ဂမ်ဘီယာက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ARSA အဖွဲ့ဝင်များနှင့် ARSA ကို ကြောက်သူများ ၏ သက်သေထွက်ဆိုချက် အားလုံးနီးပါးကို အခြေခံထားဟု မြန်မာဘက်ရှေ့နေ တုံ့ပြန်

 387

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၀

ဂမ်ဘီယာက ကိုးကားထားသည့် အထောက်အထားအားလုံးနီးပါးမှာ ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများမှ ARSA အဖွဲ့ဝင်များ နှင့် ARSA ကိုကြောက်သူများ၏ သက်သေထွက်ဆိုချက် အားလုံးနီးပါးကို အခြေခံထားကြောင်း မြန်မာနိုင်ငံဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော ရှေ့နေ Mr.Christopher Staker က ယမန်နေ့ (ဇန်နဝါရီလ ၂ဝ ရက်) က ICJ တရားခွင်တွင် လျှောက်လဲချက်ပေးစဉ် တုံ့ပြန်ပြောဆိုထားသည်။
ဂမ်ဘီယာနိုင်ငံက ကိုးကားထားသည့် အထောက်အထားအားလုံးနီးပါး၏ အရင်းအမြစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်သူများဖြစ်နေပြီး သက်သေထွက်ဆိုချက် အားလုံးနီးပါးမှာ ထိုသူများထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်သာမက ဂမ်ဘီယာက ကိုးကားထားသည့် အချက်အလက်ရှာဖွေရေးအဖွဲ့ (FFM) နှင့် အခြားအဖွဲ့အစည်းများ၏ အစီရင်ခံစာများ၊ သတင်းဆောင်းပါးများပါ အချက်အလက်များသည်လည်း ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများမှရရှိသော သတင်းအချက်အလက်များအပေါ်တွင်သာ အလွန်အမင်း အခြေခံထားပါကြောင်း မြန်မာဘက်ရှေ့နေက ဆိုသည်။
အဆိုပါ အချက်ကို ခွဲခြမ်းစိတ်ဖြာရန် မျက်မြင်သက်သေအထောက်အထားများကို အမျိုးအစားသုံးမျိုးခွဲခြားနိုင်ပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
ပထမအမျိုးအစားမှာ “သက်သေထွက်ဆိုချက်များ” (Witness statements) သို့မဟုတ် “ကျမ်းကျိန်လွှာများ” (Affidavits) ဖြစ်ပြီး သက်သေတစ်ဦး၏ ကိုယ်ပိုင်စကားလုံးများအဖြစ် ပထမ ပုဂ္ဂိုလ်နာမ် (First person) ဖြင့် ရေးသားထားသော စာရွက်စာတမ်းကို ဆိုလိုပါကြောင်း မြန်မာဘက်ရှေ့နေက ဆိုသည်။
ဒုတိယအမျိုးအစားမှာ မျက်မြင်သက်သေ အထောက်အထားများဖြစ်ပြီး “လူတွေ့မေးမြန်းမှုမှတ်တမ်းများ” (Records of interview) ဟု ခေါ်ဆိုနိုင်ပြီး သက်သေကလက်မှတ်ရေးထိုးခြင်း (သို့မဟုတ်) အတည်ပြုခြင်းမရှိသဖြင့် “တစ်ဆင့်စကား (Hearsay)”များဟု ဆိုနိုင်ပါကြောင်းလည်း ၎င်းက လျှောက်လဲခဲ့သည်။
