ရုရှားစစ်လေယာဉ်တွေကို ပစ်မချဖို့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို ရုရှားသံအမတ်ကြီး သတိပေး

 256

Pika (NP News) - စက်တင်ဘာ ၂၇
ရုရှားစစ်လေယာဉ်တစ်စင်းကို ပစ်ချလိုက်တဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတိုင်းက ရုရှားနဲ့စစ်ပွဲဖြစ်ပွားဖို့ စတင်လိုက်တာပဲ ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး အလက်ဆေးမက်ရှ်ကော့ဗ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ရုရှားစစ်လေယာဉ်တစ်စင်းဟာ ၎င်းရဲ့လေပိုင်နက်ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အက်စတိုးနီးယားနိုင်ငံက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားစစ်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့လည်း အက်စတိုးနီးယားအစိုးရက အကြံပြုပြောဆိုခဲ့ပါတယ်။ ရုရှားဘက်ကပစ်လွှတ်လိုက်တဲ့ဒရုန်းတွေဟာ ၎င်းရဲ့လေပိုင်နက်အတွင်းကို ချိုးဖောက် ဝင်ရောက်လာခဲ့တယ်လို့လည်း ပိုလန်အစိုးရက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စွပ်စွဲပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း အက်စတိုးနီးယားနဲ့ ပိုလန်တို့ရဲ့စွပ်စွဲပြောဆိုချက်တွေအားလုံးကို ရုရှားအစိုးရက ငြင်းဆန်ပယ်ချခဲ့ တယ်လို့လည်း သိရပါတယ်။
နေတိုးအဖွဲ့ဝင်နိုင်ငံတွေဟာ ရုရှားစစ်လေယာဉ်တွေကို ပစ်ချနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်‌ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ အလက်ဆေးမက်ရှ်ကော့ဗ်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အလက်ဆေးမက်ရှ်ကော့ဗ်က “ရုရှားစစ်‌လေယာဉ်တွေထဲကတစ်စင်းကို နေတိုးအဖွဲ့က ပစ်ချလိုက် တာက စစ်ပွဲကို ဆိုလိုတာပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့လေပိုင်နက်ကို နေတိုးအဖွဲ့ရဲ့စစ်လေယာဉ်တွေ ချိုးဖောက် ဝင်ရောက်လာတာမျိုး ရှိခဲ့ဖူးပေမယ့်လည်း ကျွန်တော်တို့ဘက်က တစ်စင်းမှပစ်မချခဲ့ဖူးပါဘူး” လို့ ပြောခဲ့ပါတယ်။

Zawgyi Version:
႐ုရွားစစ္ေလယာဥ္ေတြကို ပစ္မခ်ဖို႔ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြကို ႐ုရွားသံအမတ္ႀကီး သတိေပး
Pika (NP News) - စက္တင္ဘာ ၂၇
႐ုရွားစစ္ေလယာဥ္တစ္စင္းကို ပစ္ခ်လိုက္တဲ့ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံတိုင္းက ႐ုရွားနဲ႔စစ္ပြဲျဖစ္ပြားဖို႔ စတင္လိုက္တာပဲ ျဖစ္တယ္လို႔ ျပင္သစ္ႏိုင္ငံဆိုင္ရာ႐ုရွားသံအမတ္ႀကီး အလက္ေဆးမက္ရွ္ေကာ့ဗ္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ ႐ုရွားစစ္ေလယာဥ္တစ္စင္းဟာ ၎ရဲ႕ေလပိုင္နက္ခ်ိဳးေဖာက္ဝင္ေရာက္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အက္စတိုးနီးယားႏိုင္ငံက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်သင့္တယ္လို႔လည္း အက္စတိုးနီးယားအစိုးရက အႀကံျပဳေျပာဆိုခဲ့ပါတယ္။ ႐ုရွားဘက္ကပစ္လႊတ္လိုက္တဲ့ဒ႐ုန္းေတြဟာ ၎ရဲ႕ေလပိုင္နက္အတြင္းကို ခ်ိဳးေဖာက္ ဝင္ေရာက္လာခဲ့တယ္လို႔လည္း ပိုလန္အစိုးရက ၿပီးခဲ့တဲ့သီတင္းပတ္ေတြအတြင္း စြပ္စြဲေျပာဆိုခဲ့ဖူးပါတယ္။ ဒါေပမယ့္လည္း အက္စတိုးနီးယားနဲ႔ ပိုလန္တို႔ရဲ႕စြပ္စြဲေျပာဆိုခ်က္ေတြအားလုံးကို ႐ုရွားအစိုးရက ျငင္းဆန္ပယ္ခ်ခဲ့ တယ္လို႔လည္း သိရပါတယ္။
ေနတိုးအဖြဲ႕ဝင္ႏိုင္ငံေတြဟာ ႐ုရွားစစ္ေလယာဥ္ေတြကို ပစ္ခ်ႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္‌ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ အလက္ေဆးမက္ရွ္ေကာ့ဗ္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အလက္ေဆးမက္ရွ္ေကာ့ဗ္က “႐ုရွားစစ္‌ေလယာဥ္ေတြထဲကတစ္စင္းကို ေနတိုးအဖြဲ႕က ပစ္ခ်လိုက္ တာက စစ္ပြဲကို ဆိုလိုတာပဲျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ေလပိုင္နက္ကို ေနတိုးအဖြဲ႕ရဲ႕စစ္ေလယာဥ္ေတြ ခ်ိဳးေဖာက္ ဝင္ေရာက္လာတာမ်ိဳး ရွိခဲ့ဖူးေပမယ့္လည္း ကြၽန္ေတာ္တို႔ဘက္က တစ္စင္းမွပစ္မခ်ခဲ့ဖူးပါဘူး” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.