နယ်ချဲ့တို့ရဲ့ ကိုလိုနီလက်သစ်ဝါဒ လက်နက်ဖြစ်နေသည်ဟု ဆိုကာ ICC မှ အာဖရိက (၃) နိုင်ငံနှုတ်ထွက်

 477

HtayOung #OungMarine(NP News)စက်တင်ဘာ ၂၄
မာလီ၊ ဘူကီနာဖာဆို နဲ့ နိုင်ဂျာနိုင်ငံတို့ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) မှ နုတ်ထွက်ကြောင်း ကြေ ညာလိုက်ပြီး ခုံရုံးရဲ့ တရားသူကြီး ရွေးချယ်ခန့်အပ်ခြင်းနဲ့ ပြည်ပ ဝင်ရောက်စွက်ဖက်မှုများ ရှိနေတယ်လို့ စွပ်စွဲ လိုက်ကြောင်း “ယူရိုနယူးစ်” (23 September 2025) က ရေးပါတယ်။

တနင်္လာနေ့ညက ထုတ်ပြန်လိုက်တဲ့ စစ်တပ် ဦးဆောင် အစိုးရသုံးခုရဲ့ ပူးတွဲကြေညာချက်မှာ ICC ဟာ နယ်ချဲ့ စနစ်လက်တွင်း ကိုလိုနီလက်သစ်ဝါဒရဲ့ ပြန်လည်ဖိနှိပ်ရေး လက်နက်ကိရိယာ ဖြစ်လာနေတယ်လို့ ဖော်ပြထား ပါတယ်။ မိမိတို့အနေနဲ့ မိမိတိုင်းပြည်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို ခိုင်မာစေလိုပြီး ICC ၏ အခန်းကဏ္ဍနေ ရာမှာ မိမိတို့နိုင်ငံတွင်း အုပ်ချုပ်ရေး-တရားရေးစနစ်များနဲ့အစားထိုးရန် ဆန္ဒရှိကြောင်း ပြောဆိုပါတယ်။

နယ်သာလန်နိုင်ငံ ဟိတ်မြို့တွင် အခြေစိုက် ICC ဟာ စစ်ရာဇဝတ်မှုများ၊ လူသားများအပေါ် ကျူးလွန်တဲ့ ရာဇ ဝတ်မှုများနဲ့ လူမျိုးသုဉ်းစေတဲ့ ဂျီနိုဆိုက်မှုများကို စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ယခူလို နုတ်ထွက်တဲ့ လုပ်ငန်း စဉ်ဟာ အနည်းဆုံး တစ်နှစ်ခန့် ကြာမြင့်လေ့ ရှိပါတယ်။

အာဖရိက အနောက်ပိုင်းရှိ အဆိုပါ နိုင်ငံသုံးနိုင်ငံစလုံးမှာ စစ်တပ် အာဏာသိမ်းမှုများ ဖြစ်ပွားပြီးနောက် ယခု ဆုံးဖြတ်ချက်ကို ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အာဏာရရှိလာကတည်းက အဲ့ဒီနိုင်ငံ ခေါင်းဆောင်တွေဟာ ECOWAS “အီကိုဝပ်စ်” ခေါ် အနောက်အာဖရိက ၁၂-နိုင်ငံပါ ဒေသတွင်း နိုင်ငံရေး စီးပွားရေးအဖွဲ့မျိုးကဲ့သို့ အစဉ်အလာ မိတ်ဖက်များနဲ့ ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ရုရှားနိုင်ငံဘက်သို့ ပိုမိုယိမ်းညွှတ်လာခဲ့ကြောင်း တွေ့ရှိရပါတယ်။

ရုရှားဟာ မာလီနိုင်ငံကို လက်နက်များနဲ့ ရဟတ်ယာဉ်များ ပေးအပ်ခဲ့ပါတယ်။ မာလီ စစ်အစိုးရကလည်း ဆာဟဲ ဒေသ ခေါ် အာဖရိမြောက်ပိုင်းနဲ့ ဆာဟာရသဲကန္တာရတောင်ပိုင်းကြားဒေသရှိ အစ္စလာမ်မစ် အကြမ်းဖက် စစ် သွေးကြွများကို တိုက်ခိုက်ရန် ရုရှား Wagner “ဝဂ္ဂနာ” ခေါ် ပုဂ္ဂလိက စစ်တပ်များနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ပါ တယ်။

