MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပွားရေး အပေါင်းဘက်သို့ပြန်ရောက်လာခဲ့ဟု ဗိုလ်ချုပ်မှူးကြီးပြော

 237

သန့်ဇင် (NP News) - ဇန်နဝါရီ ၂၆

MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့သဖြင့် နိုင်ငံ့စီးပွားရေး အပေါင်းဘက်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့(ဇန်နဝါရီ ၂၅ ရက်) မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ နှင့် တွေ့ဆုံ၍ မန္တလေးမြို့၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့အတွက် လိုအပ်သည်များ လမ်းညွှန်မှာကြားစဉ် အထက်ပါကဲ့သို့ပြေကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးတိုင်းအနေဖြင့် ဆီထွက်သီးနှံအဓိကထွက်ရှိပြီး အထွက်နှုန်းများ တိုးမြှင့်ရရှိရေး အလေးထားဆောင်ရွက်သွားရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
ထို့ပြင် ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားပေးဆောင်ရွက်ပြီး တိုင်းပြည်စီးပွားရေးကောင်းမှသာ ဝယ်လိုအားနှင့် ရောင်းလိုအားများ ကောင်းလာမည် ဖြစ်ပြီး လည်ပတ်ရင်းနှီးငွေများပြားခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်ခြင်း အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းဒေသကြီးအတွင်း အဓိကဖြစ်ထွန်းအောင်မြင်သည့် ဆီထွက်သီးနှံနှင့် ပဲသီးနှံတို့ကို ယခုထက်မည်ကဲ့သို့ ကောင်းမွန်အောင်ဆောင် ရွက်သွားမည်ကို ကော်မတီဖွဲ့စည်း၍ စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
စက်မှုဇုန်များ၌ MSME လုပ်ငန်းများကိုလည်း အားပေးဆောင်ရွက်သွားရန်လိုကြောင်း နှင့် MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခဲ့လို့သာလျှင် နိုင်ငံတော်၏စီးပွားရေးသည် အပေါင်းလက္ခဏာဘက်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
MSME လုပ်ငန်းများသည် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အသက်ပင်ဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို အခြေခံသည့်အရည်အသွေးပြည့်မီသည့် ဈေးကွက်ဝင် MSME ထုတ်ကုန်များကို တိုးမြှင့်ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။
မန္တလေးတိုင်းဒေသကြီးအနေဖြင့် အစိုးရအဖွဲ့၏ ကြိုးပမ်းအားထုတ်မှု၊ ဒေသခံများ၏ စည်းကမ်းစနစ်တကျရှိမှုနှင့် အလုပ်လုပ်ကိုင်လို စိတ်ရှိမှုတို့ကြောင့် ဖွံ့ဖြိုးတိုးတက်မှုများစွာကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်အသိအမှတ်ပြုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့သည်။
ယခုကဲ့သို့ ကောင်းမွန်သည့် အချက်အလက်များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်၍ နောင်တက်လာမည့်အစိုးရကို ကောင်းမွန်စွာ လက်ဆင့်ကမ်းနိုင်ရမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

Zawgyi Version;
MSME လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့သျဖင့္ ႏိုင္ငံ့စီးပြားေရး အေပါင္းဘက္သို႔ျပန္ေရာက္လာခဲ့ဟု ဗိုလ္ခ်ဳပ္မႉးႀကီးေျပာ
သန႔္ဇင္ (NP News) - ဇန္နဝါရီ ၂၆
MSME လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့သျဖင့္ ႏိုင္ငံ့စီးပြားေရး အေပါင္းဘက္သို႔ျပန္လည္ေရာက္ရွိလာခဲ့ျခင္းျဖစ္ေၾကာင္း ႏိုင္ငံေတာ္ယာယီသမၼတႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာၾကားခဲ့ေၾကာင္း သိရသည္။

ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ယမန္ေန႔(ဇန္နဝါရီ ၂၅ ရက္) မြန္းလြဲပိုင္းက မႏၲေလးတိုင္းေဒသႀကီး၊ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ား၊ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီမွ တာဝန္ရွိသူမ်ား ႏွင့္ ေတြ႕ဆုံ၍ မႏၲေလးၿမိဳ႕၊ ၿမိဳ႕အဂၤါရပ္ႏွင့္အညီ ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ သန႔္ရွင္းသာယာလွပေရးတို႔အတြက္ လိုအပ္သည္မ်ား လမ္းၫႊန္မွာၾကားစဥ္ အထက္ပါကဲ့သို႔ေျပၾကားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မႏၲေလးတိုင္းအေနျဖင့္ ဆီထြက္သီးႏွံအဓိကထြက္ရွိၿပီး အထြက္ႏႈန္းမ်ား တိုးျမႇင့္ရရွိေရး အေလးထားေဆာင္႐ြက္သြားရန္လိုေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
ထို႔ျပင္ ျပည္တြင္းကုန္ထုတ္လုပ္မႈကို အားေပးေဆာင္႐ြက္ၿပီး တိုင္းျပည္စီးပြားေရးေကာင္းမွသာ ဝယ္လိုအားႏွင့္ ေရာင္းလိုအားမ်ား ေကာင္းလာမည္ ျဖစ္ၿပီး လည္ပတ္ရင္းႏွီးေငြမ်ားျပားျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးႏိုင္ျခင္း အက်ိဳးေက်းဇူးမ်ားကို ရရွိႏိုင္မည္ျဖစ္ေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။

တိုင္းေဒသႀကီးအတြင္း အဓိကျဖစ္ထြန္းေအာင္ျမင္သည့္ ဆီထြက္သီးႏွံႏွင့္ ပဲသီးႏွံတို႔ကို ယခုထက္မည္ကဲ့သို႔ ေကာင္းမြန္ေအာင္ေဆာင္ ႐ြက္သြားမည္ကို ေကာ္မတီဖြဲ႕စည္း၍ စနစ္တက်ျဖင့္ ေဆာင္႐ြက္သြားရန္လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
စက္မႈဇုန္မ်ား၌ MSME လုပ္ငန္းမ်ားကိုလည္း အားေပးေဆာင္႐ြက္သြားရန္လိုေၾကာင္း ႏွင့္ MSME လုပ္ငန္းမ်ားကို အားေပးေဆာင္႐ြက္ခဲ့လို႔သာလွ်င္ ႏိုင္ငံေတာ္၏စီးပြားေရးသည္ အေပါင္းလကၡဏာဘက္သို႔ ျပန္လည္ေရာက္ရွိခဲ့ျခင္းျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
MSME လုပ္ငန္းမ်ားသည္ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ား၏ အသက္ပင္ျဖစ္သည့္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးထုတ္ကုန္မ်ားကို အေျခခံသည့္အရည္အေသြးျပည့္မီသည့္ ေဈးကြက္ဝင္ MSME ထုတ္ကုန္မ်ားကို တိုးျမႇင့္ထုတ္လုပ္သြားရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။
မႏၲေလးတိုင္းေဒသႀကီးအေနျဖင့္ အစိုးရအဖြဲ႕၏ ႀကိဳးပမ္းအားထုတ္မႈ၊ ေဒသခံမ်ား၏ စည္းကမ္းစနစ္တက်ရွိမႈႏွင့္ အလုပ္လုပ္ကိုင္လို စိတ္ရွိမႈတို႔ေၾကာင့္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားစြာကို ျမင္ေတြ႕ရသျဖင့္ ဝမ္းေျမာက္အသိအမွတ္ျပဳေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ထည့္သြင္းေျပာၾကားခဲ့သည္။
ယခုကဲ့သို႔ ေကာင္းမြန္သည့္ အခ်က္အလက္မ်ားကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္၍ ေနာင္တက္လာမည့္အစိုးရကို ေကာင္းမြန္စြာ လက္ဆင့္ကမ္းႏိုင္ရမည္ျဖစ္ေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ဆိုသည္။

Related news

© 2021. All rights reserved.