သမိုင်းဝင်ဂုတ်ထိပ်တံတားကို လေ့လာကြည့်ရှုနိုင်သည့် Sight Seeing ရထားကို မောင်းနှင်သည့်နေ့မှ ခရီးသည်ပေါင်း (၂၀၀၀)ကျော် စီးနင်းခဲ့

121

စော (NP News) - ဖေဖော်ဝါရီ ၁
ပြည်တွင်းမှခရီးသွားများ၊ နိုင်ငံခြားသားခရီးသွားများအတွက် သမိုင်းဝင်ဂုတ်ထိပ်တံတားကို လေ့လာကြည့်ရှုနိုင်ရန် နှင့် လမ်းခရီးရှိ ရေမြေတောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန် ဂုတ်ထိပ် (၁) ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ် (၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရှုခင်းကြည့် Sight Seeing ရထားခရီးစဉ်ကို မောင်းနှင်သည့်နေ့ (ဒီဇင်ဘာ ၁၉ ရက်) မှ ဇန်နဝါရီ ၃ဝ ရက်အထိ ခရီးသည်ပေါင်း (၂ဝဝဝ)ကျော် စီးနင်းခဲ့ကြောင်း မြန်မာ့မီးရထားမှ သိရသည်။
အဆိုပါရထားစဉ်ကို ဇန်နဝါရီ(၃ဝ)ရက်အထိ ပုံမှန်ရထားခရီးစဉ် (၁၃) ခေါက်ပြေဆွဲပေးခဲ့ရာ ခရီးသည် (၆၂၁) ဦး၊ Package ဖြင့် စင်းလုံးငှားရမ်းမှုတွင် လူ (၂၄) ဦး လိုက်ပါစီးနင်းနိုင်သည့် RBE အထက်တန်းတွဲဖြင့် ခရီးစဉ်ရှစ်ကြိမ် ပြေးဆွဲခဲ့ပြီး လူ(၄၀) လိုက်ပါစီးနင်းနိုင်သည့် RBE ရိုးရိုးတန်းတွဲဖြင့် ခရီးစဉ် ခြောက်ကြိမ် ပြေးဆွဲခဲ့သည့်အတွက် စုစုပေါင်း ခရီးသည် (၄၃၂) ဦး စီးနင်းခဲ့ကြောင်း သိရသည်။
ထို့ပြင် စင်းလုံးငှားရထားဖြင့် ပြေးဆွဲမှုအနေဖြင့် ဇန်နဝါရီ ၁၂ ရက် နှင့် ၁၆ ရက်တို့တွင် ပြင်ဦးလွင်မြို့ရှိ Snow Queen ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူဦးရေ (၅၄၀) ၊ ဇန်နဝါရီ ၂၈ ရက်တွင် ရိုးရိုးတန်းငါးတွဲဖြင့် ပြင်ဦးလွင်မြို့ ရှိ မေမြို့ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူဦးရေ(၃၀၀) နှင့် ဇန်နဝါရီ ၂၉ ရက်တွင် ရိုးရိုးတန်းလေးတွဲနှင့် အထက်တန်း နှစ်တွဲဖြင့် ပြင်ဦးလွင်မြို့အနီးစခန်းရှိ ပညာရွှေရောင်ကိုယ်ပိုင်အထက်တန်းကျောင်းမှ လူဦးရေ(၃၀၀) တို့ကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ကြောင့် စတင်ပြေးဆွဲခဲ့သည့်အချိန်မှ ဇန်နဝါရီ ၃ဝ ရက်အထိ ခရီးသည်စုစုပေါင်း (၂၁၉၃) ဦး လိုက်ပါ စီးနင်းခဲ့ ကြောင်း သိရသည်။
ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် (၄၀) လိုက်ပါစီးနင်းနိုင်ပြီး ဂုတ်ထိပ် (၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် (၈) နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ မွန်းလွဲ(၁၁) နာရီခွဲ တွင် ရောက်ရှိ ရပ်နားကြောင်း သိရသည်။
ထို့ပြင် ဂုတ်ထိပ် (၂) RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ (၁၂) နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင် ဘူတာသို့ ညနေ (၄) နာရီအချိန်တွင် ပြန်လည်ရောက်ရှိကာ လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချို ဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ဂုတ်ထိပ်ဘူတာမှ ဂုတ်ထိပ်တံတားပေါ် ဖြတ်သန်းပြီး ရှုခင်းကြည့်နေရာအထိ (၂၀)ဦး လိုက်ပါ စီးနင်းနိုင် သည့် RGC ရထားအားတစ်ဦးလျှင် ၅၀၀၀ ကျပ်နှုန်းဖြင့် ပြေးဆွဲပေးလျက်ရှိရာ ဇန်နဝါရီ (၃၀)ရက်အထိ (လူ ၄၀၀) လိုက်ပါစီးနင်းခဲ့ကြောင်း သိရသည်။
ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊အပြန် ခရီးစဉ်အတွက် အပတ်စဉ် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ ပုံမှန်ပြေးဆွဲ ပေးလျက်ရှိပြီး ခရီး သွားကုမ္ပဏီများ (Tour Company)၊ ခရီးသွားအေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ သီးခြားရက်များတွင်ငှားရမ်းလိုပါက RBE ရထား (တစ်စင်းလုံး) (၂၄) ဦး လိုက်ပါ စီးနင်းနိုင်သည့် အထက်တန်းတွဲဖြင့် အသွား၊အပြန်ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း ဖော်ပြချက်အရ သိသည်။
ထို့ပြင် ခရီးသည် (၁၅၀) နှင့်အထက် စီးနင်းနိုင်ရန် ရထားကြီးဖြင့် ထိုင်ခုံ (၃၀) ပါ အထက်တန်းတွဲ၊ ထိုင်ခုံ (၆၀) ပါ ရိုးရိုးတန်းတွဲ နှင့် ဘရိတ်တွဲတို့ဖြင့် ချိတ်ဆက်၍ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်အပြင် ဇီးပင်ကြီး၊ အနီးစခန်း နှင့် သုံးတောင်ဘူတာတို့မှ လိုက်ပါစီးနင်းလိုပါကလည်း ပြေးဆွဲပေးမည်ဖြစ်ရာ ပြင်ဦးလွင်-ဂုတ်ထိပ် - ပြင်ဦးလွင် အသွား၊အပြန် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် (၁၅၀၀၀) နှင့် အထက်တန်းတစ်ဦးလျှင် ငွေကျပ် (၃၀၀၀၀) ကျသင့်မည်ဖြစ်ပြီး အနီးစခန်း ဘူတာမှ စတင်ပြေးဆွဲပေးခဲ့မှုအတွက် ရိုးရိုးတန်းတစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀) နှင့် အထက်တန်းတစ်ဦးလျှင် ငွေကျပ် (၃၅၀၀၀) ကောက်ခံပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
