အမေရိကန်နှင့်တင်းမာမှုများရှိနေချိန်တွင် အီရန်က စစ်ဘက်သုံးဒရုန်းအစင်းရေ (၁၀ဝဝ) ကျော် တပ်တော်ဝင်ခဲ့

113

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၃
အရှေ့အလယ်ပိုင်းဒေသတွင်း ပထဝီနိုင်ငံရေး တင်းမာမှုများရှိနေချိန်တွင် အီရန်နိုင်ငံသည် ၎င်း ၏စစ်ဘက် ဆိုင်ရာ အဆင်သင့်ရှိမှုကို ပြသသည့်အနေဖြင့် မဟာဗျူဟာမြောက် မောင်းသူမဲ့လေယာဉ် ဒရုန်းအစင်းရေ (၁၀ဝဝ) ကျော်ကို ဇန်နဝါရီ (၃၀) ရက်တွင် တပ်တော်ဝင်အခမ်းအနားဖြင့် လွှဲပြောင်းလက်ခံလိုက်ကြောင်းသိရသည်။
အီရန်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ၏တိုက်ရိုက်အမိန့်ဖြင့် ပြုလုပ်သော အဆိုပါ စစ်လက်နက် ဖြည့် တင်းမှုတွင် တာဝေးပစ် တိုက်ခိုက်ရေးဒရုန်းများ၊ ထောက်လှမ်းရေးဒရုန်းများနှင့် အသေခံဒရုန်းများ ပါဝင်ပြီး နိုင်ငံတစ် ဝန်းရှိ အဓိကတပ်မကြီး (၄) ခုထံသို့ ဖြန့်ခွဲချထားလိုက်ပြီဖြစ်သည်။ ထုတ်ပြန်လိုက်သောပုံရိပ်များအရ အဆိုပါ ဒရုန်းများသည် အီရန်၏ပြည်တွင်းဖြစ်နည်းပညာများအပေါ် အခြေခံထားပြီး Shahed အမျိုးအစားနှင့် Arash စီးရီးကဲ့ သို့သော မြန်နှုန်းမြင့်ပျံသန်းနိုင်သည့် တြိဂံပုံစံ (Del ta-wing) ဒီဇိုင်းများကိုတွေ့မြင်ရကြောင်း သတင်း များထွက်ပေါ် နေသည်။
စစ်ရေးကျွမ်းကျင်သူများ၏အဆိုအရ အဆိုပါဒရုန်းများသည် ရန်သူ့ပစ်မှတ်ကို ကီလိုမီတာ ရာချီအကွာမှ တိကျစွာရှာဖွေဖျက်ဆီးနိုင်စွမ်းရှိခြင်း၊ ရေဒါထောက်လှမ်းရခက်ခဲစေရန် တည်ဆောက် ထားပြီး ရန်သူ့လေကြောင်းရန် ကာကွယ်ရေးစနစ် များကို ထိုးဖောက်ဝင်ရောက်နိုင်ခြင်း၊ ရန်သူ့ဆက် သွယ်ရေးစနစ်များကို နှောင့်ယှက်ဖြတ်တောက်နိုင် မည့်နည်းပညာများ တပ်ဆင်ထားခြင်း စသည့်စွမ်း ရည်များ ပိုင်ဆိုင်ထားကြောင်းသိရသည်။
အဆိုပါ အကြီးစား လက်နက်ဖြည့်တင်းမှု သည် ပြင်ပရန်စွယ်များ၊ အထူးသဖြင့် အစ္စရေးနှင့် အမေရိကန်တို့၏ စစ်ရေးဖိအားများကိုတုံ့ပြန်ရန် ရည်ရွယ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက ရှုမြင်ကြသည်။ အီရန်သည် ၎င်း၏ ‘မညီမျှသော စစ်ဆင်ရေးဗျူဟာတွင် ဒရုန်းများကို အဓိကကျသော လက်နက်အဖြစ် အသုံးချလာပြီး ကုန်ကျစရိတ် သက် သာစွာဖြင့် ရန်သူ့တပ်ဖွဲ့များကို ကြီးမားသော ထိခိုက် မှုပေးနိုင်စွမ်းရှိနေကြောင်း သက်သေပြလိုက်ခြင်း လည်းဖြစ်သည်။ ယခုအခမ်းအနားသည် အီရန်နိုင်ငံအနေဖြင့် နိုင်ငံတကာပိတ်ဆို့မှုများ (Sanctions) ကြားမှ ပြည်တွင်း စစ်လက်နက်ထု တ်လုပ်ရေးကဏ္ဍကို မည်မျှအထိ အောင်မြင်စွာ တည်ဆောက်ထားနိုင် ကြောင်း အဆိုပါဒရုန်းအသစ်များသည် အီရန်၏ နယ်စပ်လုံခြုံရေးကိုသာမက ပါရှန်ပင်လယ်ကွေ့နှင့် ဟောမုဇ်ရေလက်ကြား (Strait of Hormuz) တစ် လျှောက် စောင့်ကြည့်ထောက်လှမ်းမှုများကိုပါ ပိုမို တင်းကြပ်လာစေမည်ဖြစ်သည်။
