အီရန်က သဘောတူညီချက်တစ်ခုပြုလုပ်လိုနေတယ်လို့ ဒေါ်နယ်ထရမ့်ပြော

 100

Pika (NP News) - ဖေဖော်ဝါရီ ၁

စစ်ရေးလှုပ်ရှားမှုတွေကို ရှောင်ရှားဖို့အတွက် သဘောတူညီချက်တစ်ခုပြုလုပ်ဖို့ အီရန်က ဆန္ဒရှိနေတယ်ဆိုတာ ယုံကြည်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အီရန်အနီးမှာရှိနေတဲ့ အမေရိကန်ရေတပ်အင်အားစုက ဗင်နီဇွဲလားအနီးမှာ ဖြန့်ကျက်ချထားခဲ့ဖူးတဲ့ရေတပ်အင်အားစုထက် ပိုကြီးတယ် လို့ ဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုပြောဆိုချက်တွေ ထပ်မံထွက်ပေါ် လာတာဖြစ်ပါတယ်။
ဒေါ်နယ်ထရမ့်က “ကျွန်တော်တို့မှာ ကြီးမားတဲ့ ရေတပ်အင်အားစုကြီးရှိပါတယ်။ အခု အဲဒီအင်အားစုကြီးက အီရန်ကို ဦးတည်နေပါတယ်။ ဒီရေတပ်အင်အားစုက ဗင်နီဇွဲလားအနီးမှာ ဖြန့်ကျက်ချထားခဲ့တာထက်စာရင် အများကြီး ပိုကြီးပါတယ်။ အီရန်နဲ့ကျွန်တော်တို့ကြားမှာ သဘောတူညီချက်တစ်ခုပြုလုပ်နိုင်မယ်လို့ ထင်ပါတယ်။ သဘောတူညီချက်တစ်ခု မလုပ်နိုင်ခဲ့ဘူးဆိုရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့စောင့်ကြည့် သွားရမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် အီရန်ရဲ့နျူကလီးယားအစီအစဉ်၊ပဲ့ထိန်းဒုံးကျည်တွေ၊ အခြားကိစ္စရပ်တွေနဲ့ပတ်သက်ပြီး သဘောတူညီချက် တစ်ခုလုပ်ဖို့ နောက်ဆုံးရက်ပေးထားသလားဆိုတဲ့မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့ လည်း သိရပါတယ်။ ဒေါ်နယ်ထရမ့်က “ဟုတ်ပါတယ်။ ကျွန်တော်သူတို့ကို နောက်ဆုံးရက်ပေးထားပါတယ်။ အဲဒါ ကို သူတို့လည်း သေချာသိပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
အီရန္က သေဘာတူညီခ်က္တစ္ခုျပဳလုပ္လိုေနတယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၁
စစ္ေရးလႈပ္ရွားမႈေတြကို ေရွာင္ရွားဖို႔အတြက္ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ဖို႔ အီရန္က ဆႏၵရွိေနတယ္ဆိုတာ ယုံၾကည္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အီရန္အနီးမွာရွိေနတဲ့ အေမရိကန္ေရတပ္အင္အားစုက ဗင္နီဇြဲလားအနီးမွာ ျဖန႔္က်က္ခ်ထားခဲ့ဖူးတဲ့ေရတပ္အင္အားစုထက္ ပိုႀကီးတယ္ လို႔ ေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထပ္မံထြက္ေပၚ လာတာျဖစ္ပါတယ္။
ေဒၚနယ္ထရမ့္က “ကြၽန္ေတာ္တို႔မွာ ႀကီးမားတဲ့ ေရတပ္အင္အားစုႀကီးရွိပါတယ္။ အခု အဲဒီအင္အားစုႀကီးက အီရန္ကို ဦးတည္ေနပါတယ္။ ဒီေရတပ္အင္အားစုက ဗင္နီဇြဲလားအနီးမွာ ျဖန႔္က်က္ခ်ထားခဲ့တာထက္စာရင္ အမ်ားႀကီး ပိုႀကီးပါတယ္။ အီရန္နဲ႔ကြၽန္ေတာ္တို႔ၾကားမွာ သေဘာတူညီခ်က္တစ္ခုျပဳလုပ္ႏိုင္မယ္လို႔ ထင္ပါတယ္။ သေဘာတူညီခ်က္တစ္ခု မလုပ္ႏိုင္ခဲ့ဘူးဆိုရင္ေတာ့ ဘာေတြျဖစ္လာမလဲဆိုတာကို ကြၽန္ေတာ္တို႔ေစာင့္ၾကည့္ သြားရမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ အီရန္ရဲ႕န်ဴကလီးယားအစီအစဥ္၊ပဲ့ထိန္းဒုံးက်ည္ေတြ၊ အျခားကိစၥရပ္ေတြနဲ႔ပတ္သက္ၿပီး သေဘာတူညီခ်က္ တစ္ခုလုပ္ဖို႔ ေနာက္ဆုံးရက္ေပးထားသလားဆိုတဲ့ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔ လည္း သိရပါတယ္။ ေဒၚနယ္ထရမ့္က “ဟုတ္ပါတယ္။ ကြၽန္ေတာ္သူတို႔ကို ေနာက္ဆုံးရက္ေပးထားပါတယ္။ အဲဒါ ကို သူတို႔လည္း ေသခ်ာသိပါတယ္” လို႔ ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.