အမေရိကန်ရဲ့အစီအစဉ်ကို ဆန့်ကျင်တဲ့အနေနဲ့ ဂရင်းလန်းကျွန်းမှာ လူထောင်ပေါင်းများစွာ ချီတက်ဆန္ဒပြ

90

Pika (NP News) - ဇန်နဝါရီ ၁၉
အမေရိကန်ရဲ့ ဂရင်းလန်းကျွန်းကို သိမ်းပိုက်မယ့်အစီအစဉ်တွေကို ဆန့်ကျင်ဆန္ဒပြဖို့အတွက် လူထောင်ပေါင်း များစွာက ဂရင်းလန်းမြို့တော် Nuuk မြို့မှာ ချီတက်ဆန္ဒပြမှုတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့ပြင် အလားတူချီတက်ဆန္ဒပြမှုမျိုးလည်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဂရင်းလန်းကျွန်းကို တစ်နည်းနည်းနဲ့ရအောင်သိမ်းယူသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့မကြာသေးခင်က ထုတ်ပြန်ချက်တွေကို တုံ့ပြန်တဲ့အနေနဲ့ ယခုလိုဆန္ဒပြပွဲတွေ ဖြစ်ပွားလာခဲ့တာ ဖြစ်ပါတယ်။
ဂရင်းလန်းကျွန်းကို သိမ်းယူတာက အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးအတွက် လိုအပ်တဲ့အရာတစ်ခုဖြစ်တယ်လို့ လည်း ဒေါ်နယ်ထရမ့်က အကြိမ်ကြိမ်ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာတင်ထားတဲ့ ဗီဒီယိုဖိုင်တွေ မှာ လူထောင်ပေါင်းများစွာက Nuuk မြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးဆီကို ဦးတည်ပြီး ချီတက်ဆန္ဒပြနေ တာကိုလည်း တွေ့မြင်ရပါတယ်။ ဒါ့ပြင် ဆန္ဒပြသူတွေက ဂရင်းလန်းကျွန်းအလံကို ကိုင်ဆောင်ထားပြီး “ဂရင်းလန်းကျွန်းက ရောင်းဖို့မဟုတ်ပါ” ”ကျွန်တော်တို့က အမေရိကန်လူမျိုးတွေမဖြစ်လိုပါ” ဆိုပြီး ရေးသားထား တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားတာကိုလည်း ဗီဒီယိုဖိုင်ထဲမှာ တွေ့မြင်ခဲ့ရပါတယ်။

Zawgyi Version:
အေမရိကန္ရဲ႕အစီအစဥ္ကို ဆန႔္က်င္တဲ့အေနနဲ႔ ဂရင္းလန္းကြၽန္းမွာ လူေထာင္ေပါင္းမ်ားစြာ ခ်ီတက္ဆႏၵျပ
Pika (NP News) - ဇန္နဝါရီ ၁၉
အေမရိကန္ရဲ႕ ဂရင္းလန္းကြၽန္းကို သိမ္းပိုက္မယ့္အစီအစဥ္ေတြကို ဆန႔္က်င္ဆႏၵျပဖို႔အတြက္ လူေထာင္ေပါင္း မ်ားစြာက ဂရင္းလန္းၿမိဳ႕ေတာ္ Nuuk ၿမိဳ႕မွာ ခ်ီတက္ဆႏၵျပမႈေတြကို လုပ္ေဆာင္ခဲ့ၾကတယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အလားတူခ်ီတက္ဆႏၵျပမႈမ်ိဳးလည္း ဒိန္းမတ္ႏိုင္ငံ ကိုပင္ေဟဂင္ၿမိဳ႕မွာျဖစ္ပြားခဲ့တယ္လို႔ သိရပါတယ္။ ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းနဲ႔ရေအာင္သိမ္းယူသြားမယ္လို႔ ထုတ္ျပန္ေၾကညာခဲ့တဲ့ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕မၾကာေသးခင္က ထုတ္ျပန္ခ်က္ေတြကို တုံ႔ျပန္တဲ့အေနနဲ႔ ယခုလိုဆႏၵျပပြဲေတြ ျဖစ္ပြားလာခဲ့တာ ျဖစ္ပါတယ္။
ဂရင္းလန္းကြၽန္းကို သိမ္းယူတာက အေမရိကန္ရဲ႕ အမ်ိဳးသားလုံၿခဳံေရးအတြက္ လိုအပ္တဲ့အရာတစ္ခုျဖစ္တယ္လို႔ လည္း ေဒၚနယ္ထရမ့္က အႀကိမ္ႀကိမ္ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ ဆိုရွယ္မီဒီယာေပၚမွာတင္ထားတဲ့ ဗီဒီယိုဖိုင္ေတြ မွာ လူေထာင္ေပါင္းမ်ားစြာက Nuuk ၿမိဳ႕မွာရွိတဲ့ အေမရိကန္ေကာင္စစ္ဝန္႐ုံးဆီကို ဦးတည္ၿပီး ခ်ီတက္ဆႏၵျပေန တာကိုလည္း ေတြ႕ျမင္ရပါတယ္။ ဒါ့ျပင္ ဆႏၵျပသူေတြက ဂရင္းလန္းကြၽန္းအလံကို ကိုင္ေဆာင္ထားၿပီး “ဂရင္းလန္းကြၽန္းက ေရာင္းဖို႔မဟုတ္ပါ” ”ကြၽန္ေတာ္တို႔က အေမရိကန္လူမ်ိဳးေတြမျဖစ္လိုပါ” ဆိုၿပီး ေရးသားထား တဲ့ ဆိုင္းဘုတ္ေတြကို ကိုင္ေဆာင္ထားတာကိုလည္း ဗီဒီယိုဖိုင္ထဲမွာ ေတြ႕ျမင္ခဲ့ရပါတယ္။