ယူကရိန်းသမ္မတဇီလန်စကီးက လက်တွေ့ဆန်သင့်ကြောင်း ဒေါ်နယ်ထရမ့်ဝေဖန်

119

Pika (NP News) - ဒီဇင်ဘာ ၁၂
ရုရှားနှင့်ဖြစ်ပွားနေသောပဋိပက္ခဖြစ်စဉ်များအကြောင်းနှင့် ရွေးကောက်ပွဲများ ကျင်းပရန် လိုအပ်ချက်ကို ယူကရိန်း သမ္မတဇီလန်စကီးက လက်တွေ့ဆန်သင့်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုခဲ့သည်။ ဇီလန်စကီး၏ သမ္မတသက်တမ်းသည် (၂၀၂၄)ခုနှစ် မေလတွင် ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း စစ်အုပ်ချုပ်ရေး ဥပဒေပြဌာန်းထားမှုကို ကိုးကားပြီး ရွေးကောက်ပွဲအသစ်များကျင်းပရန် တောင်းဆိုမှုများကို ဇီလန်စကီးက ငြင်းပယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဇီလန်စကီးကို ယူကရိန်း၏တရားဝင်ခေါင်းဆောင်အဖြစ် မသတ်မှတ်ကြောင်း ရုရှားသမ္မတပူတင်က အကြိမ် ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပြီး ဇီလန်စကီး၏တရားမဝင်မှုသည် ငြိမ်းချမ်းရေးသဘောတူညီချက် လက်မှတ်ရေးထိုးမှု ကို ရှုပ်ထွေးစေနိုင်ကြောင်း ဝေဖန်ပြောဆိုခဲ့သည်။
ဒေါ်နယ်ထရမ့်က “ဗြိတိန်၊ ပြင်သစ် နဲ့ ဂျာမနီတို့ရဲ့ခေါင်းဆောင်တွေနဲ့ ဖုန်းခေါ်ဆိုမှုအတွင်း ယူကရိန်းအကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ စောင့်ကြည့်သွားရမှာပါ။ ဘယ်လိုအဖြေတွေ ထွက်လာမလဲဆိုတာ ကြားရဖို့ ကျွန်တော်တို့ စောင့်နေတာပါ” ဟု ပြောခဲ့သည်။
ထို့ပြင် ယူကရိန်းသည် ၎င်း၏ ပြည်သူအများအပြားကို ဆုံးရှုံးနေရကြောင်း ဒေါ်နယ်ထရမ့်က ထပ်မံပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်က “ဇီလန်စကီးက လက်တွေ့ဆန်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ယူကရိန်းက ရွေးကောက်ပွဲ ကျင်းပဖို့ ဘယ်လောက်ကြာဦးမလဲဆိုတာ ကျွန်တော်သိချင်မိပါတယ်။ ယူကရိန်းက ဒီမိုကရေစီအကြောင်း ပြောနေပေမယ့် လက်တွေ့မှာတော့ ဒီမိုကရေစီမဟုတ်တဲ့အခြေအနေအထိ ရောက်သွားခဲ့ပါပြီ” ဟု ပြောခဲ့သည်။
ထို့ပြင် ရုရှားနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ကို ယူကရိန်းပြည်သူများက ထောက်ခံကြလိမ့်မည်ဟု ယုံကြည် ကြောင်း ဒေါ်နယ်ထရမ့်က အကြံပြုပြောခဲ့သည်။ ဒေါ်နယ်ထရမ့်က “စစ်တမ်းတွေကိုကြည့်လိုက်မယ်ဆိုရင် ယူကရိန်းပြည်သူတွေရဲ့(၈၂)ရာခိုင်နှုန်းက ဖြေရှင်းချက်တစ်ခုကို တောင်းဆိုနေကြတာကို တွေ့မြင်ရပါလိမ့်မယ်” ဟု ပြောခဲ့သည်။