အီရန်သည် အမေရိကန်နိုင်ငံနှင့် စစ်ရေးတင်းမာမှုများရှိနေချိန်တွင် ဟောမုဇ်ရေလက်ကြား တွင် ကျည်အစစ်ဖြင့် ပြုလုပ်သော စစ်ရေးလေ့ကျင့် ခန်းများကို ဖေဖော်ဝါရီ (၁) ရက်နှင့် (၂) ရက်တွင် လုပ်ဆောင်မည်ဖြစ် ကြောင်းသိရသည်။ အီရန် ကာကွယ်ရေးဦးစီးချုပ်က “ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ တိုက်ပွဲအတွက်မဟာဗျူဟာ မြောက် အားသာ ချက်များကိုထိန်းသိမ်းပြီးမြှင့်တင်ကာ ကျူးကျော်သူ ကို ပြင်းထန်တဲ့ တုံ့ပြန်မှုကို ပြုလုပ်မယ်။ ဒရုန်းများ ဟာ ဖျက်ဆီးရေး၊ ထိုးစစ်ဆင်ရေး၊ ထောက်လှမ်းရေးနဲ့ အီလက်ထရွန်နစ် စစ်ပွဲအမျိုးအစားတွေအပေါ် မူတည်ပြီး ဒီဇိုင်းထုတ်ထားသလို ကုန်း၊ ရေနဲ့ လေ ကြောင်းနယ်ပယ်များတစ်လျှောက် ပုံသေနဲ့ ရွေ့လျား နိုင်သောပစ်မှတ်များကို ပစ်မှတ်ထားနိုင်တယ်’ဟု ပြောသည်။

Zawgyi Version;
အေမရိကန္ႏွင့္တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အီရန္က စစ္ဘက္သုံးဒ႐ုန္းအစင္းေရ (၁၀ဝဝ) ေက်ာ္ တပ္ေတာ္ဝင္ခဲ့
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၃
အေရွ႕အလယ္ပိုင္းေဒသတြင္း ပထဝီႏိုင္ငံေရး တင္းမာမႈမ်ားရွိေနခ်ိန္တြင္ အီရန္ႏိုင္ငံသည္ ၎ ၏စစ္ဘက္ ဆိုင္ရာ အဆင္သင့္ရွိမႈကို ျပသသည့္အေနျဖင့္ မဟာဗ်ဴဟာေျမာက္ ေမာင္းသူမဲ့ေလယာဥ္ ဒ႐ုန္းအစင္းေရ (၁၀ဝဝ) ေက်ာ္ကို ဇန္နဝါရီ (၃၀) ရက္တြင္ တပ္ေတာ္ဝင္အခမ္းအနားျဖင့္ လႊဲေျပာင္းလက္ခံလိုက္ေၾကာင္းသိရသည္။
အီရန္တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ၏တိုက္႐ိုက္အမိန႔္ျဖင့္ ျပဳလုပ္ေသာ အဆိုပါ စစ္လက္နက္ ျဖည့္ တင္းမႈတြင္ တာေဝးပစ္ တိုက္ခိုက္ေရးဒ႐ုန္းမ်ား၊ ေထာက္လွမ္းေရးဒ႐ုန္းမ်ားႏွင့္ အေသခံဒ႐ုန္းမ်ား ပါဝင္ၿပီး ႏိုင္ငံတစ္ ဝန္းရွိ အဓိကတပ္မႀကီး (၄) ခုထံသို႔ ျဖန႔္ခြဲခ်ထားလိုက္ၿပီျဖစ္သည္။ ထုတ္ျပန္လိုက္ေသာပုံရိပ္မ်ားအရ အဆိုပါ ဒ႐ုန္းမ်ားသည္ အီရန္၏ျပည္တြင္းျဖစ္နည္းပညာမ်ားအေပၚ အေျခခံထားၿပီး Shahed အမ်ိဳးအစားႏွင့္ Arash စီးရီးကဲ့ သို႔ေသာ ျမန္ႏႈန္းျမင့္ပ်ံသန္းႏိုင္သည့္ ႀတိဂံပုံစံ (Del ta-wing) ဒီဇိုင္းမ်ားကိုေတြ႕ျမင္ရေၾကာင္း သတင္း မ်ားထြက္ေပၚ ေနသည္။