အလားတူ တတိယအမျိုးအစားမှာ “သက်သေရည်ညွှန်းကိုးကားချက်များ (witness references)”ဖြစ်ပြီး အစီရင်ခံစာ တစ်စုံတစ်ရာ (သို့မဟုတ်) အခြားစာတမ်းတစ်ခုတွင် သက်သေတစ်ဦးက ထိုအစီရင်ခံစာပြုစုသည့်အဖွဲ့အစည်းသို့ ပြောကြားခဲ့သည်ဟုဆိုထားသော သီးခြားအချက်အလက်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း မြန်မာဘက်ရှေ့က ပြောသည်။
ပထမအချက်မှာ ဘင်္ဂလားဒေ့ရှ်ရှိစခန်းများတွင် ရှိနေသူများ၏ အမည်အစစ်အမှန်ကို ဖုံးကွယ်ထားမှု (Anonymity) ပျံ့နှံ့နေခြင်းဖြစ်ကြောင်း၊ IIMM ၏ သက်သေထွက်ဆိုချက် ၄၃ ခုတွင် တစ်ခုမှလွဲ၍ ကျန်အားလုံးနှင့် Legal Action Worldwide ၏ သက်သေထွက်ဆိုချက် ၄၄ ခုအနက် ၃၀ မှာ ထိုသို့ဖြစ်နေကြောင်း၊ ဒုတိယအချက်မှာ အမည် မဖော်ပြမှု ပျံ့နှံ့နေခြင်းကြောင့် ဂမ်ဘီယာနိုင်ငံက ကိုးကားထားသည့် စာရွက်စာတမ်းများသည် တစ်ဦးတည်းသော ပုဂ္ဂိုလ်၏ အချက်အလက် များအပေါ် အခြေခံထားခြင်း ဟုတ်/မဟုတ် မသိရှိနိုင်ခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ရှိ စခန်းများအတွင်း နေထိုင်သူအချို့သည် ARSA အဖွဲ့ဝင်များ သို့မဟုတ် ထောက်ခံသူများဖြစ်နိုင်ကြောင်းနှင့် အဖွဲ့ဝင် မဟုတ်သူများသည်လည်း ၎င်းတို့၏ အယူအဆကို ဆန့်ကျင်သူများအား တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းပင်ပြုလုပ်လေ့ရှိသော ARSA အဖွဲ့ကို ကြောက်ရွံ့စွာဖြင့် နေထိုင်နေကြရကြောင်း မြန်မာဘက်ရှေ့နေက တုံ့ပြန်လျှောက်လဲခဲ့ကြောင်း သိရသည်။
သက်သေထွက်ဆိုချက်များ၏ ယုံကြည်စိတ်ချရမှုကို ထိခိုက်စေသည့် တတိယမြောက်အချက်မှာ ထိုထွက်ဆိုချက်များကို ဖော်ထုတ်ပေးသည့်အဖွဲ့အစည်းများသည် ဘက်လိုက်မှုမရှိဟု ဆိုသည်ကို မြန်မာနိုင်ငံက လက်မခံခြင်းဖြစ်ကြောင်းလည်း ၎င်းကထည့်သွင်း‌ လျှောက်လဲခဲ့ကြောင်း သိရသည်။
Legal Action Worldwide က ပြင်ဆင်သည့် သက်သေထွက်ဆိုချက်များကို ပေးသူများသည် အဆိုပါအဖွဲ့အစည်း၏ အမှုသည် (Clients) များသာဖြစ်ကြကြောင်းနှင့် ၎င်းသည် ဤသက်သေများနှင့် အခြားအထောက်အထားများကို ဂမ်ဘီယာနိုင်ငံသို့သာပေးအပ်ခဲ့ပြီး မြန်မာနိုင်ငံ သို့ ပေးအပ်ခဲ့ခြင်းမရှိကြောင်းလည်း မြန်မာဘက်ရှေ့နေက ဆိုသည်။
ထို့ကြောင့် Legal Action Worldwide သည် ဤအမှုတွင် ဂမ်ဘီယာအားကူညီရန် ပွင့်လင်းစွာကြိုးပမ်းနေ ခြင်းဖြစ်ကြောင်း မြန်မာဘက်ရှေ့နေက တုံ့ပြန်လျှောက်လဲခဲ့ကြောင်း သိရသည်။

