ကိုမာဝင်သွားသည့် ထိုင်းကျောင်းသူအတွက် ဝမ်(၁၀)သန်းလှူဒါန်းခဲ့သည့် တောင်ကိုရီးယား ရုပ်ရှင် မင်းသမီးလီယောင်အေး

56

Pika (NP News) - နိုဝင်ဘာ ၂၆
တောင်ကိုရီးယားရုပ်ရှင်မင်းသမီး လီယောင်အေးသည် တောင်ကိုရီးယားတွင်ပညာသင်ယူနေ သည့် ထိုင်းနိုင်ငံတကာကျောင်းသူတစ်ဦးကို ကူညီထောက်ပံ့ရန်အတွက် လှူဒါန်းမှုများလုပ်ဆောင်ခဲ့ ကြောင်းသိရသည်။ Chonnam National တက္ကသိုလ်၏ ဘာသာစကားပညာရေးစင်တာတွင် ကိုရီးယား ဘာသာစကားကိုသင်ယူနေသည့် ဆီရီညာ အမည်ရှိထိုင်းကျောင်းသူသည် သူ၏အဆောင်တွင် လဲကျနေ သည်ကို သူငယ်ချင်းဖြစ်သူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နောက်ပိုင်းတွင် စစ်ဆေးမှုများလုပ်ဆောင်ခဲ့ပြီးနောက် ဆီရီညာတွင် subdural hemorrhage ရောဂါကို ရှာဖွေတွေ့ရှိခဲ့ပြီး ကိုမာဝင်သွားသည့် အနေအထားဖြင့် ဆေးရုံတွင် ဆေးကုသမှုများခံယူခဲ့ရ ကြောင်း သိရသည်။ ထို့ပြင် ဆီရီညာ၏မိသားစုသည် ဆေးကုသမှုနှင့် နေရပ်ပြန်လည်ပို့ဆောင်ရေး ကုန် ကျစရိတ်များကို မတတ်နိုင်ကြောင်း သတင်းများပျံ့နှံ့လာခဲ့သည့်အချိန်တွင် တက္ကသိုလ်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများသည် ၎င်းအတွက်ရန်ပုံငွေရှာဖွေ မှုများကို စတင်လုပ်ဆောင်ခဲ့ကြကြောင်းသိရသည်။ အစောပိုင်း ရန်ပုံငွေရှာဖွေမှုရည်မှန်းချက်မှာ ဝမ်(၉)သန်းဖြစ်သော်လည်း အလှူငွေများဆက်လက်ဝင် ရောက်လာမှုနှင့်အတူ ရည်မှန်းထားသောပမာဏထက် နှစ်ဆကျော် ပိုမိုများပြားလာခဲ့ကြောင်းသိရ သည်။ လီယောင်အေးသည်လည်း အဆိုပါကြိုးပမ်းအားထုတ်မှုများတွင် ပါဝင်ခဲ့ပြီး ဝမ်(၁၀)သန်း လှူ ဒါန်းခဲ့ကြောင်းသိရသည်။
လီယောင်အေးက “ဒီလိုမျိုးလိုအပ်နေတဲ့လူကို ကူညီပေးနိုင်ခဲ့တဲ့အတွက် တကယ်ကိုဝမ်းသာမိ ပါတယ်။ ဒီလိုမျိုးကောင်းတဲ့အရာတွေကိုလုပ်ဆောင်နေတဲ့ကျောင်းသားတွေကိုလည်း တကယ်ကျေးဇူး တင်ပါတယ်” ဟုပြောဆိုခဲ့သည်။

Zawgyi Version:
ကိုမာဝင္သြားသည့္ ထိုင္းေက်ာင္းသူအတြက္ ဝမ္(၁၀)သန္းလႉဒါန္းခဲ့သည့္ ေတာင္ကိုရီးယား ႐ုပ္ရွင္ မင္းသမီးလီေယာင္ေအး
Pika (NP News) - ႏိုဝင္ဘာ ၂၆
ေတာင္ကိုရီးယား႐ုပ္ရွင္မင္းသမီး လီေယာင္ေအးသည္ ေတာင္ကိုရီးယားတြင္ပညာသင္ယူေန သည့္ ထိုင္းႏိုင္ငံတကာေက်ာင္းသူတစ္ဦးကို ကူညီေထာက္ပံ့ရန္အတြက္ လႉဒါန္းမႈမ်ားလုပ္ေဆာင္ခဲ့ ေၾကာင္းသိရသည္။ Chonnam National တကၠသိုလ္၏ ဘာသာစကားပညာေရးစင္တာတြင္ ကိုရီးယား ဘာသာစကားကိုသင္ယူေနသည့္ ဆီရီညာ အမည္ရွိထိုင္းေက်ာင္းသူသည္ သူ၏အေဆာင္တြင္ လဲက်ေန သည္ကို သူငယ္ခ်င္းျဖစ္သူမ်ားက ေတြ႕ရွိခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။
ေနာက္ပိုင္းတြင္ စစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ၿပီးေနာက္ ဆီရီညာတြင္ subdural hemorrhage ေရာဂါကို ရွာေဖြေတြ႕ရွိခဲ့ၿပီး ကိုမာဝင္သြားသည့္ အေနအထားျဖင့္ ေဆး႐ုံတြင္ ေဆးကုသမႈမ်ားခံယူခဲ့ရ ေၾကာင္း သိရသည္။ ထို႔ျပင္ ဆီရီညာ၏မိသားစုသည္ ေဆးကုသမႈႏွင့္ ေနရပ္ျပန္လည္ပို႔ေဆာင္ေရး ကုန္ က်စရိတ္မ်ားကို မတတ္ႏိုင္ေၾကာင္း သတင္းမ်ားပ်ံ႕ႏွံ႔လာခဲ့သည့္အခ်ိန္တြင္ တကၠသိုလ္အဖြဲ႕ဝင္မ်ားႏွင့္ ေဒသခံျပည္သူမ်ားသည္ ၎အတြက္ရန္ပုံေငြရွာေဖြ မႈမ်ားကို စတင္လုပ္ေဆာင္ခဲ့ၾကေၾကာင္းသိရသည္။ အေစာပိုင္း ရန္ပုံေငြရွာေဖြမႈရည္မွန္းခ်က္မွာ ဝမ္(၉)သန္းျဖစ္ေသာ္လည္း အလႉေငြမ်ားဆက္လက္ဝင္ ေရာက္လာမႈႏွင့္အတူ ရည္မွန္းထားေသာပမာဏထက္ ႏွစ္ဆေက်ာ္ ပိုမိုမ်ားျပားလာခဲ့ေၾကာင္းသိရ သည္။ လီေယာင္ေအးသည္လည္း အဆိုပါႀကိဳးပမ္းအားထုတ္မႈမ်ားတြင္ ပါဝင္ခဲ့ၿပီး ဝမ္(၁၀)သန္း လႉ ဒါန္းခဲ့ေၾကာင္းသိရသည္။
လီေယာင္ေအးက “ဒီလိုမ်ိဳးလိုအပ္ေနတဲ့လူကို ကူညီေပးႏိုင္ခဲ့တဲ့အတြက္ တကယ္ကိုဝမ္းသာမိ ပါတယ္။ ဒီလိုမ်ိဳးေကာင္းတဲ့အရာေတြကိုလုပ္ေဆာင္ေနတဲ့ေက်ာင္းသားေတြကိုလည္း တကယ္ေက်းဇူး တင္ပါတယ္” ဟုေျပာဆိုခဲ့သည္။