စံသတ်မှတ်ချက်နှင့်မကိုက်သည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) ကို သီလဝါ၌ ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာ နိုင်ငံသို့ပြန်လည်စေလွှတ်ခဲ့

259

Pearl (NP News) - ဖေဖော်ဝါရီ ၃
သီလဝါ ဆိပ်ကမ်းရှိ Apex Terminal သို့ Tanker ဖြင့် ရောက်ရှိလာသည့် ရိုးရိုးဒီဇယ် ဆီ (HSD 500 PPM) သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း ဝန်ကြီးဋ္ဌာနက အသိပေးထုတ်ပြန်ထားသည်။
ပြည်တွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန် အတွက် စက်သုံးဆီများကို ပြည်ပမှဝယ်ယူ တင်သွင်းနေရလျက်ရှိရာ တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးနှင့် အခြင်အတွယ်ပြည့်မီရေး၊ ပြည်သူများ တည်ငြိမ်စွာဖြင့် ဝယ်ယူသုံးစွဲနိုင်ဈေးနှုန်းရေး၊ ရေနံထွက်ပစ္စည်းဖြည့်ဆည်းမှု ကွင်းဆက် (Supply Chain) အဆင်ပြေ ချောမွေ့မှုရှိစေရေးတို့အတွက် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ကြပ်မတ်ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည် ။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ပြီးခဲ့သည့် ဇန်နဝါရီ (၂၆) ရက်တွင် သီလဝါ ဆိပ်ကမ်းရှိ Apex Terminal သို့ Tanker ဖြင့် ရောက်ရှိလာသည့် ရိုးရိုးဒီဇယ်ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ်ခွဲခန်းတွင် အရည်အသွေး စမ်းသပ်စစ်ဆေးခဲ့ရာ စမ်းသပ်မှုရလဒ်အရ အဆိုပါတင်ဆောင်လာသည့် ရိုးရိုးဒီဇယ် ဆီ (HSD 500 PPM) သည် စံသတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသည့်အတွက် သုံးစွဲသူပြည်သူများ နစ်နာမှုမရှိစေရေး ဆီချခွင့်မပြုဘဲ မူလတင်ပို့ရာနိုင်ငံသို့ ပြန်လည်စေလွှတ်ခဲ့သည်။
စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် အများပြည်သူများ အသုံးပြုလျက် ရှိသည့် စက်သုံးဆီများ၏ အရည် အသွေးနှင့် အခြင်အတွယ်ပြည့်မီ မှန်ကန်မှုရှိစေရေးအတွက် စိစစ် ထိန်းကျောင်း ကြပ်မတ်ခြင်း များကို ဆောင်ရွက်လျက်ရှိသည့် အပြင် ပြည်ပမှ တင်သွင်းခြင်း နှင့် ပြည်တွင်းတွင် ထုတ်လုပ် ၍ ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိသော စက်ဆီ ချောဆီများ၏ အရည်အသွေး ကိုက်ညီမှန်ကန်မှုရှိစေရေးတို့ကို လည်း ထိန်းကျောင်းကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။
ထို့ပြင် စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပ မှ စက်သုံးဆီတင်သွင်းနေရမှုများ ကို လျှော့ချနိုင်ရန်နှင့် ပြည်တွင်းတွင် ကိုယ်တိုင်ချက်လုပ်သုံးစွဲ နိုင်ရန်အတွက် ရေနံချက်စက်ရုံ စီမံကိန်းများကို အပိုင်းလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
