အမေရိကန်ရေနံကုမ္ပဏီတွေက ဗင်နီဇွဲလားကို ဝင်ရောက်အခြေစိုက်သွားမယ်လို့ ဒေါ်နယ်ထရမ့်ပြော

 93

Pika (NP News) - ဖေဖော်ဝါရီ ၂

အမေရိကန်ရေနံကုမ္ပဏီတွေက ဗင်နီဇွဲလားနိုင်ငံကို ဝင်ရောက်အခြေစိုက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
စွမ်းအင်ကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များပြားလာအောင် ဗင်နီဇွဲလားနိုင်ငံက ကြိုးပမ်းနေတဲ့အချိန်မှာပဲ ဒေါ်နယ်ထရမ့်ရဲ့ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဗင်နီဇွဲလားနိုင်ငံမှာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ဗင်နီဇွဲလားရဲ့ရေနံကို အပြည့်အဝဝင်ရောက်ခွင့်ပေးဖို့အတွက် ဒေါ်နယ်ထရမ့်က ဆက်တိုက်တောင်းဆိုနေခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့ပြင် အမေရိကန်အစိုးရအဖွဲ့က ရေနံကိစ္စတွေနဲ့ပတ်သက်ပြီး ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီရိုဒရီဂွက်ဇ်နဲ့ ဆက်ဆံရေးတွေကို အကောင်းဆုံးထိန်းသိမ်းထားတယ်လို့လည်း ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်က “ရေနံကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့အကောင်းဆုံး လုပ်ဆောင်နေပါတယ်။ အမေရိကန်ရဲ့ အဓိက ရေနံကုမ္ပဏီတွေက ဗင်နီဇွဲလားနိုင်ငံတွင်းကိုဝင်ရောက်ပြီး အခြေစိုက်ဖို့ လုပ်ဆောင်နေကြပါတယ်” လို့ ပြောခဲ့ပါတယ်။
တရားဝင်လိုင်စင်တွေအရ အမေရိကန်ရေနံကုမ္ပဏီတွေက ဗင်နီဇွဲလားနိုင်ငံတွင်းမှာ အခြေစိုက်ခဲ့မယ်ဆိုရင် ဗင်နီဇွဲလားရဲ့ရေနံကိုထုတ်ယူတာ၊တင်ပို့တာ၊ရောင်းချတာ၊ထောက်ပံ့တာ၊သိုလှောင်တာ၊သယ်ယူပို့ဆောင်တာတို့ကို လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အေမရိကန္ေရနံကုမၸဏီေတြက ဗင္နီဇြဲလားကို ဝင္ေရာက္အေျခစိုက္သြားမယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂
အေမရိကန္ေရနံကုမၸဏီေတြက ဗင္နီဇြဲလားႏိုင္ငံကို ဝင္ေရာက္အေျခစိုက္သြားမယ္လို႔ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
စြမ္းအင္က႑မွာ ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြ မ်ားျပားလာေအာင္ ဗင္နီဇြဲလားႏိုင္ငံက ႀကိဳးပမ္းေနတဲ့အခ်ိန္မွာပဲ ေဒၚနယ္ထရမ့္ရဲ႕ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ ဗင္နီဇြဲလားႏိုင္ငံမွာ ေခါင္းေဆာင္ပိုင္း အေျပာင္းအလဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္းတည္းက ဗင္နီဇြဲလားရဲ႕ေရနံကို အျပည့္အဝဝင္ေရာက္ခြင့္ေပးဖို႔အတြက္ ေဒၚနယ္ထရမ့္က ဆက္တိုက္ေတာင္းဆိုေနခဲ့တာလည္းျဖစ္ပါတယ္။
ဒါ့ျပင္ အေမရိကန္အစိုးရအဖြဲ႕က ေရနံကိစၥေတြနဲ႔ပတ္သက္ၿပီး ဗင္နီဇြဲလားယာယီသမၼတ ဒယ္လ္စီ႐ိုဒရီဂြက္ဇ္နဲ႔ ဆက္ဆံေရးေတြကို အေကာင္းဆုံးထိန္းသိမ္းထားတယ္လို႔လည္း ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ေဒၚနယ္ထရမ့္က “ေရနံကိစၥနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ္တို႔အေကာင္းဆုံး လုပ္ေဆာင္ေနပါတယ္။ အေမရိကန္ရဲ႕ အဓိက ေရနံကုမၸဏီေတြက ဗင္နီဇြဲလားႏိုင္ငံတြင္းကိုဝင္ေရာက္ၿပီး အေျခစိုက္ဖို႔ လုပ္ေဆာင္ေနၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
တရားဝင္လိုင္စင္ေတြအရ အေမရိကန္ေရနံကုမၸဏီေတြက ဗင္နီဇြဲလားႏိုင္ငံတြင္းမွာ အေျခစိုက္ခဲ့မယ္ဆိုရင္ ဗင္နီဇြဲလားရဲ႕ေရနံကိုထုတ္ယူတာ၊တင္ပို႔တာ၊ေရာင္းခ်တာ၊ေထာက္ပံ့တာ၊သိုေလွာင္တာ၊သယ္ယူပို႔ေဆာင္တာတို႔ကို လုပ္ေဆာင္ႏိုင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.