အမေရိကန်က နေတိုးအဖွဲ့ကနေ မနှုတ်ထွက်ဘူးဆိုတာကို အာမမခံနိုင်ဘူးလို့ နေတိုးအဖွဲ့အကြီးအကဲဟောင်းပြော

 74

Pika (NP News) - ဇန်နဝါရီ ၁၉

အမေရိကန်က နေတိုးအဖွဲ့ထဲမှာ ဆက်ရှိနေလိမ့်မယ်ဆိုတာကို ကတိမပေးနိုင်ဘူးလို့ နေတိုးအဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဂျန်စတိုတန်ဘာ့ချ်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် ဂရင်းလန်းကျွန်းကို သိမ်းပိုက်လိုတဲ့ အမေရိကန်ရဲ့ ပြောဆိုချက်တွေကို ဥရောပနိုင်ငံတွေက အလေးအနက် ထားသင့်တယ်လို့လည်း ဂျန်စတိုတန်ဘာ့ချ်က ပြောဆိုခဲ့ပါတယ်။ သတ္တုကြွယ်ဝတဲ့ ဂရင်းလန်းကျွန်းကို သိမ်းပိုက် တာက အမေရိကန်ရဲ့အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး သိမ်းယူမယ့်အစီအစဉ်ကို ပြန်လည်အသက်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ဂရင်းလန်းကျွန်းကိုသိမ်းယူမယ့် ၎င်းရဲ့အစီအစဉ်ကို မထောက်ခံတဲ့နိုင်ငံတွေအားလုံးကို အခွန်စည်းကြပ်မှု တွေ လုပ်ဆောင်သွားမယ်လို့လည်း ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။ အမေရိကန်က ဂရင်းလန်းကျွန်းကို မသိမ်းယူခဲ့ဘူးဆိုရင် ရုရှားနဲ့တရုတ်တို့က ဂရင်းလန်းကျွန်းကို သိမ်းယူသွားလိမ့်မယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကို တုံ့ပြန်တဲ့ အနေနဲ့ ရွေးချယ်စရာတွေရှိလာခဲ့မယ်ဆိုရင် ဂရင်းလန်းကျွန်းက အမေရိကန်အစား ဒိန်းမတ်ကိုပဲ အမြဲတမ်း ရွေးချယ်သွားမယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အတိအလင်းထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္က ေနတိုးအဖြဲ႕ကေန မႏႈတ္ထြက္ဘူးဆိုတာကို အာမမခံႏိုင္ဘူးလို႔ ေနတိုးအဖြဲ႕အႀကီးအကဲေဟာင္းေျပာ
Pika (NP News) - ဇန္နဝါရီ ၁၉
အေမရိကန္က ေနတိုးအဖြဲ႕ထဲမွာ ဆက္ရွိေနလိမ့္မယ္ဆိုတာကို ကတိမေပးႏိုင္ဘူးလို႔ ေနတိုးအဖြဲ႕အေထြေထြ အတြင္းေရးမႉးခ်ဳပ္ေဟာင္း ဂ်န္စတိုတန္ဘာ့ခ်္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္လိုတဲ့ အေမရိကန္ရဲ႕ ေျပာဆိုခ်က္ေတြကို ဥေရာပႏိုင္ငံေတြက အေလးအနက္ ထားသင့္တယ္လို႔လည္း ဂ်န္စတိုတန္ဘာ့ခ်္က ေျပာဆိုခဲ့ပါတယ္။ သတၱဳႂကြယ္ဝတဲ့ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္ တာက အေမရိကန္ရဲ႕အမ်ိဳးသားလုံၿခဳံေရးအတြက္ လိုအပ္တဲ့အရာတစ္ခုျဖစ္တယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီး သိမ္းယူမယ့္အစီအစဥ္ကို ျပန္လည္အသက္သြင္းခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ဂရင္းလန္းကြၽန္းကိုသိမ္းယူမယ့္ ၎ရဲ႕အစီအစဥ္ကို မေထာက္ခံတဲ့ႏိုင္ငံေတြအားလုံးကို အခြန္စည္းၾကပ္မႈ ေတြ လုပ္ေဆာင္သြားမယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။ အေမရိကန္က ဂရင္းလန္းကြၽန္းကို မသိမ္းယူခဲ့ဘူးဆိုရင္ ႐ုရွားနဲ႔တ႐ုတ္တို႔က ဂရင္းလန္းကြၽန္းကို သိမ္းယူသြားလိမ့္မယ္လို႔လည္း ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြကို တုံ႔ျပန္တဲ့ အေနနဲ႔ ေ႐ြးခ်ယ္စရာေတြရွိလာခဲ့မယ္ဆိုရင္ ဂရင္းလန္းကြၽန္းက အေမရိကန္အစား ဒိန္းမတ္ကိုပဲ အၿမဲတမ္း ေ႐ြးခ်ယ္သြားမယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အတိအလင္းထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.