စစ္ေရးကြၽမ္းက်င္သူမ်ား၏အဆိုအရ အဆိုပါဒ႐ုန္းမ်ားသည္ ရန္သူ႔ပစ္မွတ္ကို ကီလိုမီတာ ရာခ်ီအကြာမွ တိက်စြာရွာေဖြဖ်က္ဆီးႏိုင္စြမ္းရွိျခင္း၊ ေရဒါေထာက္လွမ္းရခက္ခဲေစရန္ တည္ေဆာက္ ထားၿပီး ရန္သူ႔ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ မ်ားကို ထိုးေဖာက္ဝင္ေရာက္ႏိုင္ျခင္း၊ ရန္သူ႔ဆက္ သြယ္ေရးစနစ္မ်ားကို ေႏွာင့္ယွက္ျဖတ္ေတာက္ႏိုင္ မည့္နည္းပညာမ်ား တပ္ဆင္ထားျခင္း စသည့္စြမ္း ရည္မ်ား ပိုင္ဆိုင္ထားေၾကာင္းသိရသည္။
အဆိုပါ အႀကီးစား လက္နက္ျဖည့္တင္းမႈ သည္ ျပင္ပရန္စြယ္မ်ား၊ အထူးသျဖင့္ အစၥေရးႏွင့္ အေမရိကန္တို႔၏ စစ္ေရးဖိအားမ်ားကိုတုံ႔ျပန္ရန္ ရည္႐ြယ္ေၾကာင္း ႏိုင္ငံေရးေလ့လာသုံးသပ္သူမ်ားက ရႈျမင္ၾကသည္။ အီရန္သည္ ၎၏ ‘မညီမွ်ေသာ စစ္ဆင္ေရးဗ်ဴဟာတြင္ ဒ႐ုန္းမ်ားကို အဓိကက်ေသာ လက္နက္အျဖစ္ အသုံးခ်လာၿပီး ကုန္က်စရိတ္ သက္ သာစြာျဖင့္ ရန္သူ႔တပ္ဖြဲ႕မ်ားကို ႀကီးမားေသာ ထိခိုက္ မႈေပးႏိုင္စြမ္းရွိေနေၾကာင္း သက္ေသျပလိုက္ျခင္း လည္းျဖစ္သည္။ ယခုအခမ္းအနားသည္ အီရန္ႏိုင္ငံအေနျဖင့္ ႏိုင္ငံတကာပိတ္ဆို႔မႈမ်ား (Sanctions) ၾကားမွ ျပည္တြင္း စစ္လက္နက္ထု တ္လုပ္ေရးက႑ကို မည္မွ်အထိ ေအာင္ျမင္စြာ တည္ေဆာက္ထားႏိုင္ ေၾကာင္း အဆိုပါဒ႐ုန္းအသစ္မ်ားသည္ အီရန္၏ နယ္စပ္လုံၿခဳံေရးကိုသာမက ပါရွန္ပင္လယ္ေကြ႕ႏွင့္ ေဟာမုဇ္ေရလက္ၾကား (Strait of Hormuz) တစ္ ေလွ်ာက္ ေစာင့္ၾကည့္ေထာက္လွမ္းမႈမ်ားကိုပါ ပိုမို တင္းၾကပ္လာေစမည္ျဖစ္သည္။
အီရန္သည္ အေမရိကန္ႏိုင္ငံႏွင့္ စစ္ေရးတင္းမာမႈမ်ားရွိေနခ်ိန္တြင္ ေဟာမုဇ္ေရလက္ၾကား တြင္ က်ည္အစစ္ျဖင့္ ျပဳလုပ္ေသာ စစ္ေရးေလ့က်င့္ ခန္းမ်ားကို ေဖေဖာ္ဝါရီ (၁) ရက္ႏွင့္ (၂) ရက္တြင္ လုပ္ေဆာင္မည္ျဖစ္ ေၾကာင္းသိရသည္။ အီရန္ ကာကြယ္ေရးဦးစီးခ်ဳပ္က “ၿခိမ္းေျခာက္မႈေတြ ရွိေနခ်ိန္မွာ တိုက္ပြဲအတြက္မဟာဗ်ဴဟာ ေျမာက္ အားသာ ခ်က္မ်ားကိုထိန္းသိမ္းၿပီးျမႇင့္တင္ကာ က်ဴးေက်ာ္သူ ကို ျပင္းထန္တဲ့ တုံ႔ျပန္မႈကို ျပဳလုပ္မယ္။ ဒ႐ုန္းမ်ား ဟာ ဖ်က္ဆီးေရး၊ ထိုးစစ္ဆင္ေရး၊ ေထာက္လွမ္းေရးနဲ႔ အီလက္ထ႐ြန္နစ္ စစ္ပြဲအမ်ိဳးအစားေတြအေပၚ မူတည္ၿပီး ဒီဇိုင္းထုတ္ထားသလို ကုန္း၊ ေရနဲ႔ ေလ ေၾကာင္းနယ္ပယ္မ်ားတစ္ေလွ်ာက္ ပုံေသနဲ႔ ေ႐ြ႕လ်ား ႏိုင္ေသာပစ္မွတ္မ်ားကို ပစ္မွတ္ထားႏိုင္တယ္’ဟု ေျပာသည္။