ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆို

 410

သုတကျော် (NP News) - အောက်တိုဘာ ၁၁

ကိုးကန့် ဝေမိသားစု မှ ဝေစန် နှင့် အခြား အဓိက ပါဝင်ပတ်သက်သူများကို ချွမ်းကျိုးမြို့တရားရုံးတွင် တရားစွဲဆိုလိုက်ကြောင်း တရုတ်နိုင်ငံ၏ တရားရေးဌာနက ထုတ်ပြန်ထားသောအချက်အလက်များအရ သိရသည်။
မကြာမီက တရုတ်နိုင်ငံ၊ ဖူကျန့်ပြည်နယ်၊ ချွမ်းကျိုးမြို့တရားရုံးက စစ်ဆေးသုံးသပ်မှုများ ပြုလုပ်ပြီးနောက် ထိုသို့ တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်တွင် အခြေစိုက်ကာ လက်နက်ကိုင်အင်အားဖြင့် တရုတ်နိုင်ငံသားများအား တယ်လီကွန်မြူနီကေးရှင် အသုံးပြုလိမ်လည်မှု အပါအဝင် ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သော ဝေဟွိုင်ရင် (ခေါ်) ဝေစန် နှင့် အခြားသော အဓိက ပါဝင်ပတ်သက်သူများ အား ချွမ်းကျိုးတရားရုံးတွင် တရားစွဲဆိုလိုက်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ယင်းတို့ကို တရားစွဲဆိုရာတွင် လိမ်လည်မှု၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှု၊ ခြိမ်းခြောက် ငွေညှစ်မှု စသည့် ပုဒ်မတို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ကိုးကန႔္ ေဝမိသားစု မွ ေဝစန္ ႏွင့္ အျခား အဓိက ပါဝင္ပတ္သက္သူမ်ားကို ခြၽမ္းက်ိဳးၿမိဳ႕တရား႐ုံးတြင္ တရားစြဲဆို
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၁၁
ကိုးကန႔္ ေဝမိသားစု မွ ေဝစန္ ႏွင့္ အျခား အဓိက ပါဝင္ပတ္သက္သူမ်ားကို ခြၽမ္းက်ိဳးၿမိဳ႕တရား႐ုံးတြင္ တရားစြဲဆိုလိုက္ေၾကာင္း တ႐ုတ္ႏိုင္ငံ၏ တရားေရးဌာနက ထုတ္ျပန္ထားေသာအခ်က္အလက္မ်ားအရ သိရသည္။
မၾကာမီက တ႐ုတ္ႏိုင္ငံ၊ ဖူက်န႔္ျပည္နယ္၊ ခြၽမ္းက်ိဳးၿမိဳ႕တရား႐ုံးက စစ္ေဆးသုံးသပ္မႈမ်ား ျပဳလုပ္ၿပီးေနာက္ ထိုသို႔ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ကိုးကန႔္တြင္ အေျခစိုက္ကာ လက္နက္ကိုင္အင္အားျဖင့္ တ႐ုတ္ႏိုင္ငံသားမ်ားအား တယ္လီကြန္ျမဴနီေကးရွင္ အသုံးျပဳလိမ္လည္မႈ အပါအဝင္ ရာဇဝတ္မႈမ်ားကို က်ဴးလြန္ခဲ့ေသာ ေဝဟြိဳင္ရင္ (ေခၚ) ေဝစန္ ႏွင့္ အျခားေသာ အဓိက ပါဝင္ပတ္သက္သူမ်ား အား ခြၽမ္းက်ိဳးတရား႐ုံးတြင္ တရားစြဲဆိုလိုက္သည္ဟု ထုတ္ျပန္ခ်က္အရ သိရသည္။
ယင္းတို႔ကို တရားစြဲဆိုရာတြင္ လိမ္လည္မႈ၊ ရည္႐ြယ္ခ်က္ရွိရွိ လူသတ္မႈ၊ ၿခိမ္းေျခာက္ ေငြညႇစ္မႈ စသည့္ ပုဒ္မတို႔ျဖင့္ တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.