တရုတ်နှင့် စာချုပ်များချုပ်ဆိုခြင်းက ဗြိတိန်အတွက် အလွန်အန္တရာယ်ရှိလာနိုင်ဟု အမေရိကန်သမ္မတ သတိပေး

102

Pika (NP News) - ဖေဖော်ဝါရီ ၃
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဗြိတိန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး စာချုပ်များ ချုပ်ဆိုခြင်းသည် အလွန်အန္တရာယ်ရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာသည် ဗြိတိန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်စေရန်အတွက် တရုတ်နိုင်ငံသို့ သုံးရက်ကြာ ချစ်ကြည် ရေးခရီးသွားရောက် ခဲ့ပြီးတရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ တရုတ်နှင့် ဗြိတိန်နိုင်ငံ ကြားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းများ တိုးမြှင့်လုပ် ကိုင်နိုင်ရန်အတွက်သဘောတူညီချက်များရရှိခဲ့ ကြောင်း သိရသည်။ အမေရိကန်သမ္မတက ‘ကျွန်တော်တို့ဟာ တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ဗြိတိန် ဝန်ကြီးချုပ်ရဲ့ ခရီးစဉ်နဲ့ ခရီးစဉ်ရည်ရွယ်ချက်တွေကို ဂရုစိုက်သတိပြုမိပါတယ်။ တရုတ်နိုင်ငံနဲ့ သဘောတူညီမှုများရယူနိုင်ခဲ့တာဟာ ဗြိတိန်နိုင်ငံ အတွက် အလွန်အန္တရာယ်ရှိပါတယ်’ဟုပြောသည်။ အမေရိကန်သမ္မတသည် ဗြိတိန်နှင့်တရုတ်နိုင်ငံကြား စေ့စပ် ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး အသေးစိတ်ထုတ် ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိကြောင်းသိရသည်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာသည် တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဗြိတိန်နှင့်တရုတ်နိုင်ငံကြား ဆက်ဆံရေးသည် ကောင်းမွန်သော အနေအထား တွင်ရှိနေကြောင်းပြောဆိုခဲ့သည်။ ဗြိတိန်ဝန်ကြီးချုပ်က ‘တရုတ်သမ္မတနဲ့ တွေ့ဆုံ ဆွေးနွေးမှုက အလွန်ကောင်းမွန်တဲ့ တွေ့ဆုံဆွေးနွေးမှုဖြစ်ခဲ့ပါ တယ်။ ကျွန်တော်တို့ မျှော်လင့်ထားသလို စေ့စပ်ဆွေး နွေးမှုအများကြီးလုပ်နိုင်ခဲ့တယ်}ဟုပြောသည်။ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၏ခရီးစဉ်သည် (၂၀၁၈) ခုနှစ် နောက်ပိုင်း တွင် ဗြိတိန်ဝန်ကြီးချုပ် တစ်ဦး၏ ပထမဆုံးသော တရုတ်နိုင်ငံခရီးစဉ်ဖြစ်ခဲ့ကြောင်း သိရသည်။ ခရီးစဉ်မတိုင်မီ ရက်ပိုင်းအလိုတွင် ဗြိတိန်အစိုးရသည် လန်ဒန်မြို့လယ်ရှိ သမိုင်းဝင် Royal Mint မြေနေရာဟောင်းတွင် တရုတ်သံရုံး အသစ်ကြီး တည်ဆောက်ခွင့်ကို အတည်ပြုပေးခဲ့သည်။ လုံခြုံရေးအရ စိုးရိမ်ရသည်ဟူသော အကြောင်းပြချက်ဖြင့် ယခင်ကပိတ်ပင်ထားခဲ့သော် လည်း ယခုအချိန်မှ ရုတ်တရက် ခွင့်ပြုလိုက်ခြင်းသည် တရုတ်အစိုးရအား မျက်နှာလို မျက်နှာရ လုပ်ဆောင်ခြင်းဖြစ်သည်ဟုဝေဖန်သူများက ထောက်ပြနေကြ သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဥရောပမဟာမိတ်များအပေါ် ကုန်သွယ်ရေး အကောက်ခွန်များ တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ထား သလို မကြာသေးမီက ဂရင်းလန်းကျွန်းနှင့် ပတ်သက်ပြီး ဗြိတိန်နိုင်ငံအပါအဝင် ဥရောပခေါင်း ဆောင်များနှင့် သဘောထား ကွဲလွဲမှုများရှိနေခဲ့ရာ ဗြိတိန်နှင့် အမေရိကန်နိုင်ငံကြား ဆက်ဆံရေးအေး စက်ခဲ့သည်ဟုသိရသည်။

