းတိုက်ခိုက်မှုတစ်ခုအတွင်း ISIS အကြမ်းဖက်အဖွဲ့အကြီးတန်းအရာရှိတစ်ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန်ပြော

187

Pika (NP News) - စက်တင်ဘာ ၂၁
အမေရိကန်စစ်တပ်ဟာ ဆီးရီးယားနိုင်ငံက နေရာတစ်ခုကို စီးနင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်စဉ်အချိန်အတွင်း ISIS အကြမ်းဖက်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကို သတ်ပစ်နိုင်ခဲ့တယ်လို့ အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
(CENTCOM) အကြီးအကဲ ဘရတ်ကော့ပါးက “အမေရိကန်၊ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေ ဒါမှမဟုတ် မိတ်ဖက်တွေကို တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့ ကြိုးပမ်းနေတဲ့ ISIS အကြမ်းဖက်သမားတွေကို လိုက်လံရှာဖွေသတ်ဖြတ်ရာမှာ အလျှော့ပေးသွားမှာမဟုတ်ပါဘူး။ အမေရိကန်တပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံက နေရာတစ်ခုကို စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်စဉ်အချိန်အတွင်း ISIS အကြမ်းဖက်အဖွဲ့ အကြီးတန်းအရာရှိတစ်ဦးကို သတ်ပစ်နိုင်ခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။
ISIS အကြမ်းဖက်အဖွဲ့အကြီးတန်းအရာရှိ Omar Abdul Qader ဟာ အမေရိကန်ပြည်မကြီးကို တိုက်ရိုက် ခြိမ်းခြောက်မှုတွေလုပ်ဆောင်နေပြီး အမေရိကန်ကို တိုက်ခိုက်ဖို့ တက်ကြွစွာကြိုးပမ်းနေသူတစ်ဦးဖြစ်တယ်လို့ CENTCOM က ပြောကြားခဲ့ပါတယ်။
CENTCOM က “Omar Abdul Qader ရဲ့သေဆုံးမှုဟာ အမေရိကန်နိုင်ငံသားတွေနဲ့ ကျွန်တော်တို့ရဲ့မိတ်ဖက်တွေ အပေါ်ခြိမ်းခြောက်နေတဲ့အနာဂါတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ဖို့နဲ့ကြံစည်နေတဲ့ ISIS အကြမ်းဖက်အဖွဲ့ရဲ့ စွမ်းဆောင်ရည်တွေကို အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း စီးနင်းတိုက်ခိုက်မှုအတွင်း အမေရိကန်တပ်ဖွဲ့ဝင်တွေ ထိခိုက်တာမျိုး ရှိ/မရှိနဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့နောက်ထပ်အသေးစိတ်အချက်အလက်တွေကို CENTCOM က ထုတ်ပြန်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ လည်း သိရပါတယ်။

Zawgyi Version:
စီးနင္းတိုက္ခိုက္မႈတစ္ခုအတြင္း ISIS အၾကမ္းဖက္အဖြဲ႕အႀကီးတန္းအရာရွိတစ္ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ေျပာ
Pika (NP News) - စက္တင္ဘာ ၂၁
အေမရိကန္စစ္တပ္ဟာ ဆီးရီးယားႏိုင္ငံက ေနရာတစ္ခုကို စီးနင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္စဥ္အခ်ိန္အတြင္း ISIS အၾကမ္းဖက္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးကို သတ္ပစ္ႏိုင္ခဲ့တယ္လို႔ အေမရိကန္ဗဟိုကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
(CENTCOM) အႀကီးအကဲ ဘရတ္ေကာ့ပါးက “အေမရိကန္၊ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြ ဒါမွမဟုတ္ မိတ္ဖက္ေတြကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔ ႀကိဳးပမ္းေနတဲ့ ISIS အၾကမ္းဖက္သမားေတြကို လိုက္လံရွာေဖြသတ္ျဖတ္ရာမွာ အေလွ်ာ့ေပးသြားမွာမဟုတ္ပါဘူး။ အေမရိကန္တပ္ဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံက ေနရာတစ္ခုကို စီးနင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္စဥ္အခ်ိန္အတြင္း ISIS အၾကမ္းဖက္အဖြဲ႕ အႀကီးတန္းအရာရွိတစ္ဦးကို သတ္ပစ္ႏိုင္ခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။
ISIS အၾကမ္းဖက္အဖြဲ႕အႀကီးတန္းအရာရွိ Omar Abdul Qader ဟာ အေမရိကန္ျပည္မႀကီးကို တိုက္႐ိုက္ ၿခိမ္းေျခာက္မႈေတြလုပ္ေဆာင္ေနၿပီး အေမရိကန္ကို တိုက္ခိုက္ဖို႔ တက္ႂကြစြာႀကိဳးပမ္းေနသူတစ္ဦးျဖစ္တယ္လို႔ CENTCOM က ေျပာၾကားခဲ့ပါတယ္။
CENTCOM က “Omar Abdul Qader ရဲ႕ေသဆုံးမႈဟာ အေမရိကန္ႏိုင္ငံသားေတြနဲ႔ ကြၽန္ေတာ္တို႔ရဲ႕မိတ္ဖက္ေတြ အေပၚၿခိမ္းေျခာက္ေနတဲ့အနာဂါတ္တိုက္ခိုက္မႈေတြလုပ္ေဆာင္ဖို႔နဲ႔ႀကံစည္ေနတဲ့ ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕ စြမ္းေဆာင္ရည္ေတြကို အေႏွာင့္အယွက္ျဖစ္ေစပါလိမ့္မယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း စီးနင္းတိုက္ခိုက္မႈအတြင္း အေမရိကန္တပ္ဖြဲ႕ဝင္ေတြ ထိခိုက္တာမ်ိဳး ရွိ/မရွိနဲ႔ စစ္ဆင္ေရးနဲ႔ ပတ္သက္တဲ့ေနာက္ထပ္အေသးစိတ္အခ်က္အလက္ေတြကို CENTCOM က ထုတ္ျပန္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ လည္း သိရပါတယ္။