လူ့အခွင့်အရေးအဖွဲ့များကမူ ဝဂ္ဂနာနဲ့ မာလီတပ်ဖွဲ့ဝင်များဟာ ပြည်သူများကို သတ်ဖြတ်တယ်လို့ စွပ်စွဲ ထားပါတယ်။ ဝဂ္ဂနာဟာ ဘူကီနာဖာဆိုနဲ့လည်း အလားတူ သဘောတူညီချက်ကို လက်မှတ်ရေးထိုးထားပါ တယ်။ ယမန်နှစ်က ရုရှားက ဘူကီးနာဖာဆိုကို ဂျုံစပါး တန်ချိန် ၅၀,၀၀၀ အခမဲ့ ပေးပို့ခဲ့ပြီး ကုန်သွယ်ရေးတိုး ချဲ့ရန် ကတိပြုခဲ့ပါတယ်။

တပ်စွဲထားတဲ့ အမေရိကန်တပ်ဖွဲ့တွေ ထွက်ခွာရန် အမိန့်ပေးခံခဲ့ရတဲ့ နိုင်ဂျာနိုင်ငံမှာတော့ များမကြာမီ နိုင်ဂျာ မြို့တော် နီရာမီး လေယာဉ်ကွင်းကို ရုရှားတပ်ဖွဲ့များ ဝင်ရောက်ရန် ခွင့်ပြုခဲ့ပါတယ်။ ယခုရက်သတ္တပတ် စော စောပိုင်းမှာ မာလီ၊ ဘူကီနာဖာဆိုနဲ့ နိုင်ဂျာနိုင်ငံတို့မှ သံအမတ်ကြီးတွေဟာ မော်စကို သိမ်းပိုက်ထားတဲ့ ခရိုင်မီး ယားဒေသကို ရုရှားအရာရှိများနဲ့အတူ သွားရောက်လည်ပတ်ခဲ့ပါတယ်။ အဲ့ဒီ ခရီးစဉ်ကို ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ကဲ့ရဲ့ရှုတ်ချခဲ့ပြီး ဒီလုပ်ရပ်ဟာ နိုင်ငံတကာဥပဒေနဲ့ ခရိုင်မီးယားဟာ ယူကရိန်းရဲ့ ပိုင်နက်အ စိတ်အပိုင်းဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်များကို မထီမဲ့မြင် ပြုခြင်းဖြစ်တယ်လို့ ပြောပါတယ်။

ယခု ၃-နိုင်ငံဟာ ICC မှ နှုတ်ထွက်သွားတဲ့ နောက်ဆုံးနိုင်ငံများ ဖြစ်ကြပါတယ်။ ဂါဇာနဲ့ ပတ်သက်ပြီး စွပ်စွဲ ထားတဲ့ စစ်ရာဇဝတ်မှုများအတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC အပေါ် ဝေဖန်ပြီးနောက် ဟန်ဂေရီနိုင်ငံက နုတ်ထွက်မယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။ အာဖရိအရှေ့ပိုင်း ကုန်းတွင်းပိတ်တိုင်းပြည် ဘူရွန်ဒီနိုင်ငံက ၂၀၁၇ ခုနှစ်မှာ ICC မှ နုတ်ထွက်ခဲ့ပြီး၊ တစ်ချိန်က နုတ်ထွက်ရန် စဉ်း စားခဲ့တယ်ဆိုတဲ့ တောင်အာဖရိကနှင့် ဂမ်ဘီယာနိုင်ငံတို့က မနုတ်ထွက်ဖြစ်သေးပါဘူး။

