ကမ္ဘောဒီးယားကို တရုတ်စစ်သင်္ဘောနှစ်စီး ရောက်ရှိနေ

 3410

Pika (NP News) - အောက်တိုဘာ ၁၁

ချစ်ကြည်ရေးနဲ့ လေ့ကျင့်ရေးခရီးစဉ်အဖြစ် တရုတ်စစ်သင်္ဘောနှစ်စီးဟာ ကမ္ဘောဒီးယားနိုင်ငံကိုရောက်ရှိလာခဲ့ တယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံဟာ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့နဲ့ဆက်ဆံရေးကို ဟန်ချက်ညီအောင် ထိန်းသိမ်းဖို့ကြိုးပမ်းနေချိန်မှာပဲ ယခုလိုစစ်သင်္ဘောတွေ သွားရောက်လည်ပတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လနှောင်းပိုင်းတုန်းက နယ်မြေအငြင်းပွားမှုတွေနဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားနဲ့ ထိုင်းနိုင်ငံတို့ဟာ (၅)ရက်ကြာ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ကမ္ဘောဒီးယားကို တရုတ်က စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ပေးမှုဟာ ထိုင်းနိုင်ငံမှာ တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘောဒီးယားနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ဟာ နယ်စပ်အငြင်းပွားမှုတွေကို ဖြေရှင်းနိုင်တာမျိုး မရှိသေးဘဲ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။ ကမ္ဘောဒီးယားကို တရုတ် စစ်သင်္ဘောတွေလာရောက်လည်ပတ်မှုရဲ့အဓိကရည်မှန်းချက်ဟာ ပူးပေါင်းဆောင်ရွက်မှုတွေကို ပိုမိုအားကောင်း လာစေဖို့ဖြစ်ပြီး ထိုင်းနိုင်ငံနဲ့ဖြစ်ပွားနေတဲ့နယ်စပ်အငြင်းပွားမှုတွေမှာ ကမ္ဘောဒီးယားနိုင်ငံကို ထောက်ခံတယ် ဆိုတာကိုပြသဖို့ ရည်ရွယ်ထားတာမျိုးမဟုတ်ဘူးလို့ ကမ္ဘောဒီးယားရေတပ် ပြောရေးဆိုခွင့်ရှိသူ ဆမ်ဆိုကာက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ကုန်းရေနှစ်သွယ် စစ်သင်္ဘော Yimeng Shan နဲ့ လေ့ကျင့်ရေးသင်္ဘော Qijiguang တို့ဟာ Sihanoukvill ဆိပ်ကမ်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး လာမယ့်အောက်တိုဘာလ(၁၄)ရက်မှာ ထွက်ခွာဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် တရုတ်ရဲ့ကုန်းရေနှစ်သွယ် စစ်သင်္ဘော Yimeng Shan နဲ့ လေ့ကျင့်ရေးသင်္ဘော Qijiguang တို့ဟာ ထိုင်းနိုင်ငံနဲ့ စင်ကာပူနိုင်ငံတို့ကို သွားရောက်လည်ပတ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
ကေမာၻဒီးယားကို တ႐ုတ္စစ္သေဘၤာႏွစ္စီး ေရာက္ရွိေန
Pika (NP News) - ေအာက္တိုဘာ ၁၁
ခ်စ္ၾကည္ေရးနဲ႔ ေလ့က်င့္ေရးခရီးစဥ္အျဖစ္ တ႐ုတ္စစ္သေဘၤာႏွစ္စီးဟာ ကေမာၻဒီးယားႏိုင္ငံကိုေရာက္ရွိလာခဲ့ တယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံဟာ ကေမာၻဒီးယား၊ ထိုင္းႏိုင္ငံတို႔နဲ႔ဆက္ဆံေရးကို ဟန္ခ်က္ညီေအာင္ ထိန္းသိမ္းဖို႔ႀကိဳးပမ္းေနခ်ိန္မွာပဲ ယခုလိုစစ္သေဘၤာေတြ သြားေရာက္လည္ပတ္မႈ ထြက္ေပၚလာတာျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ဇူလိုင္လေႏွာင္းပိုင္းတုန္းက နယ္ေျမအျငင္းပြားမႈေတြနဲ႔ပတ္သက္ၿပီး ကေမာၻဒီးယားနဲ႔ ထိုင္းႏိုင္ငံတို႔ဟာ (၅)ရက္ၾကာ လက္နက္ကိုင္ပဋိပကၡေတြျဖစ္ပြားခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ကေမာၻဒီးယားကို တ႐ုတ္က စစ္လက္နက္ပစၥည္းေတြေထာက္ပံ့ေပးမႈဟာ ထိုင္းႏိုင္ငံမွာ တင္းမာမႈေတြကို ျဖစ္ေပၚေစခဲ့တယ္လို႔လည္း သိရပါတယ္။
လက္ရွိအခ်ိန္အထိ ကေမာၻဒီးယားႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံတို႔ဟာ နယ္စပ္အျငင္းပြားမႈေတြကို ေျဖရွင္းႏိုင္တာမ်ိဳး မရွိေသးဘဲ တင္းမာမႈေတြ ဆက္လက္ျမင့္တက္ေနဆဲျဖစ္တယ္လို႔လည္း သိရပါတယ္။ ကေမာၻဒီးယားကို တ႐ုတ္ စစ္သေဘၤာေတြလာေရာက္လည္ပတ္မႈရဲ႕အဓိကရည္မွန္းခ်က္ဟာ ပူးေပါင္းေဆာင္႐ြက္မႈေတြကို ပိုမိုအားေကာင္း လာေစဖို႔ျဖစ္ၿပီး ထိုင္းႏိုင္ငံနဲ႔ျဖစ္ပြားေနတဲ့နယ္စပ္အျငင္းပြားမႈေတြမွာ ကေမာၻဒီးယားႏိုင္ငံကို ေထာက္ခံတယ္ ဆိုတာကိုျပသဖို႔ ရည္႐ြယ္ထားတာမ်ိဳးမဟုတ္ဘူးလို႔ ကေမာၻဒီးယားေရတပ္ ေျပာေရးဆိုခြင့္ရွိသူ ဆမ္ဆိုကာက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ကုန္းေရႏွစ္သြယ္ စစ္သေဘၤာ Yimeng Shan နဲ႔ ေလ့က်င့္ေရးသေဘၤာ Qijiguang တို႔ဟာ Sihanoukvill ဆိပ္ကမ္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လာမယ့္ေအာက္တိုဘာလ(၁၄)ရက္မွာ ထြက္ခြာဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ တ႐ုတ္ရဲ႕ကုန္းေရႏွစ္သြယ္ စစ္သေဘၤာ Yimeng Shan နဲ႔ ေလ့က်င့္ေရးသေဘၤာ Qijiguang တို႔ဟာ ထိုင္းႏိုင္ငံနဲ႔ စင္ကာပူႏိုင္ငံတို႔ကို သြားေရာက္လည္ပတ္ဖို႔ စီစဥ္ထားတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.