Zawgyi Version:
ယူကရိန္းသမၼတဇီလန္စကီးက လက္ေတြ႕ဆန္သင့္ေၾကာင္း ေဒၚနယ္ထရမ့္ေဝဖန္
Pika (NP News) - ဒီဇင္ဘာ ၁၂
႐ုရွားႏွင့္ျဖစ္ပြားေနေသာပဋိပကၡျဖစ္စဥ္မ်ားအေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲမ်ား က်င္းပရန္ လိုအပ္ခ်က္ကို ယူကရိန္း သမၼတဇီလန္စကီးက လက္ေတြ႕ဆန္သင့္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေဝဖန္ေျပာဆိုခဲ့သည္။ ဇီလန္စကီး၏ သမၼတသက္တမ္းသည္ (၂၀၂၄)ခုႏွစ္ ေမလတြင္ ကုန္ဆုံးသြားခဲ့ၿပီျဖစ္ေသာ္လည္း စစ္အုပ္ခ်ဳပ္ေရး ဥပေဒျပဌာန္းထားမႈကို ကိုးကားၿပီး ေ႐ြးေကာက္ပြဲအသစ္မ်ားက်င္းပရန္ ေတာင္းဆိုမႈမ်ားကို ဇီလန္စကီးက ျငင္းပယ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ဇီလန္စကီးကို ယူကရိန္း၏တရားဝင္ေခါင္းေဆာင္အျဖစ္ မသတ္မွတ္ေၾကာင္း ႐ုရွားသမၼတပူတင္က အႀကိမ္ ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ၿပီး ဇီလန္စကီး၏တရားမဝင္မႈသည္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ လက္မွတ္ေရးထိုးမႈ ကို ရႈပ္ေထြးေစႏိုင္ေၾကာင္း ေဝဖန္ေျပာဆိုခဲ့သည္။
ေဒၚနယ္ထရမ့္က “ၿဗိတိန္၊ ျပင္သစ္ နဲ႔ ဂ်ာမနီတို႔ရဲ႕ေခါင္းေဆာင္ေတြနဲ႔ ဖုန္းေခၚဆိုမႈအတြင္း ယူကရိန္းအေၾကာင္းကို ေဆြးေႏြးခဲ့ပါတယ္။ ဘာေတြဆက္ျဖစ္လာမလဲဆိုတာကို ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္သြားရမွာပါ။ ဘယ္လိုအေျဖေတြ ထြက္လာမလဲဆိုတာ ၾကားရဖို႔ ကြၽန္ေတာ္တို႔ ေစာင့္ေနတာပါ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ယူကရိန္းသည္ ၎၏ ျပည္သူအမ်ားအျပားကို ဆုံးရႈံးေနရေၾကာင္း ေဒၚနယ္ထရမ့္က ထပ္မံေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္က “ဇီလန္စကီးက လက္ေတြ႕ဆန္သင့္တယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။ ယူကရိန္းက ေ႐ြးေကာက္ပြဲ က်င္းပဖို႔ ဘယ္ေလာက္ၾကာဦးမလဲဆိုတာ ကြၽန္ေတာ္သိခ်င္မိပါတယ္။ ယူကရိန္းက ဒီမိုကေရစီအေၾကာင္း ေျပာေနေပမယ့္ လက္ေတြ႕မွာေတာ့ ဒီမိုကေရစီမဟုတ္တဲ့အေျခအေနအထိ ေရာက္သြားခဲ့ပါၿပီ” ဟု ေျပာခဲ့သည္။
ထို႔ျပင္ ႐ုရွားႏွင့္ ၿငိမ္းခ်မ္းေရးသေဘာတူညီခ်က္ကို ယူကရိန္းျပည္သူမ်ားက ေထာက္ခံၾကလိမ့္မည္ဟု ယုံၾကည္ ေၾကာင္း ေဒၚနယ္ထရမ့္က အႀကံျပဳေျပာခဲ့သည္။ ေဒၚနယ္ထရမ့္က “စစ္တမ္းေတြကိုၾကည့္လိုက္မယ္ဆိုရင္ ယူကရိန္းျပည္သူေတြရဲ႕(၈၂)ရာခိုင္ႏႈန္းက ေျဖရွင္းခ်က္တစ္ခုကို ေတာင္းဆိုေနၾကတာကို ေတြ႕ျမင္ရပါလိမ့္မယ္” ဟု ေျပာခဲ့သည္။