သမိုင္းဝင္ဂုတ္ထိပ္တံတားကို ေလ့လာၾကည့္ရႈႏိုင္သည့္ Sight Seeing ရထားကို ေမာင္းႏွင္သည့္ေန႔မွ ခရီးသည္ေပါင္း (၂၀၀၀)ေက်ာ္ စီးနင္းခဲ့
ေစာ (NP News) - ေဖေဖာ္ဝါရီ ၁
ျပည္တြင္းမွခရီးသြားမ်ား၊ ႏိုင္ငံျခားသားခရီးသြားမ်ားအတြက္ သမိုင္းဝင္ဂုတ္ထိပ္တံတားကို ေလ့လာၾကည့္ရႈႏိုင္ရန္ ႏွင့္ လမ္းခရီးရွိ ေရေျမေတာေတာင္သဘာဝရႈခင္းမ်ား ေလ့လာၾကည့္ရႈႏိုင္ရန္ ဂုတ္ထိပ္ (၁) ျပင္ဦးလြင္-ဂုတ္ထိပ္၊ ဂုတ္ထိပ္ (၂) ဂုတ္ထိပ္-ျပင္ဦးလြင္ ရႈခင္းၾကည့္ Sight Seeing ရထားခရီးစဥ္ကို ေမာင္းႏွင္သည့္ေန႔ (ဒီဇင္ဘာ ၁၉ ရက္) မွ ဇန္နဝါရီ ၃ဝ ရက္အထိ ခရီးသည္ေပါင္း (၂ဝဝဝ)ေက်ာ္ စီးနင္းခဲ့ေၾကာင္း ျမန္မာ့မီးရထားမွ သိရသည္။
အဆိုပါရထားစဥ္ကို ဇန္နဝါရီ(၃ဝ)ရက္အထိ ပုံမွန္ရထားခရီးစဥ္ (၁၃) ေခါက္ေျပဆြဲေပးခဲ့ရာ ခရီးသည္ (၆၂၁) ဦး၊ Package ျဖင့္ စင္းလုံးငွားရမ္းမႈတြင္ လူ (၂၄) ဦး လိုက္ပါစီးနင္းႏိုင္သည့္ RBE အထက္တန္းတြဲျဖင့္ ခရီးစဥ္ရွစ္ႀကိမ္ ေျပးဆြဲခဲ့ၿပီး လူ(၄၀) လိုက္ပါစီးနင္းႏိုင္သည့္ RBE ႐ိုး႐ိုးတန္းတြဲျဖင့္ ခရီးစဥ္ ေျခာက္ႀကိမ္ ေျပးဆြဲခဲ့သည့္အတြက္ စုစုေပါင္း ခရီးသည္ (၄၃၂) ဦး စီးနင္းခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ စင္းလုံးငွားရထားျဖင့္ ေျပးဆြဲမႈအေနျဖင့္ ဇန္နဝါရီ ၁၂ ရက္ ႏွင့္ ၁၆ ရက္တို႔တြင္ ျပင္ဦးလြင္ၿမိဳ႕ရွိ Snow Queen ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ လူဦးေရ (၅၄၀) ၊ ဇန္နဝါရီ ၂၈ ရက္တြင္ ႐ိုး႐ိုးတန္းငါးတြဲျဖင့္ ျပင္ဦးလြင္ၿမိဳ႕ ရွိ ေမၿမိဳ႕ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ လူဦးေရ(၃၀၀) ႏွင့္ ဇန္နဝါရီ ၂၉ ရက္တြင္ ႐ိုး႐ိုးတန္းေလးတြဲႏွင့္ အထက္တန္း ႏွစ္တြဲျဖင့္ ျပင္ဦးလြင္ၿမိဳ႕အနီးစခန္းရွိ ပညာေ႐ႊေရာင္ကိုယ္ပိုင္အထက္တန္းေက်ာင္းမွ လူဦးေရ(၃၀၀) တို႔ကို ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ စတင္ေျပးဆြဲခဲ့သည့္အခ်ိန္မွ ဇန္နဝါရီ ၃ဝ ရက္အထိ ခရီးသည္စုစုေပါင္း (၂၁၉၃) ဦး လိုက္ပါ စီးနင္းခဲ့ ေၾကာင္း သိရသည္။
ျပင္ဦးလြင္-ဂုတ္ထိပ္၊ ဂုတ္ထိပ္-ျပင္ဦးလြင္ RBE ရထားခရီးစဥ္တြင္ ခရီးသည္ (၄၀) လိုက္ပါစီးနင္းႏိုင္ၿပီး ဂုတ္ထိပ္ (၁) RBE ရထားသည္ ျပင္ဦးလြင္ဘူတာမွ နံနက္ (၈) နာရီတြင္ ထြက္ခြာ၍ ဂုတ္ထိပ္ဘူတာသို႔ မြန္းလြဲ(၁၁) နာရီခြဲ တြင္ ေရာက္ရွိ ရပ္နားေၾကာင္း သိရသည္။
ထို႔ျပင္ ဂုတ္ထိပ္ (၂) RBE ရထားသည္ ဂုတ္ထိပ္ဘူတာမွ မြန္းလြဲ (၁၂) နာရီခြဲတြင္ ျပန္လည္ထြက္ခြာ၍ ျပင္ဦးလြင္ ဘူတာသို႔ ညေန (၄) နာရီအခ်ိန္တြင္ ျပန္လည္ေရာက္ရွိကာ လမ္းခရီးတြင္ ပြဲေကာက္၊ ဝက္ဝံ၊ ဆမ္ဆယ္၊ ေနာင္ခ်ိဳ ဘူတာတို႔တြင္ ရပ္တန႔္ေပးမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ဂုတ္ထိပ္ဘူတာမွ ဂုတ္ထိပ္တံတားေပၚ ျဖတ္သန္းၿပီး ရႈခင္းၾကည့္ေနရာအထိ (၂၀)ဦး လိုက္ပါ စီးနင္းႏိုင္ သည့္ RGC ရထားအားတစ္ဦးလွ်င္ ၅၀၀၀ က်ပ္ႏႈန္းျဖင့္ ေျပးဆြဲေပးလ်က္ရွိရာ ဇန္နဝါရီ (၃၀)ရက္အထိ (လူ ၄၀၀) လိုက္ပါစီးနင္းခဲ့ေၾကာင္း သိရသည္။
ျပင္ဦးလြင္-ဂုတ္ထိပ္ အသြား၊အျပန္ ခရီးစဥ္အတြက္ အပတ္စဥ္ စေန၊ တနဂၤေႏြ ႐ုံးပိတ္ရက္မ်ား၌ ပုံမွန္ေျပးဆြဲ ေပးလ်က္ရွိၿပီး ခရီး သြားကုမၸဏီမ်ား (Tour Company)၊ ခရီးသြားေအဂ်င္စီမ်ား၊ Private School စသည့္ ဝန္ေဆာင္မႈလုပ္ငန္းမ်ားမွ သီးျခားရက္မ်ားတြင္ငွားရမ္းလိုပါက RBE ရထား (တစ္စင္းလုံး) (၂၄) ဦး လိုက္ပါ စီးနင္းႏိုင္သည့္ အထက္တန္းတြဲျဖင့္ အသြား၊အျပန္ခရီးစဥ္အတြက္ တစ္ဦးလွ်င္ ေငြက်ပ္ (၃၀၀၀၀) ႏႈန္းျဖင့္ စုစုေပါင္း က်ပ္ခုနစ္သိန္း ႏွစ္ေသာင္းက်သင့္မည္ျဖစ္ေၾကာင္း ေဖာ္ျပခ်က္အရ သိသည္။
ထို႔ျပင္ ခရီးသည္ (၁၅၀) ႏွင့္အထက္ စီးနင္းႏိုင္ရန္ ရထားႀကီးျဖင့္ ထိုင္ခုံ (၃၀) ပါ အထက္တန္းတြဲ၊ ထိုင္ခုံ (၆၀) ပါ ႐ိုး႐ိုးတန္းတြဲ ႏွင့္ ဘရိတ္တြဲတို႔ျဖင့္ ခ်ိတ္ဆက္၍ ျပင္ဦးလြင္-ဂုတ္ထိပ္-ျပင္ဦးလြင္ ခရီးစဥ္အျပင္ ဇီးပင္ႀကီး၊ အနီးစခန္း ႏွင့္ သုံးေတာင္ဘူတာတို႔မွ လိုက္ပါစီးနင္းလိုပါကလည္း ေျပးဆြဲေပးမည္ျဖစ္ရာ ျပင္ဦးလြင္-ဂုတ္ထိပ္ - ျပင္ဦးလြင္ အသြား၊အျပန္ ႐ိုး႐ိုးတန္းတစ္ဦးလွ်င္ ေငြက်ပ္ (၁၅၀၀၀) ႏွင့္ အထက္တန္းတစ္ဦးလွ်င္ ေငြက်ပ္ (၃၀၀၀၀) က်သင့္မည္ျဖစ္ၿပီး အနီးစခန္း ဘူတာမွ စတင္ေျပးဆြဲေပးခဲ့မႈအတြက္ ႐ိုး႐ိုးတန္းတစ္ဦးလွ်င္ ေငြက်ပ္ (၂၀၀၀၀) ႏွင့္ အထက္တန္းတစ္ဦးလွ်င္ ေငြက်ပ္ (၃၅၀၀၀) ေကာက္ခံေျပးဆြဲေပးခဲ့ေၾကာင္း သိရသည္။