ဖိလစ်ပိုင်နိုင်ငံဟာ ၂၀၁၉ ခုနှစ်မှာ နုတ်ထွက်ခဲ့ပေမယ့် နိုင်ငံ့သမ္မတဟောင်း ရိုဒရီဂို ဒူးတာတေးဟာ မူးယစ် ဆေးဝါးဆန့်ကျင်ရေး စီမံကိန်းမှာ ဆက်စပ်နေတဲ့ လူသတ်မှုစွဲချက်ဖြင့် ICC မှာ ရောက်ရှိ တရားစွဲဆိုခံနေရပါ တယ်။

ဝေဖန်သူများက ICC ဟာ အာဖရိကနိုင်ငံများကို မတရားသဖြင့် ပစ်မှတ်ထားနေတယ်လို့ ဆိုကြပြီး ထောက်ခံ သူတွေကတော့ ICC ဟာ ကမ္ဘာတစ်ဝှန်းလုံးရဲ့ တရားမျှတမှုအတွက် အဓိကကျတဲ့ အဖွဲ့အစည်းအဖြစ် ဆက် လက်တည်ရှိနေတယ်လို့ ငြင်းခုံနေကြပါတယ်။

Zawgyi Version:
နယ္ခ်ဲ႕တို႔ရဲ႕ ကိုလိုနီလက္သစ္ဝါဒ လက္နက္ျဖစ္ေနသည္ဟု ဆိုကာ ICC မွ အာဖရိက ၃-ႏိုင္ငံႏႈတ္ထြက္
HtayOung #OungMarine(NP News)စက္တင္ဘာ ၂၄
မာလီ၊ ဘူကီနာဖာဆို နဲ႔ ႏိုင္ဂ်ာႏိုင္ငံတို႔ဟာ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး (ICC) မွ ႏုတ္ထြက္ေၾကာင္း ေၾက ညာလိုက္ၿပီး ခုံ႐ုံးရဲ႕ တရားသူႀကီး ေ႐ြးခ်ယ္ခန႔္အပ္ျခင္းနဲ႔ ျပည္ပ ဝင္ေရာက္စြက္ဖက္မႈမ်ား ရွိေနတယ္လို႔ စြပ္စြဲ လိုက္ေၾကာင္း “ယူ႐ိုနယူးစ္” (23 September 2025) က ေရးပါတယ္။

တနလၤာေန႔ညက ထုတ္ျပန္လိုက္တဲ့ စစ္တပ္ ဦးေဆာင္ အစိုးရသုံးခုရဲ႕ ပူးတြဲေၾကညာခ်က္မွာ ICC ဟာ နယ္ခ်ဲ႕ စနစ္လက္တြင္း ကိုလိုနီလက္သစ္ဝါဒရဲ႕ ျပန္လည္ဖိႏွိပ္ေရး လက္နက္ကိရိယာ ျဖစ္လာေနတယ္လို႔ ေဖာ္ျပထား ပါတယ္။ မိမိတို႔အေနနဲ႔ မိမိတိုင္းျပည္ရဲ႕ အခ်ဳပ္အျခာအာဏာပိုင္မႈကို ခိုင္မာေစလိုၿပီး ICC ၏ အခန္းက႑ေန ရာမွာ မိမိတို႔ႏိုင္ငံတြင္း အုပ္ခ်ဳပ္ေရး-တရားေရးစနစ္မ်ားနဲ႔အစားထိုးရန္ ဆႏၵရွိေၾကာင္း ေျပာဆိုပါတယ္။

နယ္သာလန္ႏိုင္ငံ ဟိတ္ၿမိဳ႕တြင္ အေျခစိုက္ ICC ဟာ စစ္ရာဇဝတ္မႈမ်ား၊ လူသားမ်ားအေပၚ က်ဴးလြန္တဲ့ ရာဇ ဝတ္မႈမ်ားနဲ႔ လူမ်ိဳးသုဥ္းေစတဲ့ ဂ်ီႏိုဆိုက္မႈမ်ားကို စုံစမ္းစစ္ေဆးလ်က္ရွိပါတယ္။ ယခူလို ႏုတ္ထြက္တဲ့ လုပ္ငန္း စဥ္ဟာ အနည္းဆုံး တစ္ႏွစ္ခန႔္ ၾကာျမင့္ေလ့ ရွိပါတယ္။

