အီရန်မှာ ခေါင်းဆောင်မှုအသစ်ကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ဒေါ်နယ်ထရမ့်ပြော

110

Pika (NP News) - ဇန်နဝါရီ ၁၉
အီရန်မှာ ခေါင်းဆောင်မှုအသစ်ကို ရှာဖွေဖို့ အချိန်တန်ပြီလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။ စီးပွားရေးအခက်အခဲတွေကြောင့် အီရန်နိုင်ငံတွင်းမှာ ဖြစ်ပွားလာခဲ့တဲ့ဆန္ဒပြပွဲတွေ လျော့ကျ သွားပုံပေါ်လာချိန်မှာပဲ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “အီရန်မှာ ခေါင်းဆောင်မှုအသစ်ကို ရှာဖွေဖို့ အချိန်တန်ပြီလို့ ထင်ပါတယ်” လို့ ပြောခဲ့ပါတယ်။ အီရန်နိုင်ငံအတွင်းမှာဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲတွေအတွင်း ထိခိုက်သေဆုံးမှုတွေအတွက် ဒေါ်နယ်ထရမ့်မှာ တာဝန်ရှိ တယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီက စွပ်စွဲပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့မှတ်ချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
အီရန်က ဆန္ဒပြသူတွေကို သတ်ဖြတ်မှုတွေထပ်မံလုပ်ဆောင်ခဲ့မယ်ဆိုရင် ဝင်ရောက်စွက်ဖက်မှုတွေအပြင် ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေကို လုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ပြီးခဲ့တဲ့ရက်ပိုင်းမှာ အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ၎င်းကိုနာမကျန်းဖြစ်နေသူအဖြစ် ဖော်ပြပြောဆိုခဲ့တဲ့ အလီခါမေနီကို ဒေါ်နယ်ထရမ့်က ပြစ်တင်ဝေဖန်ခဲ့ပြီး အီရန်အာဏာရှင်တွေက နိုင်ငံကိုအုပ်ချုပ်ဖို့အတွက် ဖိနှိပ်ချုပ်ချယ်မှုကို အားကိုးနေရတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အီရန္မွာ ေခါင္းေဆာင္မႈအသစ္ကို ရွာေဖြဖို႔ အခ်ိန္တန္ၿပီလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ဇန္နဝါရီ ၁၉
အီရန္မွာ ေခါင္းေဆာင္မႈအသစ္ကို ရွာေဖြဖို႔ အခ်ိန္တန္ၿပီလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။ စီးပြားေရးအခက္အခဲေတြေၾကာင့္ အီရန္ႏိုင္ငံတြင္းမွာ ျဖစ္ပြားလာခဲ့တဲ့ဆႏၵျပပြဲေတြ ေလ်ာ့က် သြားပုံေပၚလာခ်ိန္မွာပဲ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “အီရန္မွာ ေခါင္းေဆာင္မႈအသစ္ကို ရွာေဖြဖို႔ အခ်ိန္တန္ၿပီလို႔ ထင္ပါတယ္” လို႔ ေျပာခဲ့ပါတယ္။ အီရန္ႏိုင္ငံအတြင္းမွာျဖစ္ပြားခဲ့တဲ့ဆႏၵျပပြဲေတြအတြင္း ထိခိုက္ေသဆုံးမႈေတြအတြက္ ေဒၚနယ္ထရမ့္မွာ တာဝန္ရွိ တယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီက စြပ္စြဲေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕မွတ္ခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
အီရန္က ဆႏၵျပသူေတြကို သတ္ျဖတ္မႈေတြထပ္မံလုပ္ေဆာင္ခဲ့မယ္ဆိုရင္ ဝင္ေရာက္စြက္ဖက္မႈေတြအျပင္ ျပင္းျပင္းထန္ထန္တုံ႔ျပန္မႈေတြကို လုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အႀကိမ္ႀကိမ္ ၿခိမ္းေျခာက္ေျပာဆိုခဲ့တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၎ကိုနာမက်န္းျဖစ္ေနသူအျဖစ္ ေဖာ္ျပေျပာဆိုခဲ့တဲ့ အလီခါေမနီကို ေဒၚနယ္ထရမ့္က ျပစ္တင္ေဝဖန္ခဲ့ၿပီး အီရန္အာဏာရွင္ေတြက ႏိုင္ငံကိုအုပ္ခ်ဳပ္ဖို႔အတြက္ ဖိႏွိပ္ခ်ဳပ္ခ်ယ္မႈကို အားကိုးေနရတယ္လို႔ ေျပာဆိုခဲ့ပါတယ္။