စံသတ္မွတ္ခ်က္ႏွင့္မကိုက္သည့္ ႐ိုး႐ိုးဒီဇယ္ဆီ (HSD 500 PPM) ကို သီလဝါ၌ ဆီခ်ခြင့္မျပဳဘဲ မူလတင္ပို႔ရာ ႏိုင္ငံသို႔ျပန္လည္ေစလႊတ္ခဲ့
Pearl (NP News) - ေဖေဖာ္ဝါရီ ၃
သီလဝါ ဆိပ္ကမ္းရွိ Apex Terminal သို႔ Tanker ျဖင့္ ေရာက္ရွိလာသည့္ ႐ိုး႐ိုးဒီဇယ္ ဆီ (HSD 500 PPM) သည္ စံသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈမရွိသည့္အတြက္ ဆီခ်ခြင့္မျပဳဘဲ မူလတင္ပို႔ရာႏိုင္ငံသို႔ ျပန္လည္ေစလႊတ္ခဲ့ေၾကာင္း ဝန္ႀကီး႒ာနက အသိေပးထုတ္ျပန္ထားသည္။
ျပည္တြင္း လိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ရန္ အတြက္ စက္သုံးဆီမ်ားကို ျပည္ပမွဝယ္ယူ တင္သြင္းေနရလ်က္ရွိရာ တင္သြင္းလာသည့္ စက္သုံးဆီမ်ား အရည္အေသြးႏွင့္ အျခင္အတြယ္ျပည့္မီေရး၊ ျပည္သူမ်ား တည္ၿငိမ္စြာျဖင့္ ဝယ္ယူသုံးစြဲႏိုင္ေဈးႏႈန္းေရး၊ ေရနံထြက္ပစၥည္းျဖည့္ဆည္းမႈ ကြင္းဆက္ (Supply Chain) အဆင္ေျပ ေခ်ာေမြ႕မႈရွိေစေရးတို႔အတြက္ စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ ၾကပ္မတ္ေဆာင္ ႐ြက္လ်က္ရွိေၾကာင္းလည္း သိရသည္ ။
ထိုသို႔ေဆာင္႐ြက္လ်က္ရွိရာ ၿပီးခဲ့သည့္ ဇန္နဝါရီ (၂၆) ရက္တြင္ သီလဝါ ဆိပ္ကမ္းရွိ Apex Terminal သို႔ Tanker ျဖင့္ ေရာက္ရွိလာသည့္ ႐ိုး႐ိုးဒီဇယ္ဆီ (HSD 500 PPM) အား နမူနာရယူ၍ ဓာတ္ခြဲခန္းတြင္ အရည္အေသြး စမ္းသပ္စစ္ေဆးခဲ့ရာ စမ္းသပ္မႈရလဒ္အရ အဆိုပါတင္ေဆာင္လာသည့္ ႐ိုး႐ိုးဒီဇယ္ ဆီ (HSD 500 PPM) သည္ စံသတ္မွတ္ခ်က္ႏွင့္ ကိုက္ညီမႈမရွိသည့္အတြက္ သုံးစြဲသူျပည္သူမ်ား နစ္နာမႈမရွိေစေရး ဆီခ်ခြင့္မျပဳဘဲ မူလတင္ပို႔ရာႏိုင္ငံသို႔ ျပန္လည္ေစလႊတ္ခဲ့သည္။
စြမ္းအင္ဝန္ႀကီးဌာနအေနျဖင့္ အမ်ားျပည္သူမ်ား အသုံးျပဳလ်က္ ရွိသည့္ စက္သုံးဆီမ်ား၏ အရည္ အေသြးႏွင့္ အျခင္အတြယ္ျပည့္မီ မွန္ကန္မႈရွိေစေရးအတြက္ စိစစ္ ထိန္းေက်ာင္း ၾကပ္မတ္ျခင္း မ်ားကို ေဆာင္႐ြက္လ်က္ရွိသည့္ အျပင္ ျပည္ပမွ တင္သြင္းျခင္း ႏွင့္ ျပည္တြင္းတြင္ ထုတ္လုပ္ ၍ ေဈးကြက္အတြင္း ျဖန႔္ျဖဴး ေရာင္းခ်လ်က္ရွိေသာ စက္ဆီ ေခ်ာဆီမ်ား၏ အရည္အေသြး ကိုက္ညီမွန္ကန္မႈရွိေစေရးတို႔ကို လည္း ထိန္းေက်ာင္းၾကပ္မတ္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္းသိရသည္။
ထို႔ျပင္ စြမ္းအင္ဝန္ႀကီးဌာနသည္ ျပည္ပ မွ စက္သုံးဆီတင္သြင္းေနရမႈမ်ား ကို ေလွ်ာ့ခ်ႏိုင္ရန္ႏွင့္ ျပည္တြင္းတြင္ ကိုယ္တိုင္ခ်က္လုပ္သုံးစြဲ ႏိုင္ရန္အတြက္ ေရနံခ်က္စက္႐ုံ စီမံကိန္းမ်ားကို အပိုင္းလိုက္ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။