ဌာနဆိုင်ရာအဆောက်အဦးများ ပြီးစီးသည်အထိဆောင်ရွက်ခဲ့ခြင်းမရှိသော ကုမ္ပဏီများကို တိုင်းကျန်းမာရေးဆင့်ခေါ်
                        
                            
                             
 1043
 
                             
                            
                            
                         
                        
Pearl (NP News) - စက်တင်ဘာ ၂၃
ဌာနဆိုင်ရာအဆောက်အဦးများ ပြီးစီးသည်အထိဆောင်ရွက်ခဲ့ခြင်းမရှိသော ကုမ္ပဏီများကို ကျန်းမာရေးဝန်ကြီးဌာန၊  ဧရာဝတီတိုင်းဒေသကြီးကုသရေးဦးစီးဌာနမှ ဆင့်ခေါ်ထားသည်။ 
ဧရာဝတီတိုင်းဒေသကြီးအတွင်း တည်ဆောက်ရေးလုပ်ငန်းများအား တာဝန်ယူဆောင်ရွက်ခဲ့ပြီး လုပ်ငန်းများ (၁ဝဝ ရာခိုင်နှုန်း) ပြီးစီးသည်အထိ ဆက်လက်ဆောင်ရွက်ခြင်းမရှိသည့် ဆောင်းဟေမာန်ကုမ္ပဏီ (ဇလွန်မြို့နယ်ဆေးရုံတွင်(၄)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း) ၊ အာရှမြဟင်္သာ (ငပုတောမြို့နယ် ပြင်ခရိုင်တိုက်နယ်ဆေးရုံ တွင် ဝန်ထမ်းအိမ်ရာ များ ဆောက်လုပ်ခြင်း) ၊ Autumn Dream ( ဖျာပုံမြို့နယ် နောက် မီး တိုက်နယ်ဆေးရုံနှင့် ဝန်ထမ်းအိမ်ရာများဆောက်လုပ်ခြင်း) အပါအဝင်  ကုမ္ပဏီ (၁၂)ခု ရှိကြောင်း သိရသည်။ 
ထို့ကြောင့် အဆိုပါ ကုမ္ပဏီ (၁၂)ခုမှ တိုင်းကျန်းမာရေးဌာန၏ ကြော်ငြာသည့်ရက်မှစ၍ ခုနှစ်ရက်အတွင်း တိုင်းဒေသကြီးကုသရေးဦးစီးဌာနသို့လာရောက်တွေ့ဆုံရန် ဆင့်ခေါ် ထားသည်။
လာရောက်ရန် ပျက်ကွက်ပါက စာချုပ်ပါစည်းကမ်းများ သုံးလုပ်နည်းအတိုင်း ဆက်လ အရ တည်ဆဲဥပဒေနှင့်အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
                     
                        
                                                                    
Zawgyi Version: 