ရန်ကင်းနှင့် တာမွေမြို့နယ် USDP ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် လူထုတွေ့ဆုံပွဲကျင်းပ

 197

NP News - ဇန်နဝါရီ ၁၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်လောင်း များနှင့် ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်များတွေ့ဆုံပွဲအခမ်းအနားကို ယနေ့ (ဇန်နဝါရီလ ၁၉ ရက်) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲကို ရန်ကုန်တိုင်ဒေသကြီး၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် နှင့် တာမွေမြို့နယ်သည် လာမည့် ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့်အထွေထွေရွေး ကောက်ပွဲအပိုင်း (၃)တွင်ပါဝင်သည့် မြို့နယ်များဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပိုင်း(၃)တွင် ရန်ကုန်တိုင်းဒေသကြီးမှ မြို့နယ်ပေါင်း(၁၇)မြို့နယ် ပါဝင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
NP News - ဇန်နဝါရီ ၁၉




Related news

© 2021. All rights reserved.