ပါကစ္စတန်နိုင်ငံမှာ သီးခြားဖြစ်ပွားခဲ့တဲ့ ယာဉ်တိုက်မှုနှစ်ခုကြောင့် အနည်းဆုံးလူ(၂၄)ဦး သေဆုံး

129
Pika (NP News) - ဇန်နဝါရီ ၁၉
ပါကစ္စတန်နိုင်ငံမှာ သီးခြားဖြစ်ပွားခဲ့တဲ့ယာဉ်တိုက်မှုနှစ်ခုကြောင့် အနည်းဆုံးလူ(၂၄)ဦးသေဆုံးပြီး အခြားလူ (၄၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ပထမဆုံးယာဉ်မတော်တဆမှုဟာ အန်ဂျပ်ပြည်နယ်အရှေ့ပိုင်းက ဆာဂိုဒါမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီး ခရီးသည်တွေ နဲ့ ကုန်တွေတင်ဆောင်လာတဲ့ ထရပ်ကားတစ်စီးက လမ်းချော်ပြီး မြောင်းထဲကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။
အဲဒီဖြစ်ရပ်အတွင်း အနည်းဆုံးလူ(၁၄)ဦးသေဆုံးခဲ့ပြီး အခြားလူ(၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ နောက်ထပ်ယာဉ်မတော်တဆမှုတစ်ခုက ဘလိုချီစတန်ပြည်နယ် မာကာရန် ကမ်းရိုးတန်းအဝေးပြေးလမ်းမပေါ်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ပြီး အရှိန်ပြင်းပြင်းမောင်းနှင်လာတဲ့ခရီးသည်တင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ခရီးသည်တင်ဘတ်စ်ကားတိမ်းမှောက်မှုအတွင်း အနည်းဆုံး လူ(၁ဝ)ဦး သေဆုံးခဲ့ပြီး အခြားလူ(၃၆)ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတစ်ဦးက ထုတ်ပြန်ခဲ့ပါတယ်။

Zawgyi Version:
ပါကစၥတန္ႏိုင္ငံမွာ သီးျခားျဖစ္ပြားခဲ့တဲ့ ယာဥ္တိုက္မႈႏွစ္ခုေၾကာင့္ အနည္းဆုံးလူ(၂၄)ဦး ေသဆုံး
Pika (NP News) - ဇန္နဝါရီ ၁၉
ပါကစၥတန္ႏိုင္ငံမွာ သီးျခားျဖစ္ပြားခဲ့တဲ့ယာဥ္တိုက္မႈႏွစ္ခုေၾကာင့္ အနည္းဆုံးလူ(၂၄)ဦးေသဆုံးၿပီး အျခားလူ (၄၅)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ပထမဆုံးယာဥ္မေတာ္တဆမႈဟာ အန္ဂ်ပ္ျပည္နယ္အေရွ႕ပိုင္းက ဆာဂိုဒါၿမိဳ႕မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ခရီးသည္ေတြ နဲ႔ ကုန္ေတြတင္ေဆာင္လာတဲ့ ထရပ္ကားတစ္စီးက လမ္းေခ်ာ္ၿပီး ေျမာင္းထဲကို ျပဳတ္က်သြားခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာၾကားခဲ့ပါတယ္။
အဲဒီျဖစ္ရပ္အတြင္း အနည္းဆုံးလူ(၁၄)ဦးေသဆုံးခဲ့ၿပီး အျခားလူ(၉)ဦးထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႕က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ ေနာက္ထပ္ယာဥ္မေတာ္တဆမႈတစ္ခုက ဘလိုခ်ီစတန္ျပည္နယ္ မာကာရန္ ကမ္း႐ိုးတန္းအေဝးေျပးလမ္းမေပၚမွာျဖစ္ပြားခဲ့တဲ့ျဖစ္ၿပီး အရွိန္ျပင္းျပင္းေမာင္းႏွင္လာတဲ့ခရီးသည္တင္ ဘတ္စ္ကားတစ္စီး တိမ္းေမွာက္သြားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။
ခရီးသည္တင္ဘတ္စ္ကားတိမ္းေမွာက္မႈအတြင္း အနည္းဆုံး လူ(၁ဝ)ဦး ေသဆုံးခဲ့ၿပီး အျခားလူ(၃၆)ဦး ထိခိုက္ ဒဏ္ရာရရွိခဲ့တယ္လို႔ တာဝန္ရွိသူတစ္ဦးက ထုတ္ျပန္ခဲ့ပါတယ္။