အာဖရိက အေနာက္ပိုင္းရွိ အဆိုပါ ႏိုင္ငံသုံးႏိုင္ငံစလုံးမွာ စစ္တပ္ အာဏာသိမ္းမႈမ်ား ျဖစ္ပြားၿပီးေနာက္ ယခု ဆုံးျဖတ္ခ်က္ကို ထြက္ေပၚလာျခင္းျဖစ္ပါတယ္။ အာဏာရရွိလာကတည္းက အဲ့ဒီႏိုင္ငံ ေခါင္းေဆာင္ေတြဟာ ECOWAS “အီကိုဝပ္စ္” ေခၚ အေနာက္အာဖရိက ၁၂-ႏိုင္ငံပါ ေဒသတြင္း ႏိုင္ငံေရး စီးပြားေရးအဖြဲ႕မ်ိဳးကဲ့သို႔ အစဥ္အလာ မိတ္ဖက္မ်ားနဲ႔ ဆက္ဆံေရး ျဖတ္ေတာက္ခဲ့ၿပီး ႐ုရွားႏိုင္ငံဘက္သို႔ ပိုမိုယိမ္းၫႊတ္လာခဲ့ေၾကာင္း ေတြ႕ရွိရပါတယ္။

႐ုရွားဟာ မာလီႏိုင္ငံကို လက္နက္မ်ားနဲ႔ ရဟတ္ယာဥ္မ်ား ေပးအပ္ခဲ့ပါတယ္။ မာလီ စစ္အစိုးရကလည္း ဆာဟဲ ေဒသ ေခၚ အာဖရိေျမာက္ပိုင္းနဲ႔ ဆာဟာရသဲကႏၲာရေတာင္ပိုင္းၾကားေဒသရွိ အစၥလာမ္မစ္ အၾကမ္းဖက္ စစ္ ေသြးႂကြမ်ားကို တိုက္ခိုက္ရန္ ႐ုရွား Wagner “ဝဂၢနာ” ေခၚ ပုဂၢလိက စစ္တပ္မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္ခဲ့ပါ တယ္။

လူ႔အခြင့္အေရးအဖြဲ႕မ်ားကမူ ဝဂၢနာနဲ႔ မာလီတပ္ဖြဲ႕ဝင္မ်ားဟာ ျပည္သူမ်ားကို သတ္ျဖတ္တယ္လို႔ စြပ္စြဲ ထားပါတယ္။ ဝဂၢနာဟာ ဘူကီနာဖာဆိုနဲ႔လည္း အလားတူ သေဘာတူညီခ်က္ကို လက္မွတ္ေရးထိုးထားပါ တယ္။ ယမန္ႏွစ္က ႐ုရွားက ဘူကီးနာဖာဆိုကို ဂ်ဳံစပါး တန္ခ်ိန္ ၅၀,၀၀၀ အခမဲ့ ေပးပို႔ခဲ့ၿပီး ကုန္သြယ္ေရးတိုး ခ်ဲ႕ရန္ ကတိျပဳခဲ့ပါတယ္။

