အစ္စရေးက ရာဖဲလ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ပေး

64

Pika (NP News) - ဖေဖော်ဝါရီ ၃
အစ္စရေးက ဂါဇာကမ်းမြောင်ဒေသနဲ့ အီဂျစ်နိုင်ငံတို့ကြားမှာရှိတဲ့ ရာဖဲလ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို တစ်စိတ် တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရာဖဲလ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ပြန်ဖွင့်ပေးဖို့ အကူအညီ ပေးရေးအဖွဲ့များစွာက လပေါင်းများစွာကြာအောင် တောင်းဆိုမှုတွေလုပ်ဆောင်ခဲ့ပြီးနောက် အစ္စရေးက ယခုလို တစ်စိတ်တစ်ပိုင်း ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပဲဖြစ်ပါတယ်။
လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေတွေ ဆိုးရွားနေဆဲဖြစ်တဲ့ ဂါဇာကမ်းမြောင်ဒေသတွင်းကို ထောက်ပံ့ရေးပစ္စည်းတွေ ဝင်ရောက်နိုင်ဖို့အတွက် ရာဖဲလ်နယ်စပ်ဖြတ်ကျော်ဂိတ်က အဓိကဝင်ပေါက်တစ်ခုအဖြစ် သတ်မှတ်ခံထားရတာဖြစ်တယ်လို့လည်း သိရပါတယ်။
(၂၀၂၄)ခုနှစ်မေလမှာ အစ္စရေးတပ်ဖွဲ့တွေက ရာဖဲလ်နယ်စပ်ဖြတ်ကျော်ဂိတ်ကို ထိန်းချုပ်ထားလိုက်တဲ့အချိန်ကနေ စတင်ပြီး ဂိတ်ကို ပိတ်ထားခဲ့တာဖြစ်ပြီး ယခုတစ်ကြိမ်ဖွင့်လှစ်ပေးမှုက ပထမဆုံးအကြိမ် တရားဝင်ဖွင့်လှစ်ပေးမှု တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ အစ္စရေး-ဟားမက်စစ်ပွဲဖြစ်ပွားလာတာဟာ အချိန်(၂)နှစ်ကျော်အထိ ရှိလာ ပြီဖြစ်ပြီး အစ္စရေးဘက်က ထောင်ဂဏန်းလောက်သာ သေဆုံးမှုတွေရှိထားကာ ဂါဇာဘက်ကတော့ ပါလက်စတိုင်း ပြည်သူ(၇)သောင်းကျော် သေဆုံးထားတယ်လို့ သိရပါတယ်။

Zawgyi Version;
အစၥေရးက ရာဖဲလ္နယ္စပ္ျဖတ္ေက်ာ္ဂိတ္ကို တစ္စိတ္တစ္ပိုင္း ျပန္လည္ဖြင့္လွစ္ေပး
Pika (NP News) - ေဖေဖာ္ဝါရီ ၃
အစၥေရးက ဂါဇာကမ္းေျမာင္ေဒသနဲ႔ အီဂ်စ္ႏိုင္ငံတို႔ၾကားမွာရွိတဲ့ ရာဖဲလ္နယ္စပ္ျဖတ္ေက်ာ္ဂိတ္ကို တစ္စိတ္ တစ္ပိုင္း ျပန္လည္ဖြင့္လွစ္ေပးခဲ့တယ္လို႔ သိရပါတယ္။ ရာဖဲလ္နယ္စပ္ျဖတ္ေက်ာ္ဂိတ္ကို ျပန္ဖြင့္ေပးဖို႔ အကူအညီ ေပးေရးအဖြဲ႕မ်ားစြာက လေပါင္းမ်ားစြာၾကာေအာင္ ေတာင္းဆိုမႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ အစၥေရးက ယခုလို တစ္စိတ္တစ္ပိုင္း ျပန္လည္ဖြင့္လွစ္ေပးခဲ့တာပဲျဖစ္ပါတယ္။
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ အေျခအေနေတြ ဆိုး႐ြားေနဆဲျဖစ္တဲ့ ဂါဇာကမ္းေျမာင္ေဒသတြင္းကို ေထာက္ပံ့ေရးပစၥည္းေတြ ဝင္ေရာက္ႏိုင္ဖို႔အတြက္ ရာဖဲလ္နယ္စပ္ျဖတ္ေက်ာ္ဂိတ္က အဓိကဝင္ေပါက္တစ္ခုအျဖစ္ သတ္မွတ္ခံထားရတာျဖစ္တယ္လို႔လည္း သိရပါတယ္။
(၂၀၂၄)ခုႏွစ္ေမလမွာ အစၥေရးတပ္ဖြဲ႕ေတြက ရာဖဲလ္နယ္စပ္ျဖတ္ေက်ာ္ဂိတ္ကို ထိန္းခ်ဳပ္ထားလိုက္တဲ့အခ်ိန္ကေန စတင္ၿပီး ဂိတ္ကို ပိတ္ထားခဲ့တာျဖစ္ၿပီး ယခုတစ္ႀကိမ္ဖြင့္လွစ္ေပးမႈက ပထမဆုံးအႀကိမ္ တရားဝင္ဖြင့္လွစ္ေပးမႈ တစ္ခုျဖစ္တယ္လို႔လည္း သိရပါတယ္။ အစၥေရး-ဟားမက္စစ္ပြဲျဖစ္ပြားလာတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္အထိ ရွိလာ ၿပီျဖစ္ၿပီး အစၥေရးဘက္က ေထာင္ဂဏန္းေလာက္သာ ေသဆုံးမႈေတြရွိထားကာ ဂါဇာဘက္ကေတာ့ ပါလက္စတိုင္း ျပည္သူ(၇)ေသာင္းေက်ာ္ ေသဆုံးထားတယ္လို႔ သိရပါတယ္။