ကမ္ဘာလုံးဆိုင်ရာပဋိပက္ခကို ရုရှားက မလိုချင်ဘူးလို့ ရုရှားလုံခြုံရေးကောင်စီဒုဥက္ကဋ္ဌပြော

119

Pika (NP News) - ဖေဖော်ဝါရီ ၃
ကမ္ဘာကြီးက အရမ်းအန္တရာယ်များတဲ့နေရာတစ်ခုဖြစ်လာနေပြီး ရုရှားက ကမ္ဘာလုံးဆိုင်ရာပဋိပက္ခထဲကို ဆွဲခေါ်ခံရ မှာမျိုးကို မလိုလားဘူးလို့ ရုရှားလုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌ ဒီမစ်ထရီမက်ဗီဒက်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
ဒီမစ်ထရီမက်ဗီဒက်က “လက်ရှိအခြေအနေတွေက အလွန်ကို အန္တရာယ်များပါတယ်။ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခကို ကျွန်တော်တို့ လုံးဝစိတ်မဝင်စားပါဘူး။ ဒီလိုရူးသွပ်တဲ့ဟာထဲမှာ ကျွန်တော်တို့မပါဘူးဆိုတာကို အကြိမ်ရေ(၁)ရာ လောက်ပြောပြီးပါပြီ” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ကမ္ဘာလုံးဆိုင်ရာပဋိပက္ခက ဘယ်တော့မှဖြစ်မလာနိုင်ဘူးဆိုပြီး အခိုင်အမာပြောဆိုထားလို့လည်း မရဘူးလို့ ဒီမစ်ထရီမက်ဗီဒက်က ထပ်မံပြောကြားခဲ့ပါတယ်။
ဒီမစ်ထရီမက်ဗီဒက်က “ကံမကောင်းစွာနဲ့ပဲ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခဆိုတာက ဖြစ်ပွားမလာနိုင်ဘူးဆိုပြီး ယုံကြည်နေလို့မရတာပဲဖြစ်ပါတယ်။ ရုရှားကတော့ ကမ္ဘာလုံးဆိုင်ရာပဋိပက္ခထဲကို ဆွဲခေါ်ခံရမှာမျိုးကို လုံးဝ မလိုလားပါဘူး” လို့ ပြောခဲ့ပါတယ်။ လက်ရှိအချိန်မှာ ရုရှားဟာ ယူကရိန်းနဲ့စစ်ပွဲကို ဆက်လက်ဆင်နွှဲလျက်ရှိပြီး စစ်ပွဲဖြစ်ပွားတာ အချိန်(၄)နှစ်နီးပါးရှိလာပေမယ့်လည်း နှစ်ဘက်စလုံးက သိသာထင်ရှားတဲ့သဘောတူညီချက်တွေ ကို ရယူနိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

Zawgyi Version;
ကမာၻလုံးဆိုင္ရာပဋိပကၡကို ႐ုရွားက မလိုခ်င္ဘူးလို႔ ႐ုရွားလုံၿခဳံေရးေကာင္စီဒုဥကၠ႒ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၃
ကမာၻႀကီးက အရမ္းအႏၲရာယ္မ်ားတဲ့ေနရာတစ္ခုျဖစ္လာေနၿပီး ႐ုရွားက ကမာၻလုံးဆိုင္ရာပဋိပကၡထဲကို ဆြဲေခၚခံရ မွာမ်ိဳးကို မလိုလားဘူးလို႔ ႐ုရွားလုံၿခဳံေရးေကာင္စီ ဒုဥကၠ႒ ဒီမစ္ထရီမက္ဗီဒက္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။
ဒီမစ္ထရီမက္ဗီဒက္က “လက္ရွိအေျခအေနေတြက အလြန္ကို အႏၲရာယ္မ်ားပါတယ္။ ကမာၻလုံးဆိုင္ရာပဋိပကၡကို ကြၽန္ေတာ္တို႔ လုံးဝစိတ္မဝင္စားပါဘူး။ ဒီလို႐ူးသြပ္တဲ့ဟာထဲမွာ ကြၽန္ေတာ္တို႔မပါဘူးဆိုတာကို အႀကိမ္ေရ(၁)ရာ ေလာက္ေျပာၿပီးပါၿပီ” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ကမာၻလုံးဆိုင္ရာပဋိပကၡက ဘယ္ေတာ့မွျဖစ္မလာႏိုင္ဘူးဆိုၿပီး အခိုင္အမာေျပာဆိုထားလို႔လည္း မရဘူးလို႔ ဒီမစ္ထရီမက္ဗီဒက္က ထပ္မံေျပာၾကားခဲ့ပါတယ္။
ဒီမစ္ထရီမက္ဗီဒက္က “ကံမေကာင္းစြာနဲ႔ပဲ ကမာၻလုံးဆိုင္ရာပဋိပကၡဆိုတာက ျဖစ္ပြားမလာႏိုင္ဘူးဆိုၿပီး ယုံၾကည္ေနလို႔မရတာပဲျဖစ္ပါတယ္။ ႐ုရွားကေတာ့ ကမာၻလုံးဆိုင္ရာပဋိပကၡထဲကို ဆြဲေခၚခံရမွာမ်ိဳးကို လုံးဝ မလိုလားပါဘူး” လို႔ ေျပာခဲ့ပါတယ္။ လက္ရွိအခ်ိန္မွာ ႐ုရွားဟာ ယူကရိန္းနဲ႔စစ္ပြဲကို ဆက္လက္ဆင္ႏႊဲလ်က္ရွိၿပီး စစ္ပြဲျဖစ္ပြားတာ အခ်ိန္(၄)ႏွစ္နီးပါးရွိလာေပမယ့္လည္း ႏွစ္ဘက္စလုံးက သိသာထင္ရွားတဲ့သေဘာတူညီခ်က္ေတြ ကို ရယူႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။