တပ္စြဲထားတဲ့ အေမရိကန္တပ္ဖြဲ႕ေတြ ထြက္ခြာရန္ အမိန႔္ေပးခံခဲ့ရတဲ့ ႏိုင္ဂ်ာႏိုင္ငံမွာေတာ့ မ်ားမၾကာမီ ႏိုင္ဂ်ာ ၿမိဳ႕ေတာ္ နီရာမီး ေလယာဥ္ကြင္းကို ႐ုရွားတပ္ဖြဲ႕မ်ား ဝင္ေရာက္ရန္ ခြင့္ျပဳခဲ့ပါတယ္။ ယခုရက္သတၱပတ္ ေစာ ေစာပိုင္းမွာ မာလီ၊ ဘူကီနာဖာဆိုနဲ႔ ႏိုင္ဂ်ာႏိုင္ငံတို႔မွ သံအမတ္ႀကီးေတြဟာ ေမာ္စကို သိမ္းပိုက္ထားတဲ့ ခ႐ိုင္မီး ယားေဒသကို ႐ုရွားအရာရွိမ်ားနဲ႔အတူ သြားေရာက္လည္ပတ္ခဲ့ပါတယ္။ အဲ့ဒီ ခရီးစဥ္ကို ယူကရိန္းႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ကဲ့ရဲ႕ရႈတ္ခ်ခဲ့ၿပီး ဒီလုပ္ရပ္ဟာ ႏိုင္ငံတကာဥပေဒနဲ႔ ခ႐ိုင္မီးယားဟာ ယူကရိန္းရဲ႕ ပိုင္နက္အ စိတ္အပိုင္းျဖစ္ေၾကာင္း ကုလသမဂၢရဲ႕ ဆုံးျဖတ္ခ်က္မ်ားကို မထီမဲ့ျမင္ ျပဳျခင္းျဖစ္တယ္လို႔ ေျပာပါတယ္။

ယခု ၃-ႏိုင္ငံဟာ ICC မွ ႏႈတ္ထြက္သြားတဲ့ ေနာက္ဆုံးႏိုင္ငံမ်ား ျဖစ္ၾကပါတယ္။ ဂါဇာနဲ႔ ပတ္သက္ၿပီး စြပ္စြဲ ထားတဲ့ စစ္ရာဇဝတ္မႈမ်ားအတြက္ အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ နက္တန္ယာဟုကို ဖမ္းဝရမ္းထုတ္ခဲ့တဲ့ ICC အေပၚ ေဝဖန္ၿပီးေနာက္ ဟန္ေဂရီႏိုင္ငံက ႏုတ္ထြက္မယ္လို႔ ဧၿပီလမွာ ေၾကညာခဲ့ပါတယ္။ အာဖရိအေရွ႕ပိုင္း ကုန္းတြင္းပိတ္တိုင္းျပည္ ဘူ႐ြန္ဒီႏိုင္ငံက ၂၀၁၇ ခုႏွစ္မွာ ICC မွ ႏုတ္ထြက္ခဲ့ၿပီး၊ တစ္ခ်ိန္က ႏုတ္ထြက္ရန္ စဥ္း စားခဲ့တယ္ဆိုတဲ့ ေတာင္အာဖရိကႏွင့္ ဂမ္ဘီယာႏိုင္ငံတို႔က မႏုတ္ထြက္ျဖစ္ေသးပါဘူး။

ဖိလစ္ပိုင္ႏိုင္ငံဟာ ၂၀၁၉ ခုႏွစ္မွာ ႏုတ္ထြက္ခဲ့ေပမယ့္ ႏိုင္ငံ့သမၼတေဟာင္း ႐ိုဒရီဂို ဒူးတာေတးဟာ မူးယစ္ ေဆးဝါးဆန႔္က်င္ေရး စီမံကိန္းမွာ ဆက္စပ္ေနတဲ့ လူသတ္မႈစြဲခ်က္ျဖင့္ ICC မွာ ေရာက္ရွိ တရားစြဲဆိုခံေနရပါ တယ္။

ေဝဖန္သူမ်ားက ICC ဟာ အာဖရိကႏိုင္ငံမ်ားကို မတရားသျဖင့္ ပစ္မွတ္ထားေနတယ္လို႔ ဆိုၾကၿပီး ေထာက္ခံ သူေတြကေတာ့ ICC ဟာ ကမာၻတစ္ဝွန္းလုံးရဲ႕ တရားမွ်တမႈအတြက္ အဓိကက်တဲ့ အဖြဲ႕အစည္းအျဖစ္ ဆက္ လက္တည္ရွိေနတယ္လို႔ ျငင္းခုံေနၾကပါတယ္။
..

===

Related news

© 2021. All rights reserved.