Zawgyi Version;
တ႐ုတ္ႏွင့္ စာခ်ဳပ္မ်ားခ်ဳပ္ဆိုျခင္းက ၿဗိတိန္အတြက္ အလြန္အႏၲရာယ္ရွိလာႏိုင္ဟု အေမရိကန္သမၼတ သတိေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၃
အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿဗိတိန္ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ကုန္သြယ္ေရး စာခ်ဳပ္မ်ား ခ်ဳပ္ဆိုျခင္းသည္ အလြန္အႏၲရာယ္ရွိေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာသည္ ၿဗိတိန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးျပန္လည္ေကာင္းမြန္ေစရန္အတြက္ တ႐ုတ္ႏိုင္ငံသို႔ သုံးရက္ၾကာ ခ်စ္ၾကည္ ေရးခရီးသြားေရာက္ ခဲ့ၿပီးတ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏွင့္ ၿဗိတိန္ႏိုင္ငံ ၾကားတြင္ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ စီးပြားေရးလုပ္ငန္းမ်ား တိုးျမႇင့္လုပ္ ကိုင္ႏိုင္ရန္အတြက္သေဘာတူညီခ်က္မ်ားရရွိခဲ့ ေၾကာင္း သိရသည္။ အေမရိကန္သမၼတက ‘ကြၽန္ေတာ္တို႔ဟာ တ႐ုတ္ႏိုင္ငံကို သြားေရာက္ခဲ့တဲ့ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ရဲ႕ ခရီးစဥ္နဲ႔ ခရီးစဥ္ရည္႐ြယ္ခ်က္ေတြကို ဂ႐ုစိုက္သတိျပဳမိပါတယ္။ တ႐ုတ္ႏိုင္ငံနဲ႔ သေဘာတူညီမႈမ်ားရယူႏိုင္ခဲ့တာဟာ ၿဗိတိန္ႏိုင္ငံ အတြက္ အလြန္အႏၲရာယ္ရွိပါတယ္’ဟုေျပာသည္။ အေမရိကန္သမၼတသည္ ၿဗိတိန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ေစ့စပ္ ေဆြးေႏြးမႈမ်ားႏွင့္ပတ္သက္ၿပီး အေသးစိတ္ထုတ္ ေဖာ္ေျပာဆိုခဲ့ျခင္းမ်ိဳးမရွိေၾကာင္းသိရသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာသည္ တ႐ုတ္သမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ ၿဗိတိန္ႏွင့္တ႐ုတ္ႏိုင္ငံၾကား ဆက္ဆံေရးသည္ ေကာင္းမြန္ေသာ အေနအထား တြင္ရွိေနေၾကာင္းေျပာဆိုခဲ့သည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္က ‘တ႐ုတ္သမၼတနဲ႔ ေတြ႕ဆုံ ေဆြးေႏြးမႈက အလြန္ေကာင္းမြန္တဲ့ ေတြ႕ဆုံေဆြးေႏြးမႈျဖစ္ခဲ့ပါ တယ္။ ကြၽန္ေတာ္တို႔ ေမွ်ာ္လင့္ထားသလို ေစ့စပ္ေဆြး ေႏြးမႈအမ်ားႀကီးလုပ္ႏိုင္ခဲ့တယ္}ဟုေျပာသည္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ စတာမာ၏ခရီးစဥ္သည္ (၂၀၁၈) ခုႏွစ္ ေနာက္ပိုင္း တြင္ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ တစ္ဦး၏ ပထမဆုံးေသာ တ႐ုတ္ႏိုင္ငံခရီးစဥ္ျဖစ္ခဲ့ေၾကာင္း သိရသည္။ ခရီးစဥ္မတိုင္မီ ရက္ပိုင္းအလိုတြင္ ၿဗိတိန္အစိုးရသည္ လန္ဒန္ၿမိဳ႕လယ္ရွိ သမိုင္းဝင္ Royal Mint ေျမေနရာေဟာင္းတြင္ တ႐ုတ္သံ႐ုံး အသစ္ႀကီး တည္ေဆာက္ခြင့္ကို အတည္ျပဳေပးခဲ့သည္။ လုံၿခဳံေရးအရ စိုးရိမ္ရသည္ဟူေသာ အေၾကာင္းျပခ်က္ျဖင့္ ယခင္ကပိတ္ပင္ထားခဲ့ေသာ္ လည္း ယခုအခ်ိန္မွ ႐ုတ္တရက္ ခြင့္ျပဳလိုက္ျခင္းသည္ တ႐ုတ္အစိုးရအား မ်က္ႏွာလို မ်က္ႏွာရ လုပ္ေဆာင္ျခင္းျဖစ္သည္ဟုေဝဖန္သူမ်ားက ေထာက္ျပေနၾက သည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ဥေရာပမဟာမိတ္မ်ားအေပၚ ကုန္သြယ္ေရး အေကာက္ခြန္မ်ား တိုးျမႇင့္ေကာက္ခံမည္ဟု ၿခိမ္းေျခာက္ထား သလို မၾကာေသးမီက ဂရင္းလန္းကြၽန္းႏွင့္ ပတ္သက္ၿပီး ၿဗိတိန္ႏိုင္ငံအပါအဝင္ ဥေရာပေခါင္း ေဆာင္မ်ားႏွင့္ သေဘာထား ကြဲလြဲမႈမ်ားရွိေနခဲ့ရာ ၿဗိတိန္ႏွင့္ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးေအး စက္ခဲ့သည္ဟုသိရသည္။