Zawgyi Version;
ဂမ္ဘီယာက ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းမ်ားမွ ARSA အဖြဲ႕ဝင္မ်ားႏွင့္ ARSA ကို ေၾကာက္သူမ်ား ၏ သက္ေသထြက္ဆိုခ်က္ အားလုံးနီးပါးကို အေျခခံထားဟု ျမန္မာဘက္ေရွ႕ေန တုံ႔ျပန္
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၀
ဂမ္ဘီယာက ကိုးကားထားသည့္ အေထာက္အထားအားလုံးနီးပါးမွာ ဘဂၤလားေဒ့ရွ္ရွိ ဒုကၡသည္စခန္းမ်ားမွ ARSA အဖြဲ႕ဝင္မ်ား ႏွင့္ ARSA ကိုေၾကာက္သူမ်ား၏ သက္ေသထြက္ဆိုခ်က္ အားလုံးနီးပါးကို အေျခခံထားေၾကာင္း ျမန္မာႏိုင္ငံဘက္မွ လိုက္ပါေဆာင္႐ြက္ေပးေနေသာ ေရွ႕ေန Mr.Christopher Staker က ယမန္ေန႔ (ဇန္နဝါရီလ ၂ဝ ရက္) က ICJ တရားခြင္တြင္ ေလွ်ာက္လဲခ်က္ေပးစဥ္ တုံ႔ျပန္ေျပာဆိုထားသည္။
ဂမ္ဘီယာႏိုင္ငံက ကိုးကားထားသည့္ အေထာက္အထားအားလုံးနီးပါး၏ အရင္းအျမစ္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံရွိ ဒုကၡသည္စခန္းမ်ားတြင္ ေနထိုင္သူမ်ားျဖစ္ေနၿပီး သက္ေသထြက္ဆိုခ်က္ အားလုံးနီးပါးမွာ ထိုသူမ်ားထံမွ ထြက္ေပၚလာျခင္းျဖစ္သည္သာမက ဂမ္ဘီယာက ကိုးကားထားသည့္ အခ်က္အလက္ရွာေဖြေရးအဖြဲ႕ (FFM) ႏွင့္ အျခားအဖြဲ႕အစည္းမ်ား၏ အစီရင္ခံစာမ်ား၊ သတင္းေဆာင္းပါးမ်ားပါ အခ်က္အလက္မ်ားသည္လည္း ဘဂၤလားေဒ့ရွ္ရွိ စခန္းမ်ားမွရရွိေသာ သတင္းအခ်က္အလက္မ်ားအေပၚတြင္သာ အလြန္အမင္း အေျခခံထားပါေၾကာင္း ျမန္မာဘက္ေရွ႕ေနက ဆိုသည္။
အဆိုပါ အခ်က္ကို ခြဲျခမ္းစိတ္ျဖာရန္ မ်က္ျမင္သက္ေသအေထာက္အထားမ်ားကို အမ်ိဳးအစားသုံးမ်ိဳးခြဲျခားႏိုင္ပါေၾကာင္းလည္း ၎က ေျပာၾကားခဲ့သည္။
ပထမအမ်ိဳးအစားမွာ “သက္ေသထြက္ဆိုခ်က္မ်ား” (Witness statements) သို႔မဟုတ္ “က်မ္းက်ိန္လႊာမ်ား” (Affidavits) ျဖစ္ၿပီး သက္ေသတစ္ဦး၏ ကိုယ္ပိုင္စကားလုံးမ်ားအျဖစ္ ပထမ ပုဂၢိဳလ္နာမ္ (First person) ျဖင့္ ေရးသားထားေသာ စာ႐ြက္စာတမ္းကို ဆိုလိုပါေၾကာင္း ျမန္မာဘက္ေရွ႕ေနက ဆိုသည္။
ဒုတိယအမ်ိဳးအစားမွာ မ်က္ျမင္သက္ေသ အေထာက္အထားမ်ားျဖစ္ၿပီး “လူေတြ႕ေမးျမန္းမႈမွတ္တမ္းမ်ား” (Records of interview) ဟု ေခၚဆိုႏိုင္ၿပီး သက္ေသကလက္မွတ္ေရးထိုးျခင္း (သို႔မဟုတ္) အတည္ျပဳျခင္းမရွိသျဖင့္ “တစ္ဆင့္စကား (Hearsay)”မ်ားဟု ဆိုႏိုင္ပါေၾကာင္းလည္း ၎က ေလွ်ာက္လဲခဲ့သည္။
အလားတူ တတိယအမ်ိဳးအစားမွာ “သက္ေသရည္ၫႊန္းကိုးကားခ်က္မ်ား (witness references)”ျဖစ္ၿပီး အစီရင္ခံစာ တစ္စုံတစ္ရာ (သို႔မဟုတ္) အျခားစာတမ္းတစ္ခုတြင္ သက္ေသတစ္ဦးက ထိုအစီရင္ခံစာျပဳစုသည့္အဖြဲ႕အစည္းသို႔ ေျပာၾကားခဲ့သည္ဟုဆိုထားေသာ သီးျခားအခ်က္အလက္တစ္ခုကို ရည္ၫႊန္းျခင္းျဖစ္ေၾကာင္း ျမန္မာဘက္ေရွ႕က ေျပာသည္။
ပထမအခ်က္မွာ ဘဂၤလားေဒ့ရွ္ရွိစခန္းမ်ားတြင္ ရွိေနသူမ်ား၏ အမည္အစစ္အမွန္ကို ဖုံးကြယ္ထားမႈ (Anonymity) ပ်ံ႕ႏွံ႔ေနျခင္းျဖစ္ေၾကာင္း၊ IIMM ၏ သက္ေသထြက္ဆိုခ်က္ ၄၃ ခုတြင္ တစ္ခုမွလြဲ၍ က်န္အားလုံးႏွင့္ Legal Action Worldwide ၏ သက္ေသထြက္ဆိုခ်က္ ၄၄ ခုအနက္ ၃၀ မွာ ထိုသို႔ျဖစ္ေနေၾကာင္း၊ ဒုတိယအခ်က္မွာ အမည္ မေဖာ္ျပမႈ ပ်ံ႕ႏွံ႔ေနျခင္းေၾကာင့္ ဂမ္ဘီယာႏိုင္ငံက ကိုးကားထားသည့္ စာ႐ြက္စာတမ္းမ်ားသည္ တစ္ဦးတည္းေသာ ပုဂၢိဳလ္၏ အခ်က္အလက္ မ်ားအေပၚ အေျခခံထားျခင္း ဟုတ္/မဟုတ္ မသိရွိႏိုင္ျခင္းျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။
ဘဂၤလားေဒ့ရွ္ရွိ စခန္းမ်ားအတြင္း ေနထိုင္သူအခ်ိဳ႕သည္ ARSA အဖြဲ႕ဝင္မ်ား သို႔မဟုတ္ ေထာက္ခံသူမ်ားျဖစ္ႏိုင္ေၾကာင္းႏွင့္ အဖြဲ႕ဝင္ မဟုတ္သူမ်ားသည္လည္း ၎တို႔၏ အယူအဆကို ဆန႔္က်င္သူမ်ားအား တိုက္ခိုက္ျခင္းႏွင့္ သတ္ျဖတ္ျခင္းပင္ျပဳလုပ္ေလ့ရွိေသာ ARSA အဖြဲ႕ကို ေၾကာက္႐ြံ႕စြာျဖင့္ ေနထိုင္ေနၾကရေၾကာင္း ျမန္မာဘက္ေရွ႕ေနက တုံ႔ျပန္ေလွ်ာက္လဲခဲ့ေၾကာင္း သိရသည္။
သက္ေသထြက္ဆိုခ်က္မ်ား၏ ယုံၾကည္စိတ္ခ်ရမႈကို ထိခိုက္ေစသည့္ တတိယေျမာက္အခ်က္မွာ ထိုထြက္ဆိုခ်က္မ်ားကို ေဖာ္ထုတ္ေပးသည့္အဖြဲ႕အစည္းမ်ားသည္ ဘက္လိုက္မႈမရွိဟု ဆိုသည္ကို ျမန္မာႏိုင္ငံက လက္မခံျခင္းျဖစ္ေၾကာင္းလည္း ၎ကထည့္သြင္း‌ ေလွ်ာက္လဲခဲ့ေၾကာင္း သိရသည္။
Legal Action Worldwide က ျပင္ဆင္သည့္ သက္ေသထြက္ဆိုခ်က္မ်ားကို ေပးသူမ်ားသည္ အဆိုပါအဖြဲ႕အစည္း၏ အမႈသည္ (Clients) မ်ားသာျဖစ္ၾကေၾကာင္းႏွင့္ ၎သည္ ဤသက္ေသမ်ားႏွင့္ အျခားအေထာက္အထားမ်ားကို ဂမ္ဘီယာႏိုင္ငံသို႔သာေပးအပ္ခဲ့ၿပီး ျမန္မာႏိုင္ငံ သို႔ ေပးအပ္ခဲ့ျခင္းမရွိေၾကာင္းလည္း ျမန္မာဘက္ေရွ႕ေနက ဆိုသည္။
ထို႔ေၾကာင့္ Legal Action Worldwide သည္ ဤအမႈတြင္ ဂမ္ဘီယာအားကူညီရန္ ပြင့္လင္းစြာႀကိဳးပမ္းေန ျခင္းျဖစ္ေၾကာင္း ျမန္မာဘက္ေရွ႕ေနက တုံ႔ျပန္ေလွ်ာက္လဲခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.