မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုး

 814

Pearl (NP News)- ဖေဖော်ဝါရီ ၃

မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရန် လက်မှတ်ရေးထိုးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအား ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Mr. Vasilii Sergeevich Osmakov က ယမန်နေ့ (ဖေဖော်ဝါရီ ၂ ရက်)က ပြည်‌ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ ဂါရဝပြုလာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီး ဌာနများအကြား ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားနိုင်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် တပ်မတော်နှစ်ရပ်အကြား စစ်ဘက်နည်းပညာ၊ သင်တန်းနှင့် လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကိုလည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ-ရုရှားနှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနများအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို နှစ်နိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်အောင်မျိုးသန့်နှင့် Mr. Vasilii Sergeevich Osmakovတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနမ်ားအၾကား စစ္ဘက္ဆိုင္ရာပူးေပါင္းေဆာင္႐ြက္ရန္ လက္မွတ္ေရးထိုး
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနမ်ားအၾကား စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ရန္ လက္မွတ္ေရးထိုးခဲ့ေၾကာင္း ကာကြယ္ေရးဝန္ႀကီးဌာန၏ အခ်က္အလက္မ်ားအရ သိရသည္။
ကာကြယ္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအးအား ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီး Mr. Vasilii Sergeevich Osmakov က ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂ ရက္)က ျပည္‌ေထာင္စုဝန္ႀကီး႐ုံးဧည့္ခန္းမ၌ ဂါရဝျပဳလာေရာက္ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေတြ႕ဆုံစဥ္ ႏွစ္ႏိုင္ငံကာကြယ္ေရးဝန္ႀကီး ဌာနမ်ားအၾကား ကာကြယ္ေရးဆိုင္ရာပူးေပါင္းေဆာင္႐ြက္မႈမ်ား ဆက္လက္တိုးျမႇင့္ေဆာင္႐ြက္သြားႏိုင္မည့္အေျခအေနမ်ားကို ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တပ္မေတာ္ႏွစ္ရပ္အၾကား စစ္ဘက္နည္းပညာ၊ သင္တန္းႏွင့္ ေလ့က်င့္ေရးဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈကိစၥရပ္မ်ားကိုလည္း အျမင္ခ်င္းဖလွယ္ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ျမန္မာ-႐ုရွားႏွစ္ႏိုင္ငံ ကာကြယ္ေရးဝန္ႀကီးဌာနမ်ားအၾကား စစ္ဘက္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအစီအစဥ္ကို ႏွစ္ႏိုင္ငံ ဒုတိယကာကြယ္ေရးဝန္ႀကီးမ်ားျဖစ္ၾကသည့္ ဗိုလ္ခ်ဳပ္ေအာင္မ်ိဳးသန႔္ႏွင့္ Mr. Vasilii Sergeevich Osmakovတို႔က လက္မွတ္